Tuesday 10 February 2015

ဗယ်လင်တိုင်းစ်ဒေး (သို့)us 3000ကျော်အနမ်းပြိုင်ပွဲ





(ပါဝင်ယှဉ်ပြိုင်သူ ဖီးလစ်ဝါ့ သ် နှင့် အူလိုင်ရက်ခ်အူတာဘွန်း တို့ ပတ္တရားမှာ မှတ်သားစရာ သဲသဲမဲမဲအချစ်အကဲစမ်းနေစဉ်.)..

ဗယ်လင်တိုင်းစ်ဒေး လို့ ခေါ်တဲ့ ချစ်သူများနေ့ မှာ ချစ်သူတွေ ချစ်အနမ်းပေး တာမဆန်းပေမယ် ထိုင်းနိုင်ငံမှစုံတွဲ ၁၄ တွဲကတော့ တစ်မူထူးကာ တစ်ဆင့် 
တိုးလို့ ကမ္ဘာ့ အရှည်ကြာဆုံးအနမ်းစံချိန်တင်နိုင်ဖို့ ကြိုးစားကာ
မရပ်မနားအနမ်းရှည်တွေပေးနေခဲ့ ကြပါတယ်...
ထိုင်းနိုင်ငံပင်လယ်ကမ်းခြေအပန်းဖြေဒေသ ပတ္တယား မှာပြုလုပ်တဲ့ အဆိုပါပွဲမှာ ပါဝင်သူစုံတွဲတွေဟာယခင်နှစ်က ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ့ တဲ့  ၃၂ နာရီကြာကမ္ဘာ့ အရှည်ကြာဆုံးအနမ်းစံချိန်ကိုချိုးဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်...
သွားရေတမြားမြားနဲ့ အခြေအနေတွေ တစ်အားမှားခဲ့ မှာတော့ အသေအချာပါပဲ...

စုံတွဲများကို တစ်မီတာပါတ်လည်နေရာအကျယ်အ၀န်းပေးထားပြီး ထိုနေရာကွက်ကလေးအတွင်းမှာပင် တစ်ချိန်လုံး နှုတ်ခမ်းချင်းတေ့ ကာနမ်းနေရမှာဖြစ်ပြီး ထိုင်ခြင်း၊ အိပ်စက်အနားယူခြင်း သို့ မဟုတ်ထိုနေ
ရာမှစွန့် ခွာထွက်သွားခြင်းမပြုလုပ်နိုင်ပါဘူး...ထိုသို့ ပြုလုပ်ခဲ့ ယင်ပြိုင်ပွဲကနေထွက်ရမှာဖြစ်ပါတယ်...

 အချို့အမျိုးသားတွေဆို ခြေထောက်တွေညောင်းနေလို့ နမ်းနေရင်းနဲ့ကိုယ့်
ခြေထောက်ကိုပြန်ချိုးပေးနေရတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံက ချစ်ကိုကြီးများကတော့ အနမ်းပလ္လင်ပွဲမှာ
အနမ်းဘုရင်ဆုတောင် ရနိုင်တယ်လို့ထင်ပါတယ် ။ ဟိုလေ  . .တိရိစ္ဆာန်ရုံ
တို့ဘာတို့တွေမှာ နမ်းနေကြတာကိုကျွန်တော်မြင်ဖူးလို့ပါ။

( သတ္တိခဲ ) အမျိုးသမီးတစ်ဦးကတော့ ၃၄ မိနစ်လောက်မရပ်မနား နမ်းလိုက်တာသတိလစ်မေ့ မြောသွားခဲ့ ရပါတယ်...တစ်ချို့ စုံတွဲတွေကတော့ နာရီအနည်းငယ်အကြာမှာ လက်မြှောက်အရှုံးပေးလိုက်ကြပါတယ်...
အရှည်ကြာဆုံးအဖြစ် နောက်ဆုံးကျန်ရှိမယ့် စုံတွဲအနေနှင့် တန်ဖိုး ပေါင်စတာလင် ၁၀၀၀ ( ဒေါ်လာ၁၅၀၀ကျော်ခန့် ) ရှိ စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသားဆု ပေါင် ၂၀၀၀ ( ဒေါ်လာ ၃၀၀၀ ကျော်ခန့် ) ရ၇ှိမှာဖြစ်ပါတယ်....

ပါဝင်ယှဉ်ပြိုင်ခဲ့ သည့် အသက် ၃၂ နှဏ်အရွယ် ဖီးလစ်ဝါ့ သ် က" ကျွန်တော်
ကတော့ အပျော်သဘောမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်....
အကြာကြီး အနမ်းပေးနိုင်လိမ့် မယ်လို့ မျှော်လင့် ပါတယ်..." လို့ 
ပြောကြားခဲ့ ပါတယ်...
ပြိုင်ပွဲကို တနင်္ဂနွေနေ့ ည ၁၁နာရီမှာစတင်ခဲ့ ပြီး ချစ်သူများနေ့ တစ်နေ့ တာလုံးဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်...
ဗီဒီယိုထဲတော့ အိမ်သာထဲအထိနှစ်ယောက်တွဲပြီးသွားတဲ့ သူနဲ့ ကြံကြံဖန်ဖန် အခြောက်နှစ်ယောက် ( လိင်တူချစ်သူများ ) လို့ ထင်ရတဲ့ အတွဲတစ်တွဲတောင်ပါလိုက်သေးတယ်ဗျာ...


No comments:

Related Posts Plugin for WordPress, Blogger...