Sunday 22 February 2015

သဒ္ဓါပုံရိပ်



သဒ္ဓါကို ̏ ယုံကြည်ချက်˝ ဟုခပ်လွယ်လွယ်အဓိပ္ပါယ်နားလည်လို့ရပါတယ်။
̏ယုံကြည်ချက်˝ဆိုသော စကားကို ဒီမိုကရေစီခေတ်တွင် မြန်မာပြည်မှာ
နေရာအတော်များများတွင် အသုံးပြုတကိုသတိထားမိသည်။ တကယ်တော့
ယုံကြည်ချက်ဆိုသောစကားသည် ဟိုးသန်းပေါင်းမရေမတွက်နိုင်သောကာလ
ဆီကတည်းက လူသားတို့၏ နှလုံးသားတွင် သန္ဓေတည်ခဲ့ခြင်းဖြစ်သည်ဟု
ပိဋကတ်တွင်ကျွန်တော်လေ့လာမိသည်။
လူတိုင်းလိုလိုလည်း ဒီစကားလေးကို ပါဠိလိုအဖြစ် သိနေတက်ကြပါတယ်။
အဘိဓာန်မှာတော့ ယင်းယုံကြည်ချက်ကို ̏သဒ္ဓါ˝ ဟုဆိုတယ်။ ဘာကိုပဲလုပ်
လုပ် ဘယ်ဘာသာဝင် ဘယ်နိုင်ငံမှာပဲနေနေ ယုံကြည်ချက် သဒ္ဓါပျက်စီးနေ
ပါက အရူးတစ်ယောက်သာဖြစ်နေပါလိမ့်မယ်။
ကိုယ်ရပ်တည်သောနေရာဘ၀အခြေနေတွင် ယုံကြည်ချက်သဒ္ဓါအားကောင်း
လာပါက ကိုယ်လုပ်သောအလုပ်များ ခရီးတွင်သည်။ အောင်မြင်သည်။ ကုသိုလ်
အလုပ်ဖြစ်ဖြစ် အကုသိုလ်အလုပ်ပဲဆိုဆို ယုံကြည်ချက်သဒ္ဓါထက်သူသည်။
မိမိပြုလုပ်သောအကုသိုလ်ကုသိုလ်ကိုကမ္ဘာကျော်အောင်လုပ်နိုင်သွားသည်။
စံနမူနာပြသော်  ..
ဗုဒ္ဓသည် ̏ စိန္တိတံ သတ္တ သေင်္ချေယံ  . .. (လ) ၊ မရေမတွက်နိုင်သော ကမ္ဘာ
အသေင်္ချေများစွာကတည်းက . .
 ̏  ငါနှင့်တကွသတ္တ၀ါတွေဟာ လောကအပူထဲမှာလောင်မြိုက်နေကြတယ် ˝
̏ ဒါကိုသတ္တ၀ါတွေ မသိကြဘူး˝
̏ငါသည်လည်း ဒီလောကအပူထဲကနေရုန်းထွက်မယ်˝
̏ ငါရုန်းထွက်နိုင်သကဲ့သို့ သတ္တ၀ါတွေကိုလည်း ရုန်းထွက်နိုင်အောင်
ငါ လမ်းပြညွှန်ကြားတော်မူမယ်˝
အဲလို  . . ယုံကြည့်ချက်ကို ချခဲ့တယ်။ အဲဒီယုံကြည်ချက်ပြည်မြောက်ဖို့ဘယ်
လောက်ကြာခဲ့သလည်းဆိုရင် ဘ၀အသင်္ချေများစွာသွေးမြေကျခဲ့ရပါတယ်။
လူကွယ်သော ခရီးတော့မဟုတ်ခဲ့ဘူး။
ဒါကုသိုလ်ဘက်က ယုံကြည်ချက် သာဓကနော်  .. ။
အကုသိုလ်ဘက်ကကြည့်ရင်  ..  ဒေ၀ဒတ်ပေါ့။
ဗုဒ္ဓကိုသိရင် ဒေ၀ဒတ်ကိုလည်းသိကြတယ်။ ကျော်ဟိန်းကိုသိရင် လူကြမ်းကြီး
အံ့ကျော်ကိုပါ သိနေကြသလိုပေါ့။ ရုပ်ရှင်ဆိုတာ ဘ၀တွေကိုရိုက်ပြတာဖြစ်သလို
ပိဋကတ်သုံးပုံဆိုတာလည်း ဘ၀ကိုရိုက်ပြထားတာပါပဲ။ ဒါကိုအချို့က စာပေလေ့
လာမှုအားနည်းပါးတော့ ပိဋကတ်သုံးကို နားလည်မှုလွဲနေကြတယ်။ ကျွန်တော်က
တော့ လူမှန်းသိတက်စကတည်းက အဖေ့အိပ်ယာခေါင်းရင်းကအမည်းရောင်ကြီး
ပေါ်မှာ ရွှေမှင်တွေနဲ့ရေးထားတဲ့ သားရေဖုံး ကျမ်းစာအုပ်ကြီးတွေနဲ့ အကျွမ်းဝင်ခဲ့ရ
သူဆိုတော့ ပိဋကတ်သုံးပုံကိုအာဂုံမဆောင်နိုင်သော်လည်း ယင်းပိဋကတ်သုံးပုံတို့
ဖြင့် ယဉ်ပါးခဲ့ရသည်။ အကျွမ်းဝင်ခဲ့ရသည်။ ပိဋကတ်သုံးပုံကို ကျွန်တော်ငယ်စဉ်က
မုန်းစရာကောင်းသောကျမ်းစာအုပ်ကြီးများအဖြစ် မျက်မုန်းကျိုးဖူးပါသေးသည်။
ကျွန်တော်တို့ခေတ်က ̏ ပြာလောင် နဲ့ ပြာဂချောင် ˝ ဆိုသော ရုပ်ပြကာတွန့်များ
ကြီးဆိုးသောခေတ်ဖြစ်သည်။ ကျွန်တော်က ကလေးပီပီထိုစာအုပ်များကိုသာဖတ်
ချင်သည်။ အဖေက ထိုစာအုပ်များငှားဖတ်ပါက လူကိုလုံးဝမရိုက်လက်ဖြားနှင့်
တောင်မထိ ၊သို့သော်  ထိုရုပ်ပြစာအုပ်ကို ဓားဖြင့် ခုတ်ပစ်သည်။ ထိုအခါစာအုပ်
အငှားဆိုင်သို့ အလျှော်ပေးရန်ကျွန်တော့ရဲ့ မုန့်ဖိုးကိုစုရပါတော့သည်။
ထို့ကြောင့် ကျွန်တော်သည် ငယ်စဉ်က ထိုပိဋကတ်စာအုပ်ကြီးများကို ချေးထက်
မုန်းသည်။ ချေးထက်ရွံသည်။ သို့သော်လည်း ကျောင်းပိတ်ရင် ဖတ်စရာအဖြစ်
ထိုစာအုပ်ကြီးများပဲရှိနေလေတော့ ကျွန်တော်သည် ဖတ်ရပြန်တော့သည်။
(550)သည် ကျွန်တော်နှင့်ပထမဦးဆုံးသော မိတ်ဆွေဖြစ်ခဲ့ပါသည်။ ထိုအထဲတွင်
ဇောတိကသူဌေးအကြောင်းသည် ကျွန်တော်သဘောအကျဆုံးဖြစ်သည်။
ကဲ  .. ကျွန်တော့စကားတွေဘေးထွက်ကုန်ခဲ့ပြီ။ ကျွန်တော့အကြောင်းသည်လည်း
ဘ၀မို့ ရုပ်ရှင်ဇာတ်လမ်းကြီးတစ်ခုပေါ့နော် . . ။
ဟုတ်ကဲ့ ။ စာလိုရင်းကိုပြန်စကြရအောင်  .. . ။
သဒ္ဓါဆိုသော ယုံကြည်ချက်သည် ဗုဒ္ဓနှင့်လည်းဆိုင်သလိုဒေ၀ဒတ်နှင့်လည်းဆိုင်ပြန်
သည်။ ဒေ၀ဒတ်သည် ဗုဒ္ဓအပေါ် ယုံကြည်ချက်မှားယွင်းခဲ့သည်။ ထိုအငြိုးအတေးယုံ
ကြည်ချက်သည် ဒေ၀ဒတ်အပေါ် ကြီးစိုးလာခဲ့သည့်အလျှောက် နှစ်ပေါင်းအသင်္ချေ
တိုင်အောင် ဗုဒ္ဓအပေါ် သေကြောင်းကြံစည်ခဲ့ပါသည်။
ထို့ကြောင့် ယုံကြည်ချက် သဒ္ဓါသည် ကမ္ဘာကို ငြိမ်းအေးစေသကဲ့သို့ ယင်းကမ္ဘာကိုပင်
ပူလောင်မြိုက်စေပါသည်။
ယုံကြည်ချက်ကြီးသောအတ္တအကျိုးစီးပွားသမားများ အားကောင်းလာပါက ယင်းနိုင်ငံ
တွင် ငတ်မွတ်စတဲ့အတိဒုက္ခတို့ရောက်လာသည်။ ကမ္ဘာပေါ်ရှိ ယုံကြည်ချက်သဒ္ဓါ
အားကြီးမားသော အတ္တအကျိုးစီးပွားသမားများ အားကောင်းသော နိုင်ငံတွင် ဆင်းရဲ
မွဲတေမှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်ကို သတိထားမိပါသည်။ ထိုအထဲတွင်
မြန်မာနိုင်ငံသည် ရှေ့ဆုံးကဖြစ်သည်။
ထို့ကြောင့် ယုံကြည်ချက်သဒ္ဓါကို အကုသိုလ်ဘက်တွင်အသုံးချသော် သန်းပေါင်းများစွာ
သော သူများ ငတ်မွတ်ခေါင်းပါးခြင်းစသောဘေးကြမ်းအတိဖြင့်ကြုံရသလို . .
ယုံကြည်ချက်သဒ္ဓါကို ကုသိုလ်ဘက်တွင်အသုံးချသော် သန်းပေါင်းများစွာသောကမ္ဘာကြီး
ငြိမ်းအေးချမ်းသာခဲ့ရသည်မဟုတ်ပါလော  .. ။
စကားကြွင်း  . .။
ကျွန်တော်စိတ်ပါရင်ဆက်ရေးပြပါဦးမည်။ အခု ပူးတွဲဓာတ်ပုံလေးကတော့ 4ပေ3ပေဆိုဒ်
ကာလာပန်းချီမူကြမ်းပါ။ ဒီပုံကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ဆွဲတာမဟုတ်ပါဘူး။
ဘုရားနဲ့လှိုင်ဂူတော်ကြီးရဲ့ အလင်းတွေ အရိပ်တွေ မဟာဆန်မှုတွေက ကျွန်တော့ရင်ဘတ်
ကို လာထိတယ်ဗျာ။ ဘယ်လောက်အထိလည်းဆိုရင် ညဘက်အိပ်လို့မရဘူး ။ မျက်လုံးက
အိပ်ချင်နေတယ် ။ စိတ်က အိပ်လို့မရဘူး။ ဒါဟာ အခုပြောတဲ့ ̏ သဒ္ဓါရဲ့ ရိုက်ချက်တွေပေါ့˝
ဗုဒ္ဓနှင့်ဗုဒ္ဓမြတ်စွာရဲ့ ၀ါဒအား ကြည်ညိုသော သဒ္ဓါပြင်းအားကြောင့် အခုလိုဆွဲဖြစ်သွားတာပါ။
ကျွန်တော့်လိုပဲ ကုသိုလ်စိတ်အားပြင်းထန်တယ်ဆိုပါ ကျွန်တော့ရဲ့သဒ္ဓါပုံရိပ်ကို Like ခြင်း
Share ခြင်း ဖြင့် မိတ္တူသာဓုခေါ်ဆိုနိုင်ကြပါတယ်ခင်ဗျား။
အနုပညာဖြင့်သာ အသက်ရှင်သည်
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...