Sunday 15 February 2015

သူဖတ်ဖို့



ရေးလိုက်တိုင်းတော့ ကဗျာမဖြစ်ဘူး။
စုတ်ချက်တိုင်းတော့ အရုပ်မဖြစ်ဘူး။
တီးခပ်လိုက်တိုင်းတော့ သံစဉ်မရဘူး။
ဒါ့ကြောင့်ကောင်မလေးရယ်
မင်းကို comment လှလှလေးတွေပေးတိုင်း
မင်းကို Like တွေအများကြီးလုပ်ပေးတိုင်း
မင်းကို Tag တွေတွဲပေးတိုင်း . . .
ဒီဘဲကြီးငါ့ကိုချစ်နေပြီလို့မထင်ပါနဲ့။
မေတ္တာတရားဆိုတာ
ဟိုးအတွင်းနက်နက် ဟာဒယ၀တ္ထုဆီကလာတာမို့
တကယ်ချစ်နေသူကတော့ . .
ငါပါကွာ။
ချစ်သောအားဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...