Wednesday 18 February 2015

အာရမဏ



ကျွန်တော်တို့ဟာ  . ..
ပွတ်သပ်မှုတွေအတွက်တော့ အချိန်မကုန်သင့်ဘူးနော်။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သက်တမ်းတစ်ခုက
သိပ့်တိုတောင်းလွန်းတယ်  ..  လေ။

ဒီအတွက်  .. .
ဆာလောင်မွတ်သိပ့်မှုတွေကို
အဆင်ပြေသလို အဆင်ပြေတာလေး ဖြေဖြောက်ကြရမယ်။

အာသာဆန္ဒဆိုတာ  . ..
အလှကြိုက်တဲ့ ကောင်မလေးလို ပြင်လို့ပြီးသွားတာမျိုးမှမဟုတ်တာကိုး  .. ။

ကျွန်တော်တော့
အမှောင်ခန်းထဲမှာ ဆက်ပြီး မမိုက်မဲခြင်တော့ဘူး။

ပြီးသွားတဲ့အခါ  . ..
ရင်တွေပူရတယ်လေ  . .. ။

နောက်တစ်ခါဆိုတဲ့ မျှော်လင့်ချက်က
ပင်လယ်ပြင်ကြီးလိုပဲ  . .. ။

သွားတော့နော်  . .  ကောင်မလေး
ဟိုနားက ခေါင်းလောင်းထိုးသံ ငါကြားလိုက်တယ် . ။
တို့  . .
ဘုရားဝတ်ဖြည့်ကြရအောင်  . .။
စကားကြွင်း။
တကယ်တမ်းကျွန်တော်ကြားလိုက်ရသည်မဟုတ်ပါ။ ကျွန်တော့၏
အကြားအာရုံထဲမှာ ထိုခေါင်းလောင်းထိုးသံသီချင်းလေးသည် ဖြတ်သန်း
စီးဆင်းသွားခြင်းမျှသာဖြစ်သည်။
ထိုသံစဉ်အရိပ်နောက်သို့ ကျွန်တော်လိုက်ပါစီးမြောသွားခဲ့လေသည် . .
"ခေါင်းလောင်းထိုးသံ သဲ့သဲ့လေးကြားနေတယ် '' . . ''အို  .. အို''
'ေ'ခါင်းလောင်းထိုးသံ ၊ ဘယ်သူ့အတွက်လည်း  . . .''
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...