Wednesday 18 February 2015

နိယာမတရားကို ရှာဖွေခြင်း (အပိုင်း - ၁ -)



̏ ဒီဘုရားက မီးကွင်းတယ်˝
 ̏ ဒီဘုရားက ရေကွင်းတယ်˝
̏ ဒီဘုရားက လာဘသိဒ္ဓိ˝
̏ ဒီဘုရားက ပိယသိဒ္ဓိ˝
စသည်ဖြင့် ပြောကြတာကို ရပ်ထဲရွာထဲမှတို့တွေ့မြင်ရတယ်။
̏ ဒါ အရူးချီးပန်းစကား . တွေ˝ ပါ။
̏ ဗုဒ္ဓ၀ါဒနှင့် ဖီလာဆန့်ကျင့်သော မိစ္ဆာစကားတွေပါ။˝
စဉ်းစားကြည့်ပါ ၊ သက်ရှိထင်ရှား ဘုရားရှင်၏ခန္ဓာကိုယ်ကြီးတောင်မှ သေချုပ်
ပျက်စီးခဲ့ပါလျက်နဲ့ ၊ ဘုရားကို   . .
̏ မီးကွင်းဘုရား ˝
̏လာဘ်ခေါ်ဘုရား˝
စသည်ဖြင့် ဘရုတ်သုက္ခနာမည်တပ်ပြီးကိုးကွယ်နေမှုတွေဟာ တကယ့်
ဗုဒ္ဓအလိုတော်ကျဝါဒမဟုတ်ပါဘူး။
ဗုဒ္ဓ၀ါဒဟာ ကြောင်းကျိုးဆက်စပ်ရှု့မြင်သုံးသပ်သောဝါဒသာဖြစ်ပါတယ်။
ဟိုလူပြောတာယုံလိုက် ၊ ဒီလူပြောတာယုံလိုက် ၊
မီးကွင်းလိုက် ရေကွင်းလိုက် စတဲ့ ပီယသိဒ္ဓိ ၊ဓနသိဒ္ဓိ ၊ လာဘသိဒ္ဓိစသော
လောကီအလိုက်သော ၀ါဒမဟုတ်ပါဘူး။
လောကီအလိုဟူသည် . . .
မပျက်သော မသေသော မပုတ်သော မဆွေးသောဝါဒဖြစ်သည်။
နိယာမကို ဆန့်ကျင်သောဝါဒဖြစ်သည်။
သေတက်သောပုတ်တက်သော အရာကို မသေစေရဘူး ၊ မပုတ်စေရဘူး ၊
စသည်ဖြင့်အာယုသိဒ္ဓိဆန်ဆန် အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုမှတ်သား
လေ့ကျက်ပွားများသောအလုပ်ဖြစ်သည်။
လောကုတ္တရာအလိုဟူသည် . . . .
သေတက်သော ပုတ်တက်သော ဆွေးမြေ့တက်သောအရာတို့၏ ပကတိအရှိ
တရားကို ပကတိအမှန်တရားအတိုင်း သေခြင်း ပုတ်ခြင်း ဆွေးမြေ့ခြင်းအဖြစ်မှန်
ကိုသိအောင်ကြိုးစားခြင်း၊ သိသော ယင်းအမှန်တရားတို့အား သာယာတပ်မက်
မနှစ်သက်သော အာရုံဖြင့်ပွားများလေ့ကျက်သောအလုပ်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် လောကုတ္တရာအလိုကို ကိုယ်တော်တိုင်ထိုးထွင်းသိမြင်အောင်
အသင်္ချေများစွာကျင့်ခဲ့ရသည်။ နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာပင် ၆ - နှစ်
တာကာလပတ်လုံးအပင်ပန်းဆင်းရဲခံကာ ထိုထိုသော လောကုတ္တရာအလင်းကို
ရှာဖွေခဲ့ရသည်မဟုတ်ပါလော။
ရပြီးနောက် -၄၅-နှစ်တာကာလပတ်လုံး  .. . .
ပီယ၊ဓန၊လာဘ၊မီးကွင်း၊ရေကွင်း၊စတဲ့ ဂလယ်အူကြောင် လောကီအမှောင်ထဲက
လူသားများအား ၊ အပီယ၊ အဓန၊ အလာဘ၊ မီးမကွင်း၊ ရေမကွင်း၊စတဲ့ အနိစ္စ၊
ဒုက္ခ၊အနတ္တဟူသော ပကတိအရှိတရားကိုသာ ညွှန်ကြားလမ်းပြတော်မူသည်။
လူသားတို့လိုလားအပ်သော ဓန၊ပီယ၊လာဘ၊စသည့် သိဒ္ဓိတို့သည် မခိုင်ခံ့
သောသဘော၊ မတည်မြဲသောသဘော၊ အမြဲမပျက်ဖေါက်ပြန်ပျက်စီးနေသော
သဘောတရားတို့သာဖြစ်သည်ဟု သတိပေးဆုံးမတော်မူခဲ့သည်။
ဘယ်အရာမှ ပြီးမြောက်ခြင်းဟူသည်မရှိဟု မိန့်ကြားတော်မူသည်။ ဖြစ်ဖြစ်သမျှ
သောအရတို့သည် ပျက်ခြင်းမှာသာအဆုံးရှိသည်ဟု သတိပေးတော်မူသည်။
ဖြစ်ပေါ်လာသော ဒုက္ခအရာတို့ကိုလည်း ဖြစ်ရကောင်းလားဟု မကျေနပ်စိတ်မမွေး
မြူနှင့်။
မဖြစ်ပေါ်လာသော သုခအရာတို့ကိုလည်း မဖြစ်ရကောင်းလားဒု မကျေနပ်စိတ်မမွေး
မြူနှင့်။
ဖြစ်သည် မဖြစ်သည်ဆိုသော ယင်းသုခ ဒုက္ခတို့သည်ပင် ကွယ်ပချုပ်ငြိမ်းရသော
သင်္ခါရတရားအစုသာဖြစ်သည်ဟု ဆုံးမတော်မူခဲ့လေသည်။
လက်ညောင်း၍ ကျွန်တော်ဒိုးကြီး နိဂုံးချုပ်ရခြေသော်  .. .
ဗုဒ္ဓ၀ါဒတရားသည် သိဒ္ဓိလမ်းမဟုတ် မဟိဒ္ဓိလမ်းမဟုတ်ပါ။ ရှိုန်းဆာယာဖိုလ်မောက်
ကိုယ်ပျောက်သောဝါဒမဟုတ်ပါ။ မီးကွင်းဘုရား၊ ရေကွင်းဘုရား၊ ဓနသိဒ္ဓိဘုရား ၊
လာဘသိဒ္ဓိဘုရား  . . စသော ဂလယ်အူကြောင် ရူးကြောင်မူးကြောင်ရုပ်တုတို့ကို
ကိုးကွယ်ဆည်းကပ်သော ၀ါဒမဟုတ်ပါကြောင်း  . . . .
Feeling လာရင်ဆက်ရေးပေးပါဦးမယ်။
ယခုပြောခဲ့သော စကားများသည် သုတ် ၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်
သုံးပုံကို ထုံးလိုခြေ ရေလိုနှောက် သမုဒ္ဒရာလိုခြောက်ခြားတော်မူနိုင်စွမ်းရှိကြကုန်သော
ပိဋကတ်ဝိဒူကြီးများ၏ ကျမ်းစားများကို ကျွန်တော်ဒိုးကြီး အချိန်ရတိုင်း မွှေနှောက်ရှာ
ဖွေသိမ်းဆည်းတော်မူထားသော အသိဉာဏ်များကို ချရေးလိုက်မိခြင်းသာဖြစ်ပါသည်။
ကြောင်းတိုက်ဆိုင်ပါက ̏နိယမတရား˝၏ definition  ကို ဖွင့်ဆိုရေးပြချင်ပါသေးတယ်။
အခုတော့ ပန်းချီဆွဲခြင်း ၊ဓာတ်ပုံရိုက်ရခြင်း၊ ကွန်ပျူတာနှိုက်ရခြင်း ၊ ၀တ်မှုံရွှေရည်အ
တွက် အချိန်ပေးရခြင်းစသော တဏှာရာဂ အမှိုက်စများကြောင့် မိမိသိထားသော
ဓမ္မအလင်းများကို မဝေငှနှိုင်သေးပါ။
ကြုံတုန်းပြောရပါရင် ပိဋတကတ်သုံးပုံကို ဆဋ္ဌသင်္ဂါယနာတင်တုန်းက ဒိုးကြီးရဲ့အဘိုး
ဆရာတော်ဘုရားကြီးသည် မင်းကွန်းဆရာတော်ဘုရားကြီးနှင့်လက်တွဲကဆောင်ရွက်
တော်မူခဲ့ပါသည်။ ထို ဇ များက photographer ဒိုးကြီးမှာကပ်ညှိတွယ်တာနေသော
ကြောင့် ပိဋကတ်ကိုချစ်သည်။ ဗုဒ္ဓစကားများကို လေးစားမြတ်နိုးသည်။
ထိုကြောင့် အကြောင်းတိုက်ဆိုင်ပါက ဝေငှနေတက်ပါသည်။
စကားကြွင်း။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဤဆောင်းပါးသည် မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ပါ။ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအစစ်
ကို သိရှိစေရန်သာဖြစ်သည်။ မည်သူမဆို Share ခြင်းဖြင့် ဆင့်ပွားဓမ္မဒါနပြုနိုင်ပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...