Saturday 14 February 2015

ပြင်သစ်နိုင်ငံသားကြောင့် အပျိုရည်ပျက်ခဲ့ရသူ .



ဒိုးကြီးကိုယ်တိုင် အပျိုရည်ပျက်ခဲ့ရတာပါခင်ဗျား။
1 မီနစ်နဲ့ 52 စက္ကန့်အချိန်ပဲကြာပါတယ်ဗျာ။ နိုင်ငံခြားသားတစ်ယောက်
edited လုပ်တာ အချိုးမပြေတာ ဒိုးကြီးဓာတ်ပုံတွေပျက်ခဲ့ရပါတယ်။
ကိုယ်ပေးတဲ့ခေါင်းစဉ်အတိုင်း တကယ်ပဲ အပျိုရည်ပျက်သွားတာပါပဲ။
ဒီမိုကရေစီစံနှုန်းပြည့်မီတယ်ဆိုတဲ့ နိုင်ငံကြီးသားများရဲ့ edited တွေက
ဒိုးကြီးတို့နိုင်ငံရဲ့စံနှုန်းကိုမမီဘူးဖြစ်နေယ်။
အဲဒါ့ကြောင့်  ကိုယ်တိုင်ပဲ edited လုပ်ပြီး မျက်မှောက်ခေတ်မြန်မာနိုင်ငံ
သားလူငယ်တွေရဲ့ အရည်အချင်းကို ထုတ်ပြလိုက်တာပါ  .. .
ကြွားဝါသည်ဟုမထင်ပါနဲ့  ..
အထက်ကပြောခဲ့သလို မြန်မာနိုင်ငံရဲ့လောကဓံကိုမခံစားဘူးတဲ့
နိုင်ငံကြီးသားများရဲ့ခံစားမှုနှင့် ဒိုကြီးတို့ရဲ့ခံစားမှု စံနှုန်းမတူညီတဲ့
အတွက် edited လုပ်ရာမှာ မတူညီသောပြယုဂ်များကိုဖြစ်ပေါ်
စေပါတယ်။
တနည်းပြောရခြေသော်  . .
အနုပညာဟူသည် ရင်ဘတ်ထဲကလာတာဖြစ်သလို ရင်ဘတ်ခြင်း
တူညီဖို့ရန်အတွက် အခြေခံဋ္ဌာန်အကြောင်းတရားများစွာလိုပါသည်။
မြန်မာနိုင်ငံသားဒိုးကြီးရဲ့ခံစားတင်ပြလိုသောရိုက်ချက်များကို ပြင်သစ်
နိုင်ငံသားတစ်ယောက်က ဘယ်လိုနည်းဖြင့်မှမနားလည်နိုင်ပါဘူး။
ဘာသာစကားအရသော်လည်းကောင်း နိုင်ငံတို့၏အုပ်ချုပ်ပုံစနစ်မူ
ညီမှုကြောင့်သော်လည်းကောင်း ခံစားမှုစံနှုန်းများလုံးဝမတူညီနိုင်ပါဘူး။
ဒါ့ကြောင့် ဒိုးကြီးရဲ့ ရိုက်ချက်များဟာ အဲဒီပွဲမှာ မရှု့မလှတကယ်ပဲ
အပျိုရည်ပျက်ခဲ့ရပါတယ်ခင်ဗျား . .
အဲဒီပွဲမှာ ကျွန်တော်က အခုတင်ပြတဲ့စကားလုံးများကိုထည့်သုံးဖို့
ဘာသာပြန်ထားပါတယ်။ ဒါကို ပြင်သစ် edited ဆရာကထည့်ခွင့်
မပေးတဲ့အပြင် ငှက်လှောင်အိမ်ဓာတ်ပုံနဲ့ စကားလုံးများဟာ ကျွန်တော့
story အတွက် main subject ပါ။ ဒါကိုလည်း ပြင်သစ် edited ဆရာ
က မထည့်သုံးပြန်ပါဘူး။
အဲဒီပုံနဲ့စကားလုံးများဟာ ပရိတ်သတ်ကိုပေးချင်တဲ့ main message
တွေပါခင်ဗျား။ အဲဒါကို ထည့်သုံးခွင့်မပြုဘူးဆိုမှတော့  . .
Last Virginitly ဟာ တကယ်ပဲ အပျိုရည်ပျက်ခဲ့ရတော့တာပေါ့ ခင်ဗျာ။
blog က 100Mb ပဲတင်လို့ရတယ်။ ကျွန်တော့ story က 140 Mb ဖြစ်
နေလို့တင်လို့မရဘူး ဒ့ါကြောင့် youTube မှာတင်ပေးပါတယ်
ဝင်ဒေါင်းလို့ရပါတယ်ခင်ဗျား  . .
ဒီမှာလင့်ပါ  . .
 http://youtu.be/kaHMVZfi_-Y
လေးစားသောအားဖြင့်  ..
ကျွန်တော် ဒိုးကြီးပါပဲခင်ဗျား  . .

No comments:

Related Posts Plugin for WordPress, Blogger...