Friday 27 February 2015

စာလုံးနီ



ကျွနတော် မန္တလေးကိုချစ်တယ် . .
ဒါပေမယ့်ဗျာ
မန္တလေးကိုရောက်ရင် ကျွန်တော်နားမလည်တဲ့စလုံးအနီကြီးတွေက
ကျွန်တော့ရင်ဘတ်ကို သတ်ပစ်လိုက်ကြတယ်။

ဒါနဲ့  ..
ကျွန်တော် မန္တလေးမှာ အသည်းနာခဲ့တယ်ပေါ့။
မန္တလေးကြီးကို . ..
စာလုံးအနီတွေနဲ့ မီးရှို့ပစ်ခဲ့ကြတဲ့သူတွေကိုလည်းပေါ့။

ကျွန်တော်သက်ပြင်းချတိုင်း
ကျွန်တော်ဆွဲလက်စပန်းချီကားထဲက မန္တလေးမြို့သူလေးက ငိုလေရဲ့။

ကျွန်တော့သက်ပြင်းသံတွေရယ်
စလုံးအနီကြီးတွေရယ်  .. .
အမြန်ဆုံးချုပ်ငြိမ်းစေချင်ပါတယ်ဗျာ။

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...