Friday 13 February 2015

I teach . . .Thinking



တွေးတက်ရင် တွေးလိုက်စမ်းပါ  . .
အနှစ် (၁၀၀) ဆိုတော့  ..
သယံဇာတတွေလည်း အသက်ထွက်ကုန်တာပေါ့ . . ။

မငေါ့နဲ့  ..
ငါ့ကဗျာက တည့်ပြောတာ . .။

ပိုလျှံလို့ရောင်းစားဘာဖြစ်လည်း
မပိုလျှံတော့လည်း တောင်းစားကြတာပေါ့။

တင်ပြန်တဲ့အကျွေး  ..
တရုတ်မစပ်လည်း   .တို့ပြည်သူတွေစပ်ကြတာပေါ့။

ပြောင်သွားတဲ့ သစ်ပင်
သူတို့မစိုက်လည်း  .. တို့စိုက်ကြတာပေါ့။

နားမလည်လို့
ခုတ်ထစ်ကြတာ  .. . ။

အသိတရားမဲ့လို့
ရောင်းစားပစ်ကြတာ  .. .။

ဘာဖြစ်လည်း  ..
ဘာမှမဖြစ်ဘူး  .. .။

ဘာထူးလည်း  ..
ဘာမှမထူးဘူး  .. ။

ဘယ်သူသေသေ  ..
ငါ တေ ကြီးမာရင်ပြီးရောပဲမဟုတ်လား။

သေချာပါတယ်  ..
နောက်အနှစ် (၂၀၀)ဆိုရင်
ငတေကြီးလည်းသေပြီ  ..
ငါ့ကဗျာလည်း ကြွေလေ . . . ပြီ  .. ။

လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...