Thursday 26 February 2015

Handmade


The Eternity ပန်းချီကားကိုဆွဲခဲ့တဲ့ ဒိုးကြီးရဲ့idea ပစ္စည်းလေးများကို
ပန်းချီဝါသနာပါသူများအတွက် ဝေငှလိုက်ပါတယ်။ အခြား Colour
သုံးဆေးထိုးအပ်တွေကတော့ မနက်ကပဲ ဦးနီ(ဆရာဦးခင်မောင်နီ)
နဲ့လေပေါလွန်ရင်းခဲကုန်လို့ လွှတ်ပစ်လိုက်ရပါတယ်။
အကြောင်းအရင်းကတော့
ပန်းချီလောကမှာနှစ်လေးဆယ်ကျော်ခရီးကို ဖြတ်သန်းလာခဲ့ဖူးသော ဒိုးကြီးရဲ့
ကြားဆရာမြင်ဆရာ သင်ဆရာထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော ဆရာဦးခင်မောင်နီ
မနေ့ကဒိုးကြီးရဲ့ အလုပ်ခန်းကိုရောက်လာပါတယ်။
ရောက်တယ်ဆိုရင်ပဲ အခုဓာတ်ပုံပါဆေးထိုးအပ်များနဲ့ The Eternity ပန်းချီကားကို
တွေ့ပြီး အံ့သြသွားတယ်လို့ဆိုပါတယ်။
ညှစ်ဘူးတွေနဲ့ သုံးပြီး ပန်းချီဆွဲကြတာကိုသူကိုယ်တိုင်အသုံးပြုခဲ့ပေမယ့် ။ ဆေးထိုး
အပ်တွေကို ဒီလိုဖျက်ညှပ်ကပ်လုပ်ကာ ကြိုးတပ်ပြီးအသုံးပြုခဲ့တာကိုတော့သူ့ပန်းချီ
သက်တမ်းတစ်လျှောက်မှာ ဒီတစ်ကြိမ်ပဲကိုယ်တွေ့မြင်ဘူးပါတယ်လို့ဆိုပါတယ်။
အဲဒီလိုပြောခဲ့တဲ့အတွက်  . . .
ဒိုးကြီးရဲ့ Handmade လုပ်နည်းပစ္စည်းများကို ဒီလိုအသုံးပြုလို့ရကြောင်း နည်းပညာ
တစ်ခုအနေနဲ့ဝေငှလိုက်ပါတယ်။ ပန်းချီဝါသနာပါသူများအသုံးပြုကြည့်ပါလို့တိုက်
တွန်းပါတယ်။
http://doegyi.blogspot.com/2015/02/the-eternity.html
ပညာကိုသေရွာသို့ မယူစတမ်း
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...