သဘာဝအလေ့မို့ . . .
သူတို့လည်းပျှော်မွှေ့တယ်။
ငါရောက်တုန်းရောက်ခိုက်မှာကွယ် .. .
ကင်မရာနဲ့ဆွဲ။
မြင်လာသမျှ သင်္ခါရာရယ် . . . .
ဖြစ်လျှင်ပျက်မြဲ။
သူတို့နဲ့ သူတို့ဘုံဝယ် . . .
ထုံးစံတွေမြဲ။
ငါမြင်သမျှ အနိစ္စာရယ် . . .
မိစ္ဆာနဲ့ ကွဲ။
စိတ်လာသမျှ မှတ်လိုက်ရင်ကွယ် . . .
ပြိတ္တနဲ့ လွဲ။
ရန်ကုန်မြို့ တိရိစ္ဆာန်ရုံတွင်း ဓာတ်ပုံရိုက်ရင်း သူတို့လေးများရဲ့ဘ၀ကို
စာနာသနားမိခြင်းနှင့်အတူ ဓမ္မသံဝေဃရမိပါသည်။
တရိစ္ဆာန်ရုံဟူသည် လူပတ်ဝန်းကျင့်အသုံးအနှုန်းအတိုင်းပြောရသော်
ထောင်တစ်ခုပါပဲ။ တိရစ္ဆာန်တွေရဲ့ကာယိကဒုက္ခစေတသိကဒုက္ခတို့
ခံစားနေရသော လူငရဲထောင်တစ်ခုပါ။
သူတို့လေးတွေလည်း လူအကျဉ်းသားတွေလို လွတ်ငြိမ်းချမ်းသာခွင့်ရ
စေချင်ပါသည်။ ရပါစေဟု ဆုတောင်းမိပါသည်း။
အကြင်နာနှလုံးသားဖြင့်
ဒိုးကြီး
No comments:
Post a Comment