Wednesday 4 February 2015

စကားလုံးများ (၁)




ဘ၀ဆိုတာ ပြီးပြည့်စုံခြင်းရဲ့အနက်အဓိပ္ပါယ်မဟုတ်ဘူးဗျ။ ဦးဟုတ်စိန်အဘိဓာန်
က ဘ၀ဆိုတာကိုအခုလို ဖွင့်ဆိုထားတယ်  . .
ဖြစ်ခြင်း။
မွေးဖွားခြင်း။
ဖြစ်ပွားခြင်း။
ဘုံ။
(m.) the state of existence.Lustre, radiance, light; appearance, manifestation; reach, rangeLord, SirBeing, existence; birth, origin; renewed existence, saṃsara; a birth or existence in the Buddhist sense; gain, increase, welfare
ဒီတော့က ဘ၀ဆိုတာ ကိုယ်လိုချင်ရာတွေနဲ့ ပြီးပြည့်စုံတာမျိုးမဟုတ်ဘူးဆိုတာ
ပေါ်လွင်သွားတယ်။ အခုကျွန်တော့စကားလုံးတွေနဲ့ ပူးတွဲဖေါ်ပြထားတဲ့ ကမ္ဘာ
ကျော်မင်းသားနှစ်ယောက်ရဲ့ ဓာတ်ပုံကိုပဲ နှိုင်းယှဉ်ကြည့်ပါဦး။
မတူညီတာတွေတွေ့ရတယ် . . . .
လိုအပ်ချက်တွေတွေ့ရတယ် . . .
မညီမျှခြင်းတွေတွေ့ရတယ် . .  . မဟုတ်လား။
ကျွန်တော် ကိုင်တိုင်ကင်မရာကဈေးအသက်သာဆုံး 700 D ပါ။ ကျွန်တော့သူငယ်ချင်းက
ဈေးကြီးပေးရတဲ့ 5 D mark 3 ကိုကိုင်ပါတယ်။ အဲဒီမှာတင်ကျွန်တော်တို့နှစ်ယောက်ရဲ့
ပုံထွက်တွေက မိုးနဲ့မြေလိုကွာသွားတယ်။
ဒါကိုကျွန်တော့ဘက်က အာသာဆန္ဒပြင်းပြလို့မရဘူးလေ။ ဒါကိုက မညီမတဲ့ဘ၀ပဲမဟုတ်
လား။ ဘ၀မှာ ကျွန်တော့လောက်မှ ဈေးနဲ့တဲ့ကင်မရာကိုမကိုင်နိုင်သေးတဲ့သူတွေလည်း
ရှိနေသေးတယ်လေ ။ ဒီလိုနားလည်းခြင်း  ဝေမျှခြင်း ပေးဆပ်ခြင်းဟာ ဘ၀ရဲ့သရုပ်
သဏ္ဍာန်ပဲမဟုတ်ပါလား။
ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဘ၀တွေကို နှိုင်းချိန်တဲ့နေရာမှာ သတ်မှတ်ချက်တစ်ခုတည်း
ပုဂ္ဂလတစ်ခုတည်း ပြယုဂ်တစ်ခုတည်းနဲ့ မယှဉ်မတွဲစပ်ကြဘဲ အထက်အောက်အစုန်အဆန်
အဘက်ဘက်ကနေ ရှု့မြင်ပြီးသုံးသပ်နိုင်မှာသာ ကိုယ့်ဘ၀ဟာငြိမ်းချမ်းမှာဖြစ်ပါတယ်။
အလိုမတူခြင်းတွေကိုပေါင်းပြီး မီးရှို့ပစ်လိုက်လို့သာရရင် ကမ္ဘာမှာနျူကလီးယားဟာပေါ်
လာစရာအကြောင်းမရှိပါဘူး။
ဒီလိုနားလည်ခြင်းဟာ ကမ္ဘာအတွက် အာဏာရှင်စနစ်တွေကိုလျှော့ပါးစေပါတယ်။
အတ္တလွန်ခရိုနီစနစ်ကို ပါးရှားစေပြီး လူသားတိုင်းဟာ တန်းတူညီမျှသောအခွင့်အရေး
များဖြင့် သာယာလှပနေမှာပါ။
အကြင်နာများစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...