Saturday 7 February 2015

ခန္ဓာကိုယ်သယံဇာတ



အစိတ်အပိုင်းတွေကို
ဖြတ်တောက်ရောင်းစားရတာဟာ
ကိုယ့်အစိတ်အပိုင်းတွေကို မနှစ်မြို့လို့မဟုတ်ဘူး။

ဒါတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေက
ခန္ဓာကိုယ်သယံဇာတတွေပါပဲ  .. .။

သေနပ်မကိုင်နိုင်သေးရင်
သဘာဝသယံဇာတဟာ ကိုယ်နဲ့မဆိုင်ဘူးမှတ်။

ထိုအခါမျိုးမှာ  . .
ကိုယ့်ခန္ဓာကိုယ်ဟာ
တန်ဘိုးအရှိဆုံး သယံဇာတတွင်းထွက်တစ်ခုပဲ။

ဘ၀အတွက်
အဓိကကျတဲ့ အစိတ်အပိုင်းတွေအတွက်  . ..
ဘ၀အတွက်
အဓိကမကျတဲ့ အစိတ်အပိုင်းတွေကို  . .
အစားထိုးတပ်ဆင်ရတဲ့သဘောပဲ။

စိတ်ဓာတ်မကျပါနဲ့  ..  ချစ်သူ
မင်းဆံနွယ်တွေ တိုတွန့်သွားလည်း  . .
ကိုယ်က ချစ်နေမည့်သူပါ။

တစ်ခုတော့ မှာပါရစေ  .. .
အသဲတစ်ခုစာကိုတော့
တစ်စိတ်တစ်ပိုင်းသော်မျှ မရောင်းစားပစ်လိုက်ပါနဲ့။

တဏှာလောဘသမားတို့ မြန်မာမြေမှကျဆုံးပါစေ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...