Friday 10 April 2015

အတ္တကို ပြန်သတ်ခြင်း


သပ်သပ်ရပ်ရပ်မရှိခဲ့တဲ့ ငါ့ဘဝ
အိပ်မက်ထဲမှာတောင် . .  ဖရိုမရဲ . . ။

မြန်မာပြည်ရဲ့လူဖြစ်ခွင့်မှာ . .
ငရဲခံနေရရုံသက်သက်
ပိဋကတ်ကိုဖတ်ဖူးရင်သိမယ်  .. ။

ကံဆိုးခဲ့တဲ့ငါ
ဝါသနာပါရာတွေအားလုံး . . .
အာဏာရှင်လက်ထဲပါသွားခဲ့ရတယ် . .။

တွေ့လား  . .
မြင်လား  . .
မင်းတို့ နားတွေစွင့်ထားကြည့် . . ။

လက်ပံပင်ထက်က
ဒေါင်းငှက်ပျိုလေးတွေ  . .
တွန်သံတွေက ငိုသံပါရုံသက်သက်မဟုတ်ဘူး
ပညာရေချို နို့ငတ်(မျက်)နေလို့  .  . .။

သပွတ်ခါးသီးသုတ်ထားတဲ့
နိုင်ငံရေးနို့သီးခေါင်းထဲက ပညာရည်ချိုနို့ဟာ
တမာရည်ထက် ခါးတယ် . .။

ကိုလိုနီဥပဒေသတွေနဲ့
ငါတို့ဘ၀အခုအထိ မိုးမလင်းသေးဘူး။

ဘိုးဖွားပိုင်လယ်ယာမြေဆိုတာ
တပ်ပိုင်နဲ့ ခရိုနီပိုင်
တရုတ်ကြီးပိုင်ပါဖြစ်သွားတယ် . .။

အသည်းနာတယ်  .. .
အနာဂါတ်လူငယ်တွေရဲ့ ပညာရေးစနစ်ဟာ
Facebook ပေါ်မှာဆဲတက်နေတာအပြင်
စကပ်ကွဲ . . .
ပေါင်ဖြဲ  . . . .
လျှာထုတ်  . .
ဖင်လှုပ်  . ..
ရင်ပြုတ်ချရုံသက်သက်မျှသာပါပဲ . . ။

သံဃာကို သံဃာနဲ့ ပူးသတ်ခံနေရတယ်
ကျောင်းသားကို ကျောင်းသားနဲ့ ပူးသတ်ခံနေရတယ်
လွှတ်တော်ကို လွှတ်တော်နဲ့ ပူးသတ်ခံနေရတယ်

ဒီလိုနဲ့  . ..  ဒီစနစ်နဲ့ဆိုရင်  . .
ငါ့ကိုယ်ငါတောင် ပူးသတ်ခံနေရဦးမယ်  .. ။

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...