Friday 17 April 2015

ပွဲတွေ့ (သို့) ဂင်္ဂါသဲစုဘုရားရှိခိုးဂါထာတော်ကြီး


နှစ်ဆန်းတစ်ရက်နေ့ကတည်းက Photo Shop မှာရေးနေတာပါ။
သို့သော် မအားတာနဲ့ အခုမှပြီးပါတယ် ပြီးတာနဲ့တင်လိုက်တာပါ။
နှစ်ကူးဓမ္မဒါနကုသိုလ်ပါ။
ဘ၀ဆိုတာ ဇာတိပိဒုက္ခေါ ဘုရားဟောမို့ ဘယ်သူမှ ရန်ဘေးဒုက္ခ
ဆိုတာမကင်းဝေးနိုင်ပါဘူး။ အရင့်အမာဘုရားရှင်သည်ပင် ရန်ဘေး
တွေနဲ့ရင်ဆိုင်ခဲ့ရသည်ဖြစ်ကြောင်း ပိဋကတ်စာပေကို လေ့လာကြ
ဖူးရင်သိပါတယ်။
ဒါ့ကြောင့် ဘယ်သူ့ဘယ်သူမှ ရန်ဘေးကင်းတယ်ရယ်လိုမဆိုသာပါ
ဘူး။ သို့သော်လည်းပဲ ရှေးရှေးကပွင့်ထွန်းပေါ်ပေါက်ခဲ့ကြဖူးကုန်
သောဘုရားအဆူဆူတို့ကိုရည်ရော်မှန်းဆ ကန်တော့လိုက်ရသော
ဤ သမ္ဗုဒ္ဓေဂါထာတော်သည် ဂုဏ်တော်များကိုသီကျူးခြင်းလည်း
ဖြစ်တာကြောင့် ၀ိပါက၀ိဋ်ကျွေးမဟုတ်ခဲ့သောဘေးရန်တို့သည်
ပျောက်ငြိမ်းနိုင်သည်။
မြန်မာဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့သည် အခုလို အခါကြီးရက်ကြီး
များတွင် ဘိက္ခုတို့အားပင့်ဖိတ်၍ သင်္ကြန်ပ၇ိတ်နာယူကြသည်။
ကောင်းပါသည်။သို့သော် ကိုယ်တိုင် ရွတ်ဖတ်သရဇ္ဈာယ်မှသာလျှင်
ပို၍အကျိုးကြီးမားသည်ဖြစ်သည်။ ဘိက္ခုများရွတ်လိုက်သည့်အချိန်
သည် တဒင်္ဂသာဖြစ်သည်။ ကျန်သောနာရီများနေ့ရက်များတွင်
မိမိတို့ကိုယ်တိုင်မရွတ်မဖတ်ပါက ̏ အတ္တဟိ အတ္တနော နာထော˝
ဆိုသော ဗုဒ္ဓစကားတော်ကို မျက်ကွယ်ပြုရာရောက်သည်။
ထို့ကြောင့် ပွဲတွေ့ဂါထာတော်ကြီးကို ကျွန်တော်နှစ်ဆန်းနှစ်ရက်နေ့
မှာ ဝေငှလိုက်ပါသည်။ ကျွန်တော်နှင့်တကွ အယူဝါဒတူမျှကြကုန်
သော သူတော်စဉ်အပေါင်းတို့ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
ကုန်သတည်းဟု ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။
☀ပါဠိ☀
“ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ ၊ နမာမိ သိရသာ မဟံ။
အပ္ပကာ ၀ါဠုကာ ဂင်္ဂါ ၊အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော။˝
☀ ပါဠိနိဿယ အနက် ☀
အဋ္ဌ၀ီသံ-သုံးပါးဘ၀ သုံးလောကတွင်ဉာဏရောင်ဖိတ်
အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော။သမ္ဗုဒ္ဓေ စ-
တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်း တရားမင်းတို့
ကိုလည်းကောင်း၊။
ဒွါဒသဉ္စသဟဿကေ-နိဗ္ဗာန်ကိန်းအောင်းစက်မွေ့လျောင်းသည့်
တစ်သောင်းနှစ်ထောင်ကုန်သော၊။
သမ္ဗုဒ္ဓေစ-လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင် မြတ်
ဘုန်းခေါင်တို့ကိုလည်းကောင်း၊။
ပဉ္စသတ သဟဿာနိ-သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်းငါးသိန်း
ကုန်သော၊။
သမ္ဗုဒ္ဓေစ-နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန်မြတ်
မုနိတို့ကိုလည်းကောင်း။ အဟံ-အကျွန်ုပ်သည်။သိ၇သာ- ဦးခေါင်းရတနာ
မြတ်အင်္ဂါဖြင့်။နမာမိ-ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ရှိခိုးပါ၏။
ဂင်္ဂါ-ဂင်္ဂါယ-ဂင်္ဂါမြစ်အတွင်း၌။
ဝါဠုကာ-ရှိကြကုန်သော သဲတို့ သည်။အပ္ပကာ-နည်းကြကုန်သေး၏။
နိဗ္ဗုတာ-ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော။
ဇိနာ-နှောင့်ယှက်ဖန်လာ၊ မာရ်ငါးဖြာကို ၊ အရိယာမဂ်၊
ဘုန်းရောင်စက်ဖြင့်၊ ချိုးဖျက်လွယ်ကူ ၊အောင်တော်မူကုန်သော
ဘုရားရှင်အပေါင်းတို့သည်ကား။အနန္တာ-သင်္ချာဂဏန်း၊ရေတွက်
မှန်းလည်း၊ဆုံးခန်းတိုင်မြောက်မရောက်နိုင်ကြပါကုန်။
တေ ဇိနေ စ-ထိုဘုရားရှင်တို့အားလည်းကောင်း။
တေသံ-ထိုငါးသိန်း တစ်သောင်း နှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်
သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏။
ဓမ္မဉ္စ-တရားတော်မြတ်တို့ကိုလည်းကောင်း။
သံဃဉ္စ-တပည့်သား သံဃာတော်မြတ်တို့ကိုလည်းကောင်း။
အဟံ-အကျွန်ုပ်သည်။အာဒရေန- အာဒရံ-ရိုသေမြတ်နိုးလက်စုံမိုး၍။
နမာမိ-ရှိခိုးပါ၏။နမက္ကာရာနုဘာဝေန- ဤသို့ ရှိခိုးပူဇော်ဖူးမြော်
မာန်လျှော့ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်။
သဗ္ဗေ-ခပ်သိမ်းကုန်သော။ဥပဒ္ဒဝေ-ဘေးရန်တို့ကို။
ဟိတွာ-ပယ်ဖျောက်၍။
အနေကာအန္တရာယာပိ-တစ်ပါးမကများလှသွယ်သွယ်အန္တရာယ်
တို့သည်လည်း။အသေသတော-အကြွင်းအကျန် မရှိသောအားဖြင့်။
ဝိနဿန္တု-ပျောက်ပျက်ပါစေကုန်သတည်း။    ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...