Saturday 18 April 2015

နည်းပညာများ၏နောက်ကွယ်နှင့် အဖေ့သို့တမ်းခြင်း



နည်းပညာများသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။ ကျွန်တော်
ငယ်စဉ်က ပိဋကတ်စာပေကို ရူးသွပ်ခဲ့ပါသည်။ မန်လည်ဆရာတော်
ကြီးရေးသားသော မဃဒေ၀ကျမ်း၏ ပုတ္တောဝါဒကို အာဂုံဆောင်ခဲ့ဖူး
ပါသည်။ ထိုသို့ ပိဋကတ်ရူးကျွန်တော်သည် ထိုသုံးပုံသောပိဋကတ်
ကျမ်းစာအုပ်တို့ကို ၀ယ်ပေးရန် အဖေ့အား နားပူနာစာလုပ်ဖူးသည်။
ထိုအခါ အဖေက . . .။

 ̏  သား ၊˝
 ̏ ပိဋကတ်သုံးပုံစလုံးဆိုတာ အုပ်ရည်အများကြီးပဲ˝
 ̏ မင်းဆန်စက် ကိုသွားရင် သယ်ဖို့အတွက် တာဝန်ကြီးတယ်˝
̏ ဒါ့ကြောင့် ˝
 ̏မင်းဖတ်ချင်တဲ့ စာအုပ် နှစ်အုပ်သုံးအုပ်လောက်ကိုသာဝယ်ပါကွာ˝

အဖေဖြောင်းပြပြောဆိုသောစကားသည် မှန်သည်။ ကျွန်တော်
အလုပ်ဖြစ်သော ဆန်စက်သည် မြို့နှင့် မိုင်သုံးဆယ်ကျော်ဝေး
သည့်အပြင် မိုးရာသီတွင် ကားတစ်တန်၊ မော်တော်ဘုတ်တစ်
တန်ဖြင့်သွားရသည်။
ထိုမျှခက်ခဲသောခရီးအတွက် ကျမ်းစာအုပ်များကို သယ်ယူဖတ်
ရှု့ရန်ကြောင့်ကြစိုက်ရပြန်ပါသည်။

ဟော  . . အခုတော့ဖြင့် ၊ ဂျာနယ်တစ်အုပ်စာမျှရှိသော Note
Book ကွန်ပျူတာလေးတစ်ခုရှိရုံဖြင့် ပိဋကတ်သုံးပုံအပြင် အဋ္ဌာ
ကထာကျမ်းပေါင်း များစွာ၊ ဋီကာကျမ်းပေါင်းများစွာ၊မင်းကွန်း
ဆရာတော်ရေးသည့် မဟာဗုဒ္ဓ၀င်ကိုးကျမ်းတွဲ၊လယ်တီဆရာတော်၏
ဒီပနီကျမ်းပေါင်းများစွာ။ဦးဟုတ်စိန်ရေးသားသည့် ပါဠိ၊မြန်မာ၊အင်္ဂ
လိပ်အဘိဓာန်ကျမ်း စသည့် စသည့် မရေမတွက်နိုင်လောက်သော
ကျမ်းစာအုပ်များကို ချိုင်းခြားညှပ်၍ သယ်သွားလို့ရနေပြီ။
ကျွန်တော့ကွန်ပျူတာလေးသည် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်
သည်ကို အဖေသိမီလိုက်ပါက ဘယ်လောက်များဝမ်းသာနေလိမ့်
မည်နည်း။

ဒါ့အပြင် https://translate.google.com/  တွင် ဘာသာစကား
ပေါင်း များစွာပြန်ဆိုသိရှိနိုင်သေးသည်ကို အဖေသိသွားပါက ပညာ
ကိုအလေးယူ တန်ဘိုးထားတက်သော အဖေသည် အဘယ်မျှဝမ်း
သာလိမ်မည်နည်း။
စာအုပ်ဂိုထောင်ကြီးတစ်လုံးသည် ဂျာနယ်အရွယ် ကွန်ပျူတာလေး
တစ်လုံးမျှသာ ၀န်ရှိတော့သည်ကို အဖေသိမသွားခဲ့ရပေ။ အဖေ
မြတ်နိုးသောပိဋကတ်။ အလွန်ကျယ်ဝန်းသောပိဋကတ်သည်။
ယခုအခါ ကျွန်တော်သွားလေရာ ကြောပိုးအိပ်ထဲတွင်ဖြစ်သည်
ကို အဖေသိပါက ကျွန်တော့အတွက် များစွာဂုဏ်ယူနေလိမ့်မည်
ဖြစ်သည်။အဖေမှီလိုက်သောနည်းပညာသည် Tape စနစ်ဖြစ်သည်။
ကြိုးပြားထဲတွင် အရုပ်နှင့်အသံကိုထည့်သွင်းနိုင်သော ခေတ်ဖြစ်သည်။
မြန်မာပြည်တွင်VCD တွေပေါ်လာချိန်တွင် အဖေလူ့လောကမှအနား
ယူသွားလေပြီ။

အခုတစ်ခါ . . .
စပိန်တွင် ၃ဖက်မြင်ရုပ်လုံးကြွ ဟိုလိုဂရမ်ကို အသုံးပြု၍ ဆန္ဒပြပြီဖြစ်
ကြောင်းသိရသည်။ ယင်းဆန္ဒပြသူများသည် အစိုးရရုံးအဆောက်
အဦများရှေ့တွင်စီတန်းလမ်းလျှောက်ကြခြင်းများ၊ဆိုင်းဘုတ်များကိုင်
ကာ ဆန္ဒပြခြင်းများ၊ ကြွေးကြော်သံအော်ဟစ်ကြခြင်းများကို ၃ဖက်
မြင်ရုပ်လုံးကြွရုပ်ရှင်ပြစက်ဖြင့် ပုံရိပ်များပြသ ဆန္ဒပြနေကြပါပြီ။
ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်လိုသူတို့သည် မိမိတို့၏ ဓာတ်ပုံများကို
ဆန္ဒပြမည့်အဖွဲဆီသို့ အင်တာနက်မှပေးပို့လိုက်ရုံပင်ဖြစ်သည်။
ထိုမျှလောက် နည်းပညာတို့သည် အံ့သြဖွယ်ရာဖြစ်နေပြီဖြစ်
ကြောင်း popular Myanmar Nwes Journal တွင် ဖတ်လိုက်
ရသည်။

ထိုမျှ နည်းပညာတို့တိုးတက်ထွန်းကားနေပြီဖြစ်သောခေတ်တွင်
ယတြာချေခြင်း ၊ ဓာတ်ရိုက်ဓာတ်ဆင်ခြင်း ၊ စသောမူမှန်လုပ်ရပ်
များသည် စဉ်းစားဖွယ်ရာဖြစ်လာပြီ။
ဒ့ါအပြင် မြန်မာနိုင်ငံအ၀ှမ်းလုံးတွင်ဖြစ်ပေါ်နေသော အမှန်သတင်း
ထိန်ချန်ထားခြင်းတို့သည်လည်း မိုးကြိုးပစ်တာကိုထန်းလက်နှင့်ကာ
ရုံမျှနှင့်တူတော့သည်။

ယခုမျက်မှောက်ခေတ်သည် တစ်ဦးမှတစ်ဦးသို့ လွယ်ကူစွာလိမ်
လည်လှည့်ဖြား၍ မရနိုင်တော့သောခေတ်ဖြစ်သည်။ အမေရိကန်
သည် အာဏာရှင်နိုင်ငံများ ဘာတွေဘယ်လိုလုပ်နေသလဲဆိုတာ
ကောင်းကင်ကနေအချိန်ပြည့်စောင့်ကြည့်နေသည်။
သူတို့ မြင်နေရပြီဖြစ်သည်။

တစ်ခါက မြောက်ကိုရီးယားမှာ နျူကလီးယားပစ္စည်းအချို့တင်
ဆောင်လာသော သင်္ဘောတစ်စီး မြန်မာနိုင်ငံဘက်သို့ဦးတည်လာ
သည်ကို အမေရိကန်က သိ၍ ဖေါ်ထုတ်လိုက်သောအခါ ထိုသင်္ဘော
သည် နောက်သို့ခြေရာပြန်ခေါက်သွားရသည်။
ထို့ကြောင့် နည်းပညာများသည် အာဏာရှင်များ၏ အာဏာရူးသွပ်
ခွင့်ကို ထိန်းချုပ်ထားသလိုဖြစ်နေသည်ဟု ကျွန်တော်သုံးသပ်မိပါ
သည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး




No comments:

Related Posts Plugin for WordPress, Blogger...