Sunday 12 April 2015

ပုံပမာများသို့ . . . တမ်းခြင်း



ကျွန်တော်သည် ပန်းချီဆွဲသည်၊ဓာတ်ပုံရိုက်သည်၊စာရေးသည်၊
ထိုအလုပ်များသည်ကျွန်တော့်၏ ၀မ်းစာရေးကို မထောက်ပံ့နိုင်ခဲ့ကြပါဘူး။
မိဘဆွေမျိုးများ၏ အရိပ်ဖြင့်သာ မတ်မတ်ရပ်နေရသူပါ။
ကျွန်တော်၏ ပကတိအရှိတရားမှာ ̏ သစ္စာတရားကို ရှာဖွေခြင်း˝ သာဖြစ်
သည်။ကျွန်တော်၏ လူဖြစ်ခြင်းတွင် စားဖို့ ၀တ်ဖို့ နေဖို့အတွက် မစိုးရိပ်ခဲ့ရပေ
ထိုကာလတစ်လျှောက် ကျွန်တော်သည် အလုပ်အကိုင်မဲ့သူအဖြစ် အများမြင်
နေတက်သည်သို့သော် ကျွန်တော်အလုပ်လုပ်နေသည်။
ထိုအလုပ်သည်ကား  . ..  ̏ သစ္စာတရားကို ရှာဖွေခြင်း˝ ပင်ဖြစ်သည်။
ကျွန်တော်တို့တွင် ချစ်သူပေါင်းများစွာ ရှိခဲ့ဖူးမည် ။ ထိုချစ်သူကသော်လည်းကောင်း
ကျွန်တော်တို့ကသော်လည်းကောင်း သစ္စာမတည်ခဲ့ကြပေ။ ထို့ကြောင့်ကျွန်
တော်တို့သည် ̏ သစ္စာကိုဖေါက်လွဲဖေါက်ပြန်ပြုလုပ်နေကြသော သစ္စာမဲ့သမား
များသာဖြစ်သည်။˝
ထိုအထဲကမှ ကျွန်တော်သည် သစ္စာတရားကို ရှာဖွေနေတက်သည်။
ကျွန်တော့အိမ်ရှေ့ အုပ်ခုံပေါ်တါင်  ဂစ်တာအိုတစ်လက်ဖြင့် ဟဲဗီးရော့
သီချင်းတွေအသံပြဲဖြင့် သီဆိုနေကောင်းနေမည် သို့သော်  . . သီချင်းထဲတွင်
ကျွန်တော်သည်ကားသစ္စာတရားကို ရှာဖွေနေဆဲပင်ဖြစ်သည်။
အများမမြင်မှာတော့ ̏ ဒိုးကြီး အသံပြဲဖြင့် ရပ်ကွက်ကို နှိပ်စက်နေပြီ˝ ဟုထင်မည်။
သို့သော် ဒိုးကြီးသည် ဂစ်တာသံစဉ်ထဲသို့ တိုးဝင်ရင်း သစ္စာတရားကို ရှာဖွေ
နေခြင်းသာဖြစ်သည်။
̏တမြန်နေ့က ˝
̏ ဒိုးကြီးကို ဆော်တစ်ပွေဖြင့် ကန်တော်ကြီးမှာတွေ့လိုက်တယ်˝
̏ ဟုတ်လိမ့်မည် ˝
̏ ဖြစ်နိုင်သည်၊ ˝ သို့သော် ဒိုးကြီးသည် ထိုချစ်သူဖြင့်လမ်းလျှောက်ရင်း
သစ္စာတရားကို ရှာဖွေနေသည်မဟုတ်ပါလော . .။
ချုံ့ရခြေသော်  . . လှုပ်ရှားမှုတိုင်း၏ နောက်ကွယ်တွင်ကပ်လျပ်
ကျွန်တော်သည်သစ္စာတရားကိုရှာဖွေနေခြင်းသာဖြစ်သည်။
ထို့ကြောင့် ယခု အသက် . 40 ကျော်သွားပြီ  . .
ချစ်သူမရှိခဲ့ သလို  ..  မုန်းသူကင်းမဲ့ခဲ့သည်။
ကျွန်တော်တို့၏ ဘ၀သည် ဆေးလိပ်တစ်လိပ်ထက်မပိုပေ။ စက်ရုံမှ ဆေးလိပ်
ပေါင်းများစွာကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယင်းဆေးလိပ်တို့သည် ဘူးဒီဇိုင်း
အသွင်အပြင်များဖြင့် နာမည်အမျိုးမျိုး ဂုဏ်အမျိုးမျိုးတို့ကြောင့် ဈေးနှုန်းမတူ
ညီသော အနေအထားအနိမ့်အမြင့်တို့ဖြင့်ရပ်တည်နေကြသည်။
သို့သော်  . . နောက်ဆုံးမှာတော့ လောင်မြိုက်ပြာကျခြင်းပဲမဟုတ်ပါလော။
ဈေးနှုန်းတွေမတူညီ ၊ အရောင်အသွေးတွေ ကွာခြား၊ ဂုဏ်ပကာသနတွေ
အလွှာခြားသော်လည်း မီး၏ လောင်မြို့်ခြင်းမှာတော့ တူညီနေကြသည်။
ဒါကို မြင်အောင်ကြည့်ရမည်။ သို့မှာသာ လူဖြစ်ခြင်း၏ဘ၀အမှန်ကို
သိနိုင်မည်။
ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်သည်။ သူလည်းကတုံးသင်္ကန်းနှင့်ကိုယ်လည်း
ကတုံးသင်္ကန်းနှင့်။ သို့သော် . . ̏ သစ္စာကို သိမြင်ခြင်း˝ ကတော့ ကွာနေမည်။
ထို့ကြောင့် ကျွန်တော်တို့သည် အသွင်သဏ္ဍာန်တွေကို ခွါချတက်ရမည်။
ဘူးခွံခြင်းမတူညီ၍ နာမည်ခြင်းမတူညီ၍ အနိမ့်အမြင်ကုန်ဈေးနှုန်းကိုမကြည့်
သင့်ပေ။ အားလုံးမှာ တစ်ခုတည်းသော တူညီမှုက ညီမျှနေသည်ကို မမေ့သင့်
ထိုသည်ကား ̏ လောင်မြိုက်ခြင်း˝ ပဲမဟုတ်ပါလော။
̏ ဗိုလ်ချုပ်မှူးကြီးသည်လည်း လောင်မြိုက်သေဆုံးခြင်းမှာသာအဆုံးရှိသကဲ့သို့
ဆိုက္ကားသမားတစ်ယောက်သည်လည်း ထိုနည်းလည်းကောင်းပဲမဟုတ်ပါလော˝
ယင်းကိုသိမြင်သော မဂ္ဂသစ္စပ္ပဋိဝေဓဉာဏ်သည် ဘုရားဖျက်ကျောင်းဖျက်
သံဃာသတ် ၊ လူထုကိုသတ်ဖြတ်ညျင်းဆဲ လယ်သိမ်းယာသိမ်း စသောကြီး
မားသောအကုသိုလ်ဆိုးကြီးများကို မလုပ်တော့ပေ။
̏ တေမိယ ဇာတက၀တ္ထု˝ သည် ယင်းကိုညွှန်းဆိုခြင်းသာဖြစ်သည်။
အာဏာသည်အကုသိုလ်ဘက်သို့ယိမ်းယိုင်မိလေသော် ဘ၀သံသယာတွင်
အပါယ်ဒုဂ္ဂတိလမ်းသို့ တမ်းရသည်မဟုတ်ပါလော။
ဆေးလိပ်တစ်လိပ်လို လောင်မြိုက်ပြာခရသော လူ့ဘ၀တွင် အသိတရားကို
တန်ဘိုးထားသင့်သည်။ လူတို့သည် မည်မျှဂုဏ်ပကာသနရာထူးအာဏာ
ကြီးရင့်စေကာမူ ဆေးလိပ်တစ်လိပ်၏လမ်းစဉ်အတိုင်းပဲမဟုတ်ပါလော။
ဒီကနေ့ ဒီစာမူမရေးခင် ဒီမိုကရက်တစ်မြန်မာအသံမှ ကွယ်လွန်သူဆရာကြီး
ပါရဂူ၏ လေးနှစ်ပြည့်တွင် ဆရာကြီးတည်ထောင်ခဲ့သော ရွှေပြည်သာမြို့သစ်
ရှိ ̏ ရှန်တိနိကေတန်˝ စာကြည့်တိုက်အတွက် ထိမ်းသိမ်းစောာင့်ရှောက်နိုင်ရန်
ဆရာကြီး လယ်တွင်းသားစောချစ်ကို ဥက္ကဌအဖြစ်အကြီးအမှူးပြုကာဖွဲ့စည်း
ခဲ့ကြောင့် ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည်။
ထိုသတင်းကိုကြည့်ရသော်  . . ဆရာကြီးပါရဂူအားသိတိရသည်။ ဒီနေ့
ခေတ် အာဏာရူးများအတွက် ဆရာကြီးပါရဂူက  ̏ သူလိုဘုရင်˝ စာအုပ်
ကို ဘာသာပြန်ရေးခဲ့သည်။
ဆိုလိုသည်ကား  ..  ကျွန်တော်တို့၏ အရှေ့တွင် လောင်ကျွမ်းခဲ့ကြသည်။
ကျွန်တော်တို့သည် လောင်ကျွမ်းရဦးမည်၊ ကျွန်တော်တို့နောက်တွင်လည်း
ဆက်လက်လောင်ကျွမ်းနေရဦးမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော် အမြဲလိုလို သတိရနေသော  . . .
ကျွန်တော် အိပ်ယာဝင်တိုင်း စဉ်းစားမိသော  .. . .
̏ သစ္စာတရားသည်ကား ˝  ဘ၀နှင့်ဆေးလိပ် ၊ ဆေးလိပ်နှင့်ဘ၀ လောင်ကျွမ်း
နေကြခြင်းပါတကားဟု  . ..
ဤဓမ္မဒါနကုသိုလ်ကို ပါဠိတော်များကိုသင်ကြားဆုံးမပေးခဲ့သောလက်ဦးဆရာ
ဖခင်ကြီးဦးလှစံအား ဦးစွာဝေငှမိပါသည် Like သူ Shaer မျှယူစေသောဝ်
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...