Monday 20 April 2015

မာတိကမာတာသို့ တမ်းခြင်း



ရွာကြီးသည် စည်ကားလှသည်။  စည်ကားသည့်အလျှောက်
ဘုန်းတော်ကြီးများသီတင်းသုံးသောကျောင်းတော်ကြီးသည်လည်း
ဆိတ်ငြိမ်လှသည်။ ထိုထက်ထူးခြားသည်ကား ထိုကျောင်းသို့လာ
ရောက်ဝါဆိုဝါကပ်တော်မူကြသော သံဃာတို့သည် အာသဝေါ
ကုန်ခန်းကာရဟန္တာအဖြစ်သို့ ရောက်သည်ကားများသည်။
ထိုအဖြစ်၏ ဇာတ်လိုက်သည်ကား  . .
မာတိကမာတာ ဆိုသောအမျိုးသမီးကြီးပင်တည်း  ..  ။
ထိုအမျိုးသမီးကြီးသည် အနာဂါမ်တည်သောအရိယာဖြစ်နေသည်။
ညချမ်းကာလတွင် ရွာကျောင်းတော်ရှိ သံဃာတော်တစ်ပါးခြင်းစီ၏
လိုလားသောဆွမ်းဘောဇဉ်ကို အဘိညာဉ်ဖြင့်ကြည့်ကာ ကိုယ်တိုင်
ချက်ပြုတ်စီမံ၍ နံက်အခါ ကျောင်းသို့သွားရောက်ဆပ်ကပ်တော်မူ
ပါသည်။
ကျောင်းသံဃာတို့သည် မိမိတို့ဆန္ဒရှိသော ဆွမ်းဘောဇဉ်တို့ကိုမီဝဲ
ဘုန်းပေးရသောကြောင့် ခန္ဓာကိုယ်ကျန်းမာကြ၏ ကိုယ်ကာယကျန်း
မာသောအခါ စိတ္တသုခသည်ဖြစ်၏ ထိုအခါ တရားအားထုတ်ကြရာ
ရဟန်းတော်များသည် အောက်ထစ်ဆုံး သောတပတ္တိမဂ်ဆိုက်ဖိုလ်
ဝင်ကာ ဈာန်အဘိညာဉ်ရ ရဟန္တာများဖြစ်ကုန်ကြ၏။
ဤသည်ကား မာတိကမာတာဆိုသော အမျိုးသမီးကြီး၏ စွမ်းဆောင်
ရည်ပင်ဖြစ်လေသည်။
ယခုလည်း မြန်မာနိုင်ငံတွင် ရွှေကျင်ဂိုဏ်းတော်မှ သံဃဥသျှောင်
ဆရာတော်ကြီးများသည် လူထုအကျိုးနိုင်ငံအကျိုးကိုသည်ပိုးတော်
မူသော ဒေါ်အောင်ဆန်းစုကြည်အား ̏ သံဃာ့စတုပစ္စယာ˝ ဘွဲတံ
ဆိပ်ချီးမြှင့်တော်မူခဲ့သည်ဟု သတင်းဓာတ်ပုံများတွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓရှင်တော်ခေတ်က
မာတိကမာတာအမျိုးသမီးကြီးကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည်
လည်း အမျိုးဘာသာသာသနာတော်အတွက် ထမ်းရွက်နိုင်လိမ့်မည်
ဟု ကျွန်တော်ယုံကြည်နေမိပါသည်။
ကိုးကား  . .
သုတ္တာန်ပိဋကတ်၊ ခုဒ္ဒကနိကာယ်၊
ဓမ္မပဒပါဠိတော်နိဿယ၊ပဌမတွဲ၊နှာ၊၁၈၃
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...