Saturday 18 April 2015

သတ္တိမရှိတဲ့စာအုပ်ဆိုရင် မဖတ်ချင်ဘူး


 ̏ ဒီရည်ရွယ်ချက် တာဝန်သိမှုနဲ့ ကျွန်တော်ဒီစာအုပ်ကိုရေးပါတယ်။
ပြီးခဲ့တဲ့ကိစ္စအတွက် မည်သူ့မှာတာဝန်ရှိ တယ်၊ မည်သူကညံ့လို့၊
တာဝန်မဲ့လို့ဆိုတဲ့ အပစ်ရှာချင်၊လက်ညှိုးထိုးချင်တဲ့ ရည်ရွယ်ချက်မရှိပါ။
အားလုံးတာဝန် ရှိကြပါတယ်လို့ပဲ ခံယူပါတယ်။˝
˝နာဂစ်အကြောင်းစာအုပ်အတွက် ကျွန်တော်ရဲ့အမှာစာ
(သို့မဟုတ်)
နာဂစ်စာအုပ်ရေးရတဲ့အကြောင်း
၁၇-၄-၂၀၁၅
ည(၁၁း၄၃)နာရီ
မောင်ထွန်းလွင်(မိုးလေ၀သ)

ဒီစကားကိုဖတ်လိုက်ရကတည်းက ဦးထွန်းလွင်ရဲ့စာအုပ်ကို လမ်းတွေ့
ရင်တောင်ကောက်ကိုင်မည်မဟုတ်တော့ပါ။ ̏ အားလုံးမှာတာဝန်ရှိတယ်˝
ဆိုတဲ့စကားသည် အလွန်မှမိုက်ရိုင်းလွန်းသည်။
̏ နာဂစ်ကိုအားလုံးအပေါ်လွှဲချတယ်˝ ဒါ ပညာရှင်မပီသခြင်းပါပဲ။ 
ဒီလိုတာဝန်မဲ့တဲ့စကားကို ပြောထွက်တာကိုပဲ ရှက်စရာပါ။
ကိစ္စတစ်ခုကို တာဝန်ယူမှု တာဝန်ခံမှုမရှိရင် ကမ္ဘာမှာရောမြန်မာမှာပါ
professionals ဆိုတာတွေကိုပိုက်ဆံအကုန်ခံပြီးထားနေရမှာလည်း။ 
မိုးလေ၀သအထူးပြုသူဟာ မိုးလေ၀သမှာတာဝန်ရှိသလို လယ်ယာစိုက်
ပျိုးရေးကိုအထူးပြုသူဟာ လယ်ယာကဏ္ဍမှာတာဝန်ရှိပါတယ်။
ဒါကို ̏ အားလုံးမှာတာဝန်ရှိတယ်˝ ဆိုတဲ့ ဦးထွန်းလွင်ရဲ့စကားရပ်သည်
အလွန်ကို အောက်တန်းကျလွန်းသည်ဟုထင်သည်။
အလွန်ကို သူရဲဘောကြောင်သည်ဟုထင်သည်။
အလွန်ကို ပညာမဲ့လွန်းသည်ဟုထင်သည်။
ကျွန်တော် သတ္တိမရှိတဲ့ စာအုပ်မျိုးကိုမဖတ်ချင်ဘူး။ စာရေးဆရာဟာ
သတ္တိမရှိရင် သူရေးတဲ့စာတွေက သူရဲဘောဆန်နေလိမ့်မယ်။
ဥပမာ၊ ..  လယ်ယာမကျွမ်းကျင်သောလယ်လုပ်သားသည်၊ကောက်စပါး
အထွက်ညံ့သည်ကို ̏ အားလုံးမှာတာဝန်ရှိတယ်˝ ဟုပြောလျှင် လယ်မ
လုပ်သောသူတို့ လက်ခံမည်လော ?
တာဝန်ဟူသည် ယင်းတာဝန်ကိုထမ်းရွက်သောသူအတွက်သာဖြစ်သည်။
ကားမောင်းသူသည် ကိုသောက်သုံးမကျလို့ ကားမှောက်တာကို ̏ခရီးသည်
မှာတာဝန်ရှိသည်˝ ဟုပြောလျှင်ရပါသလား?
ကားမှောက်သောအခါ ကားမောင်းသူသာထောင်ကျ၍ ခရီသည်သည်
ထောင်ကျပါသလား?
ထိုသို့ ဦးထွန်းလွင်ကိုမေးချင်ပါသည်။
ထို့ကြောင့် လည်းကောင်းရေးသောစာအုပ်ကို ဖတ်ရန်ဝန်လေးပါသည်။
လည်းကောင်းရထားသောဒေါက်တာဘွဲ့သည် အဘယ်မျှတန်ဘိုးရှိသည်
ကို လည်းကောင်းပြောဆိုသောစကားရပ်က သက်သေခံနေသည်။
ဘာဖြစ်လို့လည်းမေးရင် . .
အပြစ်ရှိသူကို အပစ်မပြောရစတမ်းဆိုရင်တရားရုံး
တွေမြန်မာနိုင်ငံမှာ ဘာလို့ထားနေတော့မှာလည်း?
မှားယွင်းသောလူတစ်စုရဲ့လုပ်ရပ်ကို မှားယွင်းကြောင်းထောက်ဆ
ပြောဆိုမှုမလုပ်ရိုးရပါမူကား အမှားနဲ့အမှန်ဆိုသောအတ္ထဗေဒစကား
ရပ်ကို ဘာလို့လူသားတွေသင်ကြားနေတာလည်း ?
အမှားကိုအမှားလို့မပြောရဲသောလူတစ်ယောက်ရဲ့ကျမ်းစာအုပ်ကို
ဖတ်ရှု့သူအတွက် အမှားနဲ့အမှားကို သေချာစွာခွဲခြားနိုင်ပါမလား?
အမှန်ကိုအမှန်လို့မရေးသားသောကျမ်းစာအုပ်ကိုဖတ်ရှု့သူအတွက်
အမှန်ကို အမှန်ဟု သိရှိနိုင်ပါ့မလား?
အမှားကိုအမှားမှန်းလက်ညိုးမထိုးရဲသောကျမ်းစာအုပ်သည် ဖတ်ရှု့
သူအတွက် အပြာကားစာအုပ်လောက်ပင်ရသမြောက်မည်လော ?
စသည်ဖြင့်  . .  စသည်ဖြင့်  . .
အတွေးများသည် ကျွန်တော့ခေါင်းထဲသို့ တိုးဝင်ခြေဆန့်နေလေ
တော့သတည်း  . . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...