Sunday 12 April 2015

သိဒ္ဓိရူးများနှင့် သိဒ္ဓိထူးများအကြောင်း



̏ရေပုတ်နဲ့ ကျောက်ဆန် ၊ မီးအမြန်ချက်ပါတော့
နှပ်လျှင်ကွယ် လက်ဝယ်ဆုတ်ပါလို့
စားလိုက်ကွယ် နတ်ဆေး˝

အထက်ပါလင်္ကာလေးကို ၀ိဇ္ဇမယအတက်ကိုတစ်ဘက် ကမ်းခပ်တက်မြောက်
သော ၀ိဇ္ဇဓရအဘိုးအိုကြီးတစ်ပါးမှကျွန်ုပ်နှင့် ပုဂံတွင်ဆုံရင်းပြောဖြစ်ခဲ့ခြင်းဖြစ်
ပါသည်။
ကျွန်ုပ်သည် ဘ၀ါဘ၀ကပါလာသောအထုံရေစက်လားမသိ ပုပ္ပါးသို့သွားစဉ်
ဘိုးမင်းခေါင်နှင့်ဆုံခဲ့သည် မယ်ဝဏ္ဏနှင့်လည်းဆုံဖူးပါသည်။
အရာရာကို လွယ်လွယ်နှင့်ခေါင်းမညိတ်တက်သော ကျွန်ုပ်အား မဟာမြိုင်
တောကြီးထဲတွင် ရဟန်းဝိဇ္ဇာရသေ့ဝိဇ္ဇာ လူဝိဇ္ဇာများမြောက်များစွာရှိကြောင်း
ယက္ကန်းစင်တောင်ဆရာတော်ကြီးမှ မိန့်ကြားခဲ့ဖူးသလို သူ့လက်ဖ၀ါးထဲတွင်
ဓာတ်လုံးများစွာကိုပြသ၍  ..

̏ ဒီလို ဓာတ်လုံးတွေဟာ ˝
̏ မဟာမြိုင်ထဲမှာ အများကြီးပဲ ကွဲ့ ၊ ˝
̏ အကျင့်က အရေးကြီးတယ် ၊ ˝
̏အကျင့်ရှိရင် ဒီလိုဓာတ်လုံးတွေမလိုဘူး˝

ထိုစကားကို ကျွန်ုပ်အား ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီးမှကိုယ်
ထင်ပြပြောခဲ့ခြင်းဖြစ်ပါသည်။

လူတို့သည် များသောအားဖြင့်  . .
ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ အဟာရသိဒ္ဓိ  ဟုဆိုအပ်သော လောကီသိဒ္ဓိများကို
သာမျှော်ခေါ်နေကြခြင်းဖြစ်သည်။ တကယ့်ဝိဇ္ဇာလောကတွင်မူ ထိုဆိုအပ်
သော သိဒ္ဓိများသည် နှပ်ခြေးခြောက်လောက်ပင်အသုံးမ၀င်ပေ။
ကိုယ်ကျင့်သီလကို မလုံခြုံကြသော လောကသားများအတွက် သိဒ္ဓိဆိုသော
စကားရပ်သည် ထူးဆန်းနေသည်။
Phosphate ဒြပ်ကိုမသိသော နွားကျောင်းသားသည် မီးစုန်းကျောက်ကိုတွေ့
သောအခါ ထူးဆန်းနေသည်။ သူ့အတွက် တန်ခိုးတွေဖြစ်နေသည်။ထိုကျောက်
ကို သူ့ကိုယ်ဝယ်ဆောင်ထားပါက လောကီသိဒ္ဓိများပြီးမြောက်ပြီဟုအထင်
ရောက်နေသည်။
သိပ္ပံပညာကိုသိသော မြို့ကြီးသားများကမူ မီးစုန်းကျောက်ကိုမီးတောက်တာ
ကို အထူးအဆန်းမမြင် သဘာဝနိယာမဟုသိနေသကဲ့သို့ပင်။

ထို့ကြောင့် ၀ိဇ္ဇာကြီးများနှင့်ဆုံခဲ့ကြုံခဲ့ဖူးသောကျွန်ုပ်သည် လောကီသိဒ္ဓိများ
ထက် လောကုတ္တရာသိဒ္ဓိသည်ပဓာနအကျဆုံးဟု သိခဲ့ရလေသည်။ သိသည်
အလျှောက် ကိုယ်ကျင့်တရားနှလုံးသားအား မေတ္တာစိတ်ကိုထုံနိုင်အောင်
ကျိုးစားပါသည်။

ဒီကနေ့လောကသည် လောဘဦးစီးသူများကြောင့် ပျက်ဆီးနေရခြင်းဖြစ်သည်။
ကမ္ဘာသည် သူ့နိယာမအတိုင်း သတ္တ၀ါအပေါင်းကို ရှင်သန်စေသည်။ ယင်း
သတ္တ၀ါတို့ထဲတွင် လူသားများသည် အတ္တလွန်အကျိုးစီးပွားကိုရှာရင်း ကမ္ဘာ
ကို ဖျက်ဆီးပစ်ကြသည်။
မြန်မာပြည်တွင်  . ..
သစ်တောများ ကုန်ခဲ့ပြီ ၊ မြေအောက်အမာခံ ကျောက်သားများကို တူးလှန်ပစ်
ခဲ့ကြသည်။ စသည်ဖြင့် ကမ္ဘာကြီး၏ ခန္ဓာကိုယ်ကြီးအား အဆမတန် ဖျက်ဆီး
နေကြသည်။
ထို့ကြောင့် ရသီဥတုများပျက်လာသည်၊ ရာသီပျက်ခြင်းကြောင့် သီးပင်စား
ပင်များ ရသဓာတ်ချို့တဲ့လာသည်၊ ယင်းကိုစားသုံးရသောလူများတွင်လည်း
ကာယအားဉာဏအားများ ဆုတ်ယုတ်လာပြီး တဏှာလောဘအားကြီးလာ
ကြသည်။
ယင်းတဏှာကြောင့်  . .
သတ္ထုသိုက်များကို ရှာကြသည်။ သိဒ္ဓိလိုင်းများကို လိုချင်ကြသည်။
ဘယ်လိုလုပ်ရမှာတုန်း  . . လောဘအားကြီးသော သူမှာ လောဘသိဒ္ဓိပဲ
ရမှာပေါ့။

ကိုယ်ချင်းစာနာစိတ်မွေးမြူတက်ခြင်းသည် ထိုသူမှာ မေတ္တာသိဒ္ဓိများရ
နေပြီ။ ဒါကိုသိသောကျွန်ုပ်သည် လောကိုကအတက်နိုင်ဆုံးမေတ္တာစိတ်
မွေးမြူသည်။
မခိုင်ခံ့သော လောကသားများအခြင်းခြင်း မေတ္တာစိတ်၏ မေတ္တာသိဒ္ဓိ
သည် ကျွန်ပ်အား နုပျိုစေပါသည်။
နိုင်ငံခြားသားများနှင့်ဆုံဖြစ်သောတစ်နေ့မှာ  . .
အင်္ဂလန်သူနှင့်ဂျာမန်သူတို့က ကျွန်ုပ်အသက် (၄၀)ဆိုတာကို လုံးဝမယုံ
ဘူးဟု ပြောကြသည်။ တကယ်မှာကျွန်ုပ်အသက်သည် (၄၁)တောင်ရှိနေ
ပြီ။
ဤသည်ကား မေတ္တာသိဒ္ဓိ၏အကျိုးဆက်ဟုကျွနိုပ်ယုံကြည်။ ၀ိဇ္ဇာကြီး
များသည် မေတ္တာကိုသာ အရင်းတည်ကြသည်။
̏ဘုရားဖျက် သံဃာသတ် သိမ်ဖျက်နေကြသော မိစ္ဆာစစ်ခွေးဆိုးကြီးတို့
အပေါ်တွင်လည်း မေတ္တာပျက်မည်မထင်။ သူ့အကုသိုလ်သည် သူတို့
အားအကျိုးပေးနေမည်မဟုတ်ပါလော . . .˝
စာမူကိုပြန်ကောက်ရခြေသော်  . ..
လောကီသိဒ္ဓိဟူသမျှသည် အိုခြင်း ၊နာခြင်း ၊သေခြင်းသဘောရှိသည်။
လောကုတ္တရာသိဒ္ဓသည်ကား အိုနာသေဘေးမှလွတ်ကင်းသည်။
လောကတွင် မအိုမနာမသေသောလမ်းဟူသည် မဂ်လမ်းသာဖြစ်သည်။
ကာယသိဒ္ဓိပီယသိဒ္ဓိအဟာရသိဒ္ဓိဟူသမျှသည် အိုနာသေမလွတ်သော
လမ်းသာဖြစ်သည်။
ထိုသိဒ္ဓိကို ပြီးမြောက်ကြကုန်သော ၀ိဇ္ဇာကြီးများသည်လည်း အိုနာသေလွတ်
သော လောကုတ္တရာသိဒ္ဓိလမ်းကိုသာရည်မျှော်ကြခြင်းဖြစ်သည်။ ဒါကိုမသိ
ကြသော ကျွနိုပ်တို့လောဘသားကောင်များသည် လောကီသိဒ္ဓိနောက်
တစ်ကောက်ကောက်လိုက်နေကြသည်။
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Matrix မင်းသား Keanu Reeves သည်
"Money is the last thing I think about. "
̏ငွေဆိုတာ ကျွန်တော် အမြဲတမ်း နောက်ဆုံးမှ တွေးတဲ့အရာပါ˝
ဟုပြောခဲ့သည်။
ဒါဟာ လောဘကြီးသောလောကလူသားများအတွက် စံနမူနာကောင်းတစ်
ခုပင်မဟုတ်ပါလော။ တစ်လောကလုံးလိုလို ငွေနောက်လိုက်နေကြသည်။
ထိုသူကား ငွေအား လစ်လျှူရှု့ခဲ့သည်။
ထိုမင်းသားကြီး Keanu Reeves တွင် လောဘသိဒ္ဓိများပြီးမြောက်နေလေပြီ။
ကျွန်ုပ်တို့သည် ထိုမင်းသားကြီးကဲ့သို့ ဘောသိဒ္ဓိကိုပြီးမြောက်ရန်ကျိုးစားရ
မည်စံနမူနာကောင်းကိုအတုမယူဘဲ  . .
အဟာရသိဒ္ဓိနောက် လိုက်ကြသည်။ ပီယသိဒ္ဓိနောက်လိုက်ကြသည်။
ကဲ . .̏ ရေပုတ်နဲ့ ကျောက်ဆန်˝ လို့ ချက်စားဖြစ်တော့ရော  . .
ခင်ဗျားတို့  . . .
မ  . .အိုတော့ဘူးလား  .. .
မ  . နာတော့ဘူးလား  . ..
မ . . .သေတော့ဘူးလား  ..
တွေးတက်အောင်တွေးကြစမ်းပါ။ ထိုသို့အသိဉာဏ်များတိုးပွားစေရန်
ယခုလို ကျွန်ုပ်စာမူများရေးသားဝေငှနေခြင်းသာဖြစ်ပါသည်။ ခင်ဗျားတို့
မှာ ဒီစာကိုသေချာဖတ်၍ စဉ်းစားပါမူ ကျွန်ုပ်စာရေးသူ၏မေတ္တာစေတနာ
ကိုသိနားလည်ကြပါလိမ့်မည်။
ထိုကြောင့်  . . .
အိုနာသေလွတ်သော  . .အမတသုခလမ်းစဉ်ဖြစ်သည့်  .
ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊နိရောဓသစ္စာကို ဗုဒ္ဓရှင်တော်သည်
ကိုယ်ထင်ပြဟောဖေါ်ညွှန်ကြားဆုံးမခဲ့သည်။
ဒုက္ခသစ္စာကိုယ်ကောင်ကြီးကိုရနေသော ကျွန်ုပ်တို့သည် သမုဒယသစ္စာ
ဖြစ်သော ချစ်ခြင်း မုန်းခြင်း သာယာခြင်းတို့အတောမသတ်နိုင်ပါက ဘယ်
မှာအိုနာသေလွတ်မည်နည်း
စစ်ထောင် အချစ်ထောင် ဘ၀ထောင်တွေဟာ ကျွန်ုပ်တို့အားလုံးအတွက်
သစ္စာသိရင် ကြောက်စရာမလိုတော့ပါ။
အင်းစိန်အကျဉ်းထောင်ထဲတွင် နေခဲ့ဖူးသော ရဟန်းတော်တစ်ပါးက .

̏ ထောင်ကျတယ်ဆိုတာကွာ တကယ်တော့ လူကိုပဲချလို့ရတာပါ
တို့စိတ်က ဗုဒ္ဓစာပေထဲမှာရောက်နေတော့ များသောအားဖြင့်
ငါ  . . အိန္ဒိယကိုရောက်နေတာများတယ်˝

ဟု မိန့်ကြားဖူးသည်။
ဆိုလိုတာက ရဟန်းတော်ရဲ့စိတ်မှာ ဗုဒ္ဓနယ်ပယ်ထဲတွင်ကျက်စားနေသော
ကြောင့် ထောင်ကျတာကို သူမတုန်လှုပ်ဘူး˝ ဆိုသည့်သဘောပါ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ရုပ်နယ်ပယ် စိတ်နယ်ပယ်နှစ်ခုအား ယဉ်စပ်၍
သိဒ္ဓိရူးမရူးဘဲ သိဒ္ဓိထူးထူးနိုင်ရန်လိုအပ်ပါသည်။

လောဘသည် အဆုံးမရှိပါဘူး။
ဒီကနေ့ မြန်မာနိုင်ငံသံယံဇာတတွေရောင်းစားနေတဲ့သူတွေကိုမေးကြည့်ပါ။
̏သူတို့ ရောင်းစားလို့ကိုမ၀သေးဘူး˝ ဒီလိုပဲပြောမှာပါပဲ။
ထို့ကြောင့် ဘာသိဒ္ဓိပဲဖြစ်ဖြစ် လောဘသတ်နိုင်သောသိဒ္ဓိသာလျှင်ပဓာန
ကြကြောင်း တင်ပြအပ်ပါသည်။

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...