Saturday 11 April 2015

တစ်ဘို့တည်း . . နွား



မြန်မာနိုင်ငံအ၀ှမ်းလုံးကိုမဆိုထားနဲ့ ၊ ရန်ကုန်မြို့လည်ခေါင်မှာ
လမ်းသွားနေတဲ့သူတွေ  .. . လမ်းလျှောက်ရင်းဆေးလိပ်သောက်
နေကြတယ်။ နေကလည်းပူ ၊ ကားတွေမောင်းနေလို့ လေထုကလည်း
ညစ်ညမ်း ဒီကြားထဲ အဲဒီဆေးလိပ်သောက်တဲ့ အနှိကောင်တွေက
တစ်မျိုးကိုယ်ချင်းစာနာစိတ်မရှိကြဘူး ။
ကိုယ့်ကြောင့် တစ်ပါးသူ အသက်ရှုကြပ်မယ်ဆိုတာကိုထည့်မစဉ်းစား
ကြဘူး။
ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်ထားသော်လည်း လူမည်ကြတော့ပေ
လူသားခြင်းစာနာစိတ်မမွှေးကြတော့ပေ။
မိမိကြောင့် တစ်ပါးသူတို့ရဲ့ အဆုတ်ကို ရောဂါတွေဝေမျှနေကြတယ်
သြော်  .. .  သတ္တ၀ါတွေ တစ်ဘို့တည်းသမားတွေပါလား
ဒီလို အတ္တတွေနဲ့ဆိုရင် ဘ၀သံသာရာခရီးက ကြမ်းပါဘိနော်
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...