Sunday 12 April 2015

ပါရဂူ (သို့) ကွယ်လွန်ခြင်း.၄.နှစ်ပြည့်



ဆရာကြီးပါရဂူ၏ဘ၀ဇာတ်ကြောင်း
ပါရဂူ (၁၉၂၁-၂၀၁၁)
အမည်ရင်း – ဦးလှကြိုင်
မိဘ အမည် – ဦးဘစော + ဒေါ်မေတုတ်
မွေးသက္ကရာဇ် – ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်
မွေးဖွားရာ ဒေသ – ဟင်္သာတ ခရိုင်၊ သန္ဓံသနော့ ကျေးရွာ
ကလောင် အမည်ခွဲများ – ဝိဇ္ဇာ၊ လှကြိုင်၊ ပုဏ္ဍရိက
ကိုယ်ရေးဖြစ်စဉ်
ဆရာ ပါရဂူသည် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လသန္ဗံသနော့ရွာ မူလတန်း ကျောင်း၌ စတုတ္ထတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ၁၂ နှစ်သား အရွယ်တွင် သန္ဗံသနော့ ဘုန်းတော်ကြီး ကျောင်း၌ ကိုယ်ရင် ဝတ်သည်။ ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ ၁၄ နှစ် အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေး ကျောင်းတိုက်၌ ပညာ သင်သည်။ ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ အမည် ပြောင်းသည်။ ၁၅ နှစ် အရွယ်တွင် သန်လျင် မြို့နယ် လဟာရက်ရွာ ပထမပြန် စာသင်တိုက်မှ အစိုးရ ပထမပြန် စာမေးပွဲ ပထမငယ်တန်း အောင်မြင်သည်။ ၁၆ နှစ် အရွယ်တွင် ပထမလတ်တန်း၊ ၁၇ နှစ် အရွယ်တွင် ပထမကြီးတန်း တို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံသာဝတီ တခရိုင်လုံး ပထမကြီး နှစ်ပါးတည်း အောင်မြင်ရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ ပထမပြန် စာမေးပွဲ သမိုင်း၌ ထိုနှစ် ထိုအချိန်ထိ ၁၇ နှစ်နှင့် ပထမကြီး အောင်မြင်သူ နှစ်ပါး တည်းသာ ရှိရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။
၁၉၃၉ ခုနှစ်တွင် မျိုးညွန့်နွယ် အမည်ဖြင့် တိုးတက်ရေး မဂ္ဂဇင်း၊ သာမဏေ ရှင်ပါရဂူ အမည်ဖြင့် ဒဂုန် မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ ရေးသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေးပွဲတွင် ဂုဏ်ထူး သုံးကျမ်းဖြင့် အောင်မြင်သည်။ တိုးတက်ရေး မဂ္ဂဇင်းတွင် ဘုန်းကြီးကျောင်းသား အမည်ဖြင့် ဝိပါက် ဝတ္ထုနှင့် ရင်သွေး ဝတ္ထု တို့ကို ရေးသည်။
၁၉၄၂ ခုနှစ်တွင် မြစ်ကွေ့ ကျောင်းတိုက် စတုတ္ထ ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အရာထားပြီး ဘကြီးတော်သူ ဦးဘိုးသီ၊ ဒေါ်စောလေး တို့က ရဟန်း ဒါယကာ ပြုလျက် ဥပသမ္ပ ကံဆောင် ပဉ္စင်း အဖြစ် ရောက်ရှိ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် သန်လျင်မြို့ ဂျပန် စာသင်ကျောင်း (ယခင် စိန်ဂျောဂျက်) ၌ ဂျပန်စာ နှစ်နှစ် သင်သည်။ မြန်မာ တနိုင်ငံလုံးရှိ ဂျပန် စာသင် ကျောင်းများ အတွက် ထုတ်ဝေသော ဂျပန် စာစောင်၌ ဂျပန်ဘာသာ ဆောင်းပါး ရေးသည်။
အိန္ဒိယ သူဌေးကြီး ဗီရလာ၏ အရိဓမ္မ ပညာတော်သင် ဆုဖြင့် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဗာရာဏသီ ဟိန္ဒူ တက္ကသိုလ်၊ အိုရီယမ်တယ် ကောလိပ်၌ ဟိန္ဒီနှင့် သက္ကတ သင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မဟာ ဗောဓိ အသင်းက ထုတ်ဝေသော ဟိန္ဒီဘာသာ ဓမ္မဒူတ စာအုပ်၌ ဟိန္ဒီဘာသာ ဆောင်းပါး ရေးသည်။ ဂျာနယ်ကျော် ၌လည်း ရေးသည်။ ၁၉၅၂ တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဝိဇ္ဇာ အမည်ဖြင့် ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း) ရေးသည်။ ၁၉၅၄ ခုနှစ်တွင် ပါရဂူ အမည်ဖြင့် ဗုဒ္ဓစကား ရေးသည်။ ၁၉၅၅ ခုနှစ်တွင် လူဝတ်လဲသည်။
၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့ အာရှ စာရေး ဆရာများ ညီလာခံ အတွင်းရေးမှူး အဖွဲ့သို့ မြန်မာ စာရေး ဆရာ ကိုယ်စားလှယ် အဖြစ် တက်ရောက်သည်။ ၁၉၅၇ – ၆၁ အထိ မြန်မာ နိုင်ငံရှိ အိန္ဒိယ သံရုံး ပြန်ကြားရေး ဘာသာပြန် အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၁ အထိ မြန်မာနိုင်ငံ စာရေး ဆရာ အသင်းတွင် အမှုဆောင် တာဝန် ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် သုန္ဒရာနန္ဒ ခေါ် ညီတော် မင်းနန် စာအုပ်ဖြင့် အနုပညာ ဆိုင်ရာ ဘာသာပြန် စာပေဆု ချီးမြှင့်ခြင်း ခံရသည်။
၁၉၆၃ မှ ၁၉၆၅ အထိ မြန်မာနိုင်ငံ စာရေး ဆရာ သမဂ္ဂ အသင်း အမှုဆောင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်၊ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာ ကော်မရှင် အဖွဲ့ အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့် တက္ကသိုလ် များ၏ အရှေ့တိုင်းစာပေ သင်ကြားရေး အဖွဲ့ အဖွဲ့ဝင်အဖြစ် စတင်ဆောင်ရွက်သည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသော အာဂ်ျ (AJ) နေ့စဉ် သတင်းစာတွင် ပါရဂူ အမည်ဖြင့် ဗာရာမာကီကျိတ္တိ (မြန်မာပြည်မှ ပေးစာများ) ရေးသော ပင်တိုင် ဆောင်းပါးရှင် ဖြစ်သည်။ ကရာချိမှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို နယူးစ်လက်တားတွင် လှကြိုင် အမည်ဖြင့် မြန်မာနိုင်ငံ စာပေ ယဉ်ကျေးမှု သတင်း ဆောင်းပါးများ ရေးသည်။
၁၉၈၆ တွင် ဂေါရီ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသား စာပေ ဘာသာပြန်ဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာပြည် တဂိုး အသင်း ဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီ အသင်း ဥက္ကဋ္ဌ၊ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေး အဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည် ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာ အဖွဲ့ (ဓမ္မ ဇောတိ) အမှုဆောင်၊ မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့သည်။
၂ဝဝဝ ပြည့်နှစ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ ရည်ညွှန်းကျမ်း စီစဉ်ရေး အဖွဲ့ အဖွဲ့ဝင်၊ နော်ဝေရောက် အိန္ဒိယ အမျိုးသားများ အင်္ဂလိပ် – ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော သျှံတိဒူတ မဂ္ဂဇင်း၏ အကြံပေး တာဝန် ထမ်းဆောင်သည်။
၂ဝဝ၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၏ တသက်တာ စာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ဆရာ ပါရဂူသည် ၂ဝဝ၁ ခုနှစ် အသက် (၈ဝ) ပြည့်ချိန်တွင် လုံးချင်း စာအုပ် ၁ဝဝ အထိ ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် ယခုအခါ အမှတ် ၃၊ ငါးထပ်ကြီး ဘုရားလမ်း ဗဟန်း မြို့နယ်တွင် နေထိုင်လျက် ရှိသည်။ [1]
ဆရာ ပါရဂူသည် တဂိုးအား ဂုဏ်ပြုသော အနေနှင့် ရွှေပေါက်ကံမြို့သစ်တွင် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ကြီးကို တည်ထောင်ခဲ့သူ၊ တဂိုးစာပေအသင်းကြီး၏ ဥက္ကဋ္ဌ ဖြစ်သည်။
ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ
1. ကဗျာဆရာ၏ အသိုက် – ၂ဝဝဝ ပြည့်နှစ်
2. ကာဓမ္ဗရီနှင့် အခြား ဝတ္ထုများ
3. ကျန်းမာရေး သဝဏ်လွှာ
4. ကွန်မြူနစ် ဝါဒ သာလျှင် အဘယ်ကြောင့်
5. ခေါမဒဿန ပညာရှင် – ၁၉၉၆ ခုနှစ်
6. ဂါမဏိ
7. ဂါမတီ
8. ဂေါရီ – ၁၉၈၅ ခုနှစ်
9. ဂင်္ဂါနှင့် ဧရာဝတီ – ၁၉၉၅ ခုနှစ်
10. ဂျလရာမ်
11. ငှက်ဓမ္မသဘင် – ၂ဝဝဝ ပြည့်နှစ်
12. စကရ – ၁၉၉၉ ခုနှစ်
13. စကားပြောသော ရုပ်တုများ – ၁၉၉ဝ ပြည့်နှစ်
14. စာပေ ခရီးသည် – ၁၉၉၈ ခုနှစ်
15. စိတ္တရလေခါ – ၁၉၇၉ ခုနှစ်
16. ဆိုရှည်လစ်ဝါဒ – ၁၉၆၄ ခုနှစ်
17. ဆည်းဆာကြယ်နှင့် အခြား ဝတ္ထုတိုများ
18. စ်င္ဗုဒၶဘာသာ
19. ညီတော်မင်းနန် – ၁၉၈၉ ခုနှစ်
20. တဂိုး၏ တံလျှပ်ရေထင် ရွှေသမင်ဥပမာနှင့် အခြား ဝတ္ထုတိုများ -
21. တဂိုး၏ ရာဇကုမာရီနှင့် အခြားဝတ္ထုတိုများ
22. တဂိုး၏ ဝတ္ထုတို ပေါင်းချုပ် – ၁၉၇၅ ခုနှစ်
23. တဂိုး၏ ဝတ္ထုတိုများ – ၁၉၉၇ ခုနှစ်
24. တဂိုး၏ သံသယနှင့် အခြား ဝတ္ထုတိုများ
25. တရားရေစီးကြောင်း – ၁၉၉ဝ ပြည့်နှစ်
26. တော်လှန်သော အတွေးအခေါ်များ
27. တမ္ဗပဏ္ဏိ – ၁၉၉၉ ခုနှစ်
28. ဒဂုန် ဦးထွန်းမြင့်
29. ဒိဗျာ
30. ဒေသစာရီ ဝေသာလီ
31. ဒေါဏ၏ အတ္တကထာ (ပထမတွဲ) – ၁၉၉၅ ခုနှစ်
32. ဒေါဏ၏ အတ္တကထာ (ဒုတိယတွဲ) -
33. ဒိုဟာဓမ္မ ကဗျာ – ၁၉၉ဝ ပြည့်နှစ်
34. ဓမ္မစကား – ၁၉၇၄ ခုနှစ်
35. ဓမ္မ ဘဝတလျှောက် နေသွားနည်း အတတ်ပညာ – ၁၉၈ဝ ပြည့်နှစ်
36. နီတိ ပုံပြင်များ – ၁၉၉၃ ခုနှစ်
37. နေရာနှင့် အခြား ဝတ္ထုများ
38. နေရူး၏ သမီးထံ ပေးစာ
39. နိုင်ငံရေး ဒဿန
40. နိဗ္ဗာန် – ၁၉၆၉ ခုနှစ်
41. နှစ်ဆယ့်နှစ်ရာစု
42. ပရကထာ (တစေ့တစောင်း စာရေး ဆရာများ အကြောင်း) – ၁၉၈၉ ခုနှစ်
43. ပလေတို
44. ပီယဒဿီ – ၁၉၈၅ ခုနှစ်
45. ပုဂံ ခရီးသည်
46. ပုဂံ ခရီးသည် (အင်္ဂလိပ်)
47. ပုဂံဈေးနှင့် အခြား ဝတ္ထုတိုများ
48. ပဉ္စတန္ဈရ – ၁၉၆၅ ခုနှစ်
49. ပဉ္စာကထာ – ၂ဝဝ၁ ခုနှစ်
50. ပဏ္ဍိတကထာ – ၁၉၉၇ ခုနှစ်
51. ပန်းပုဆရာ
52. ဖော်မဲ့ဟင်္သာ – ၁၉၉၄ ခုနှစ်
53. ဗာဗာဒိုဟာ
54. ဗော်လဂါမှ ဂင်္ဂါသို့ (ဦးဆန်းထွန်းနှင့်)
55. ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း)
56. ဗုဒ္ဓဂုဏဝန္ဒနာ
57. ဗုဒ္ဓစကား – ၁၉၅၄ ခုနှစ်
58. ဗုဒ္ဓဒိုင်ယာရီ – ၁၉၆၄ ခုနှစ်
59. ဗုဒ္ဓနှင့် ဆိုရှယ်လစ်ဝါဒ
60. ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒ
61. ဗုဒ္ဓမြတ်စွာ – ၁၉၉၅ ခုနှစ်
62. ဗုဒ္ဓယဉ်ကျေးမှု ပြဇာတ်များ – ၂ဝဝ၁ ခုနှစ်
63. ဗုဒ္ဓသာသနာ စည်ပင် ပြန့်ပွားပုံ သမိုင်း
64. ဘဝ ခရီးသည် – ၁၉၉၆ ခုနှစ်
65. ဘဝ မင်္ဂလာ
66. ဘုရားကျောင်း တံမြက်လှည်းသမားနှင့် အခြား ဓမ္မဝတ္ထုများ
67. မဟာ ခရီးသည်
68. မဟာ လူသားဗုဒ္ဓ – ၁၉၈၉ ခုနှစ်
69. မင်းနှင့် ပြည်သူ
70. မဇ္ဓျိမပဋိပဒါနှင့် ဓမ္မဝတ္ထုတိုများ – ၁၉၉၅ ခုနှစ်
71. မြန်မာ သီရိလင်္ကာ သာသနာ ဆက်သွယ်ရေး
72. ယယာတီ
73. ယောဂီ၏ ဘဝဂါထာ – ၁၉၉၂ ခုနှစ်
74. ရာဇာနှင့် ဘိသိက် – ၁၉၈၂ ခုနှစ်
75. ရာဇာနှင့် သာသနာ
76. ရာဟုလာသံကိစ္စည်း – ၁၉၇၇ ခုနှစ်
77. ရေစီးကြောင်း (စာပေ/ယဉ်ကျေးမှု) – ၁၉၉၃ ခုနှစ်
78. လူ့ဘောင်သစ်
79. လယ်တီပဏ္ဍိတ ဦးမောင်ကြီး – ၁၉၉၅ ခုနှစ်
80. ဝေတာလ ဝတ္ထု – ၁၉၈ဝ ပြည့်နှစ်
81. ဝေဒနာ
82. ဝေသာလီ
83. ဝတ္ထုသမုဒ္ဒရာ – ၁၉၆၆ ခုနှစ်
84. သာလဝတနှင့် အခြား ဝတ္ထုတိုများ – ၁၉၉ဝ ပြည့်နှစ်
85. သားတော် ရာဟုလာ – ၁၉၇ဝ ပြည့်နှစ်
86. သီပေါ၏ မဟေသီ – ၁၉၇၂ ခုနှစ်
87. သီဟသေနာပတိ
88. သူလိုလူ – ၁၉၈၁ ခုနှစ်
89. သိဒ္ဓတ္ထ – ၁၉၆၄ ခုနှစ်
90. ဟိတောပဒေသ – ၁၉၅၅ ခုနှစ်
91. အညမည သဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ
92. အရစ္စတိုတယ် – ၁၉၉၅ ခုနှစ်
93. အမေ့ခံ ခရီးသည် – ၁၉၇၇ ခုနှစ်
94. အမ္ဗပါလီ – ၁၉၇၆ ခုနှစ်
95. အိန္ဒိယ ခရီးသည် – ၁၉၉၆ ခုနှစ်
96. အိန္ဒိယ ရုပ်တုနှင့် မြန်မာ ရုပ်တု စကားဆွေးနွေးခန်း
97. ဥတ္တရ ခရီးသည်
ကိုးကား
1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)
2. ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်မှ။
3. ဓါတ်ပုံ-မိုးမခ သတင်း

No comments:

Related Posts Plugin for WordPress, Blogger...