Sunday 26 April 2015

သတိရနေဆဲပါ . . . . မာရီဆာ


 ̏ မာရီဆာ  .. . ˝
 ̏မင်းဟာ ရေခဲပြင်ထဲမှာ စီးမြောသွားတာမဟုတ်ပါဘူး˝
 ̏ကမ္ဘာပေါ်မှာရှိနေတဲ့ လူသားစိတ်ဓာတ်အပြည့်အ၀ရှိတဲ့ ˝
̏ကိုယ်ချင်းစာနာတရားထားရှိတဲ့ ˝
 ̏ ထိုသူတွေ၏ နှလုံးသားထဲမှာ မင်းစီးမြောနေတာပါ˝

 ̏ သက်တောင့် သက်သာရှိပါစေ  . . . မာရီဆာ˝

"အရမ်းခက်ခဲကြမ်းတမ်းလှတဲ့ ခ၇ီးပါရှင် ချိန်လုံးနင်းထုတွေကြားမှာ
ခြေချနေရတယ်..ဒီနိုင်ငံလေ စွန့် စားမှုတွေပြည့်နေတဲ့ နိုင်ငံပေါ့.....
ပြန်လာရင် မေခွန်းတွေအများကြီးဖြေပေးမယ် ဘိုင်ဘိုင်" (မာရီဆာ)

မင်းနောက်ဆုံးနှုတ်ဆက်ခဲ့တဲ့ စာလေးကို ငါ facebook စာမျက်နှာ
ပေါ်မှာ ဖတ်လိုက်ရတယ်။ ဒါပေမယ့် ငါရေးထားတဲ့ ဒီစာကိုတော့
မင်း မဖတ်လိုက်ရဘူးနော်  . . .။
 ̏ ငါ  . . ကြေကွဲနေရပါပြီ  .. . မာရီဆာ˝
 ̏ မင်းတို့လို  . .. လူသားချင်းစာနာထောက်ထားတဲ့စိတ်ဓာတ်˝
 ̏ ငါတို့ မြန်မာနိုင်ငံရဲ့ လွှတ်တော်ထဲမှာ ရှိစေချင်ပါတယ်။˝

 ̏ မာရီဆာရေ  . . .˝
 ̏ မင်းတို့နဲ့အတူ နိုင်ငံတကာရဲ့သတင်းအချက်အလက်တွေကို
အမြန်သိရဖို့အတွက် အင်တာနက်တွေ လိုင်းကောင်းဖို့ ဆိုတာ
တွေဟာ မြန်မာအစိုးရအတွက်အခုအချိန်အထိရူးချင်ယောင်
ဆောင်နေတုန်းပဲရှိပါသေးတယ်။˝

 ̏ မာရီဆာ  . . .˝
 ̏ မင်းရဲ့ စီးဆင်းမှုတစ်လျှောက်မှာ ˝
̏ ငါတို့ မြန်မာနိုင်ငံသားတွေရဲ့ စစ်ဖိနပ်အောက်ကဘ၀ကို လှုပ်နှိုး
ပေးခဲ့ပါလို့ တောင်းဆိုချင်ပါတယ်˝
 မင်း ဘုရားသခင်နှင့်အမြန်ဆုံးဆုံတွေ့နိုင်ပါစေ  ..
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး.
မာရီဆာ၏ အတ္ထုပ္ပတ္တိ  . .အကျဉ်း
အရေးပေါ်လူနာတွေ ကုသပေးနေတဲ့ အမေရိကန်နိုင်ငံသူ ဒေါက်
တာ မာရီဆာ အီဗီ ဂီရီဝုန် Dr Marisa Eve Girawong,(အမေမှာ
ထိုင်နိုင်ငံသူဖြစ် ပါတယ်။
နိပေါနိုင်ငံ ငလျှင်ကြီးအတွင်း ဧ၀ရက်တောင်ပေါ်မှ နှင်းပြိုကျကာ
ရေခဲများ ပိနေကြသည့် တောင်တက်သမားပေါင်း ၁၀၀ ကျော်အား
သွားရောက် ကယ်တင်ဆေးကုသပေးနေစဉ်မှာ ရေခဲတောင် မှ နှင်း
များ ထပ်မံ ပြိုကျလာခဲ့တာကြောင့်သူမပါရေခဲပြင်အောက်ပိသွားခဲ့ပြီး
သေဆုံးသွားရပါသည်။

"အရမ်းခက်ခဲကြမ်းတမ်းလှတဲ့ ခ၇ီးပါရှင် ချိန်လုံးနင်းထုတွေကြားမှာ
ခြေချနေရတယ်..ဒီနိုင်ငံလေ စွန့် စားမှုတွေပြည့်နေတဲ့ နိုင်ငံပေါ့.....
ပြန်လာရင် မေခွန်းတွေအများကြီးဖြေပေးမယ် ဘိုင်ဘိုင်"

သူမလူနာများအားသွားရောက်မကယ်တင်မှီ ဖေ့ဘွတ်စာမျက်နှာမှာ
သူငယ်ချင်းတွေကို နုတ်ဆက်သွားခဲ့တဲ့ နောက်ဆုံးစာဖြစ်ပါ၊
သူမအပါဝင် ဧ၀ရက် တောင်တက် သမားပေါင်း ၂၀ဆကျာ်သေ
ဆုံးပြီး ၆၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
(Social Action for Women - SAW)




No comments:

Related Posts Plugin for WordPress, Blogger...