Saturday 11 April 2015

အနောက်တိုင်းသုတေသီတို့ . . .ဈာန်၏အလွဲများ



̏သင်္ကန်းကို ပွရောင်းစွာဝတ်ပြီး တောင်ပံများကဲ့သို့ အနည်းငယ် လှုပ်ခက်ပျံသန်း
ပါတယ်။˝
(အမေရိကန်နိုင်ငံ Philadelphia တက္ကသိုလ်က ကွမ်တမ်ဇီဝဗေဒပညာရှင်
ဂျပန်-ဆွစ်ဇာလန် လူမျိုး Dr.La Khwan ဦးဆောင်တဲ့ သုတေသနအဖွဲ့)
အထက်ပါ စကားရပ်ကို ရေးသားခဲ့ကြသော သုတေသီအဖွဲ့တို့၏ အတွေးအယူ
အဆအမှားတစ်ခုကိုအမှန်ဟုမယူဆစေလိုပါ။
 ̏ ရဟန္တာများ ဈာန်ကြွရာ(သို့မဟုတ်) ပျံသန်းရာမှာတို့ဟာအများထင်သလိုငြိမ်
သက်စွာပျံသန်းကြတာမဟုတ်ပါဘူး။ ̏ရဟန္တာများဟာ သင်္ကန်းကို ပွရောင်းစွာ
ဝတ်ဆင်ပြီးတောင်ပံကဲ့သို့လှုပ်ခက်ပျံသန်းပါတယ်˝
ထိုစကားသည် အင်မတန်မှလွဲမှားသော အယူအဆဖြစ်ပါတယ်။ အထက်ပါသုတေ
သီတို့သည်ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကို မသိဘဲ မိမိတို့တက်မြောက်ထားသော လောကဓာတ်
ပညာရပ်ကိုအခြေခံကာရဟန္တာများ၏ ဈာန်ပျံမှုကို တွေးဆလိုက်ခြင်းသာဖြစ်ပါသည်။
ဗုဒ္ဓပိဋကတ်ကို ထိုးဖေါက်မွှေနှောက်ခြောက်ခြားတော်မူခဲ့ကြသော ပိဋကကတ်
ဝိဇ္ဇာကြီးများ၏အယူအဆကို မသိကြခြင်းလည်းဖြစ်သည်။
ဈာန်ဟူသည် . . .
ဈာန (န) ဟူသောပါဠိစကားမှဆင်းသက်ခေါ်ဝေါ်ခြင်းဖြစ်သည်
[ေစ်+ယု။ ေစ် စိႏၲာယံ၊ စ်ာယတီတိ စ်ာနံ၊ ကြစိဓာတူတိအာဒိနာ အာတၱံ။
ရူ။၅၉၇။ (-မဏိမဉ္ဇူ၊၂။၂၅၁၊၄ဝဝ)။ စ်ပ+ယု။ နီတိ၊ဓာ။၃၂၃။]
(၁) ဈာန်၊ ဆန့်ကျင်ဘက် နီဝရဏစသော အကုသိုလ်တရားတို့ကို-
လောင်ကျွမ်း-ရှို့မြှိုက်-ပယ်ရှား-တတ်သောသဘော၊ ဆန့်ကျင်ဘက်
နီဝရဏစသော အကုသိုလ်တရားတို့ကို-ရှို့မြှိုက်-ပယ်ရှား-ဖျက်ဆီး-
ကြောင်းသဘော၊ ကသိုဏ်းစသော အာရုံကို-ကြံစည်၊ စဉ်းစား-တွေးတော-
ဆင်ခြင်-ကြောင်းသဘော၊ ကသိုဏ်းစသော အာရုံကို စူးစိုက်စွာ ရှုကြည့်
တတ်သောသဘော။(၂) ကြံစည်-စဉ်းစား-တွေးတော-ဆင်ခြင်-ခြင်း။
̏ ဆိုပါသည်။
စာရှု့သူမိတ်ဆွေသည် ကျွန်တော်ကိုးကားတင်ပြအပ်သည်ထက် ပိုမိုသိလိုပါက
သေချတောင်ဆရာတော်ရေးသားပြုစုအပ်သော ̏ ပဏ္ဍိတဝေဒနိယကျမ်း˝
ကိုဖတ်ရှု့ပါရန် ညွှန်းအပ်ပါသည်။
̏ ခက်ခဲရာကို ငါမဆို ထိုထိုကျမ်းကိုကြည့်˝
ဟူသော စကားအတိုင်း ကျွန်တော်ကျမ်းညွှန်းကိုကိုးကားခြင်းမဟုတ်ပါဘူး။
အင်မတန်မှ ခက်ခဲနက်နဲလှသော ဗုဒ္ဓ၀ါဒ၏ ဈာန်စိတ်ကို facebook စာမျက်နှာ
ထက်တွင် ရေးသားရမည်မှာ ပင်ပန်းသည်ထက် အကျိုးနည်းသည်ဟုထင်ပါသည်။
Facebook စာမျက်နှာတွင် ဗဟုသုတလိုလားသူထက် ̏ ဂလယ်အူကြောင်˝
သမားတွေကများသည်။ ကျွန်တော်ရေးသော စာမူများ၏ အောက်တွင်
̏ စာရှည်၍ မဖတ်ချင်ပါ˝ ဟု comment များရေးသည်ကိုတွေ့ရသည်။ထို့ကြောင့်
Facebook စာမျက်နှာသည် ခြုံငုံသုံးသပ်ရသော် လေးနက်သောအတွေးအခေါ်
အယူအဆများ ရေးခြင်းဖြင့် ရေးသူအတွက် အလွန်မတန်အကျိုးနည်းပါးသည်
ဟု ကျွန်တော်သံသယ၀င်မိသည်။( ယေဘုယျ)
ထို့ကြောင့် ဈာန်အကြောင်းသိလိုပါက ̏ ပဏ္ဍိတဝေဒနိယကျမ်း˝ ကိုသာဖတ်
ရှု့ပါဟု ဆိုရပေတော့သတည်း  . . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...