Tuesday 7 April 2015

ဒေါင်း ̏ က˝ သံ



ဒေါင်းတွေ  . .
သံလက်ထိပ်ကြီးတွေနဲ့တောင် တွန်သံပေးနေကြတုန်း . .။

ဒေါင်းပျိုမတို့ရေ  . ..
ခွပ်ဒေါင်းတစ်လှည့် ၊ ကတောင်းတစ်လီ
ဘ၀ဆိုတာ ̏ လံကဓော˝ ပဲမဟုတ်လား . .။

ရာသီရိုင်းတွေကြားထဲမှာ
တွန်နေကြတဲ့မင်းတို့အသံတွေ ကမ္ဘာတောင်မဆန့်ပါဘူးကွယ်။

ငါ . . .
ကဗျာမေ၇းတက်ခဲ့လို့ပေါ့ . .။

အကယ်၍
ဆရာတင်မိုးရှိနေသေးရင်
မင်းတို့ကို
ကမ္ဘာပေါ်မှာဖြန့်ပြမှာပေါ့။

အို  . .
တွန်သံတွေ  . .ခွပ်သံတွေ  . .
ငါ့ကဗျာတွေမှာတောင် ̏ အတက် ˝ တွေထွက်လို့ပေါ့။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...