Friday 17 April 2015

အသေကျပ်သောမြန်မာ့ဘ၀ကို အသေချောင်အောင်ကြိုးစားခဲ့သောဦးကျော်သူ


လောကတွင် စင်္ကြ၀ဠာဟူသည်လည်း အနန္တ။ ထိုထိုသောစင်္ကြ၀ဠာ
တို့တွင် သတ္တ၀ါဟူသည်လည်း အနန္တ။ ထိုသည့်ကို ခွဲခြားစိတ်ဖြာ
သော် ။ သူတော်ကောင်းလက္ခဏာနှင့် သူယုတ်မာလက္ခဏာဟု
နှစ်မျိုးနှစ်စားရှိသည်ကိုတွေ့ရမည်။
သူယုတ်မာလက္ခဏာကိုတော့ကျွန်တော်အထူးမပြောလိုတော့ပါဘူး။
ဘုရားဖျက်၊သိမ်ဖျက်၊သံဃာသတ်၊လူထုကိုညှင်းဆဲထောင်ချသတ်
ဖြတ်နေတာတွေဟာ ခင်ဗျားတို့မျက်စေ့နှစ်လုံးရှေ့တွင်ပဲမဟုတ်ပါ
လားခင်ဗျား  .. ။
သူတော်ကောင်းလက္ခဏာဆိုတာက သိခဲတယ်။ မြင်ခဲတယ်။ကြားခဲ
တယ်။ ဥပမာ  . .ဘုရားတစ်ဆူပွင့်လိုက်တယ်။ ဘုရားအဖြစ်ကိုး
ကွယ်ဆည်းကပ်သူ ရှားတယ်။ ဒီကနေ့ကမ္ဘာ့အခြေအနေကိုပဲလှမ်း
ကြည့်။ ဘုရားစစ်ဘုရားမှန်ကိုကိုးကွယ်ခွင့်ရတဲ့သူ ၊ သံဃာစစ်သံ
ဃာမှန်ကိုကိုးကွယ်ခွင့်ရတဲ့သူ ရှားနေတယ်မဟုတ်ပါလားခင်ဗျား။
 ̏ ၀ါဝါမြင်တိုင်းရွှေမှတ်လို့မထင်လိုက်ပါနဲ့ မောင်ချစ်သူရယ်˝ ဆို
သည့်စကားလို့ သံဃာအရည်ခြုံ၍ ̏ ဖာသည်မ˝ ဟု ဖာကိုင်ငါကိုင်
တုတ်နေသော ကတုံးတွေကိုမြင်ရသည်ကြားရသည်မဟုတ်ပါလော
ခင်ဗျား  . .။
ထို့ကြောင့် သူတော်ကောင်းလက္ခဏာဆိုသည်မှာ မြင်တွေ့နိုင်ခွင့်
နဲပါးပါသည်။ ̏ ကမ္ဘာလွန်လေလွန်ငြားသော်လည်း ဘုရားတစ်ဆူ
သူတော်ကောင်းတစ်ပါးနှင့်ဆုံဖို့ ကြုံရခဲသည်˝ ဟု ပေါရဏကထာ
ကျမ်းတို့ကဆိုသည်။
သို့ပါ၍ သူတော်ကောင်းလက္ခဏာကိုမြင်ရခဲ့သည်ဟုဆိုသည်။ ထို
အထဲတွင် ဦးကျော်သူသည်လည်း Top Ten ပေါ့။
ကျွန်တော်သည် ဒီနှစ်သင်္ကြန်တွင် ပြည်နယ်တစ်ခွင်ဒေသန္တရအလို့
ငှာထွက်ခဲ့ပါသည်။ ပြည်တစ်ဘက်ကမ်း ̏ ရွှေဘုံသာမုနိဘုရား˝
ရောက်ပါသည်။ မမြစိမ်းကိုလည်း နှုတ်ဆက်ခဲ့ပါသည်။ ထိုမှတဆင့်
ဖိုးဝင်းတောင်အသွား ရွှေဘုံသာမုနိဘုရားနှင့်အတော်အတန်နီးသော
ဦးကျော်သူတည်ထားကိုးကွယ်သော ဘုရားသို့ရောက်ခဲ့ပါသည်။
မပြီးစီးသေးသော်လည်း စနစ်တကျတည်ဆောက်ထားသောတောင်
တက်ကလားလမ်းအတိုင်း သွားခဲ့ရာ အခုလိုမှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ခဲ့ပါသည်။
ဒီကနေ့မြန်မာနိုင်ငံတွင် ဦးကျော်သူ၏ ပြည်သူ့အကျိုးဆောင်ရွက်
လုပ်ကိုင်မှုသည် စံနမူနာကောင်းတစ်ရပ်ဖြစ်သောကြောင့် နိုင်ငံအ
ဝှမ်းလုံးရှိမြို့နယ်အသီးအသီးတို့ရှိ ဗုဒ္ဓဘာသာလူမျိုးတို့သည် ̏ နာ
ရေးကူညီမှုအသင်းအဖွဲ့˝ များဖွဲ့စည်းဆောင်ရွက်လာကြသည်။
အကယ်၍ မြန်မာပြည်တွင် ̏ ဦးကျော်သူ˝ တစ်ယောက်မပေါ်ပေါက်
ခဲ့ပါမူကား ယနေ့မြန်မာပြည်တွင် ̏ အသေကြပ်˝ ဖြစ်နေမည်။
̏ နေရေးထက် သေရေးခက်˝ သော မြန်မာ့နိုင်ငံအခြေအနေတွင်
̏ နာရေးကူညီမှုအသင်း˝ သည် အတော်ကို စိတ်နှလုံးသက်သာ
ဖွယ်ရာဖြစ်သည်။
ဟိုးတုန်းက ̏ အသေကြပ်˝သောမြန်မာတွင် ဦးကျော်သူကြောင့်
̏ အသေချောင်˝ ခဲ့သည်။
နောက်ထပ် ̏ အနေကြပ်˝ သောပြည်သူ့ဘ၀ကို ̏အနေချောင်˝
အောင်ဖန်တီးကြိုးစားဆောင်ရွက်နိုင်သော သူတော်ကောင်းများ
ပေါ်ပေါက်စေချင်ပါသည်။
လက်ပတ်နီဝတ်၍ ပြည်သူကို ̏ ဗျင်းသော˝ စွမ်းအားရှင်အဖွဲ့မျိုး
တော့ မပေါ်ပေါက်ပါစေနှင့်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်လည်းကောင်း ကမ္ဘာပေါ်တွင်လည်း
စစ်အာဏာရူးများလျှော့ပါးဆုတ်ယုတ်ပျက်ပြား၍ ဦးကျော်သူကဲ့
သို့သောအများအကျိုးကိုဆောင်ရွက်နိုင်သော လူ့စွမ်းကောင်းများ
ပေါ်ပေါက်ပါစေဟု ကျွန်တော် ဆုတောင်းရေရွတ်မိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...