Monday 20 April 2015

အများအထင် နဲ့ ဘုရားအမြင်



အများအထင်ကိုအရင်ပြောရမယ်ဆိုရင် မျက်မှောက်နိုင်ငံရေးနဲ့
ယှဉ်ထိုးပြမယ်  . ..
ဦးနေ၀င်းကနေစပြီး အခုဦးသိန်းစိန်အထိကို ပြည်သူအများစုက
မကြိုက်ကြဘူး ဒီအထဲသံဃာတော်တွေလည်းပါတယ်။ စစ်ဘေး
စစ်ဒါဏ်ဆိုပြီး ရင်ဖွင့်ကြတယ်။ စစ်အုပ်ချုပ်ရေးတစ်လျှောက် လယ်
သိမ်းယာသိမ်းစသောဒုက္ခတွေကို ပြည်သူတွေခံစားရတယ်။
ဆင်းကဒ်တစ်ခုကိုပဲ အပြင်ပေါက်ဈေး မြန်မာကျပ်ငွေသိန်းသုံးဆယ်
နဲ့ဝယ်ရတယ်။ အခုဒေါ်လာပေါက်ဈေးနဲ့ဆိုရင် ဒေါ်လာသုံးထောင်
ပဲ။
လက်သဲခွံလောက်လေးကို ဒေါ်လာငွေသုံးထောင်ပေးဝယ်ရတယ်
အဲလိုအဘက်ဘက်က ဘေးဒုက္ခအ၀၀နဲ့ကြုံတွေ့ခဲ့ရတယ်။ ဒါတွေ
ကို အများကဘေးလို့မြင်တယ်။
မုံရွာလက်ပံတောင်းတောင်မှာသံဃာဥသျှောင်ကြီးတစ်ပါဖြစ်တဲ့
ဒီပနီကျမ်းများစွာပြုစုရေးသားတဲ့ လယ်တီဆရာတော်ကြီးသိမ်စေ
တီကို ဦးသိန်းစိန်အစိုးရကဖျက်ဆီးပစ်တုန်းကလည်း ပြည်သူတွေ
အော်ကြဟစ်ကြသလို အခံနိုင်တဲ့သူတွေက ထဆန္ဒပြတော့ အခုအ
ထိထောင်ထဲမှာ။
ဒီတော့က ဒါတွေအားလုံးကို အများက ̏ ဘေး˝ လို့မြင်တယ်။
ဘုရားအမြင်က အဲလိုမဟုတ်ဘူး  . ..
 အထက်ကပြောခဲ့တဲ့ဘေးတွေကလည်းပဲ ဘေးတော့ဘေးပဲ သို့
သော် ဒီဘေးဟာသစ္စာမသိသရွေ့ ခံနေရမယ့်ဘေး ̏ ဗဟိဒ္ဓဘေး˝
လို့ခေါ်တယ်။ ဗဟိဒ္ဓဘေးတွေကများတယ်နော် ၊ ရေ၊မီး၊သူခိုး၊
မွေခံဆိုး၊မင်းဆိုး ဆိုပြီး ဘေးငါးပါလို့စာမှာပါတယ်။
ဘုရားရှင်က ̏ ဗဟိဒ္ဓဘေး˝ကို အဓိကမထားဘူး။ ဘ၀သံသာရာ
ဆင်းရဲဒုက္ခအ၀၀ကိုပေးနေတာဟာ (သို့) အခုလိုဆင်းရဲဒုက္ခဘေး
ကြမ်းအတိနဲ့ရင်ဆိုင်နေရတာတွေဟာ ̏ အဇ္ဈတ္တဘေး˝ ကိုမသိလို့
တဲ့။
 ̏ အဇ္ဈတ္တဘေး˝ ကိုမသိခဲ့တဲ့အတွက်  . ..
စေတီပုထိုးတွေကိုလည်းဖျက်ဆီးကြတယ်၊ ရဟန်းသံဃာတော်
တွေကိုလည်း မီးလောင်ဗုံးနဲ့ထုသတ်တယ်၊ ပြည်သူလူထုကို
လည်း ဆင်းရဲဒုက္ခရောက်အောင်ဖန်တီးကြတယ်လို့ ဗုဒ္ဓကဖွင့်
ဆိုတယ်။
တကယ်ကြောက်စရာကောင်းတာက ̏ အဇ္ဈတ္တဘေး˝ ဘုရားရှင်က
ဒီ ̏ အဇ္ဈတ္တဘေး˝ ကို နှိမ်နင်းနိုင်ရင် auto ပဲ ̏ ဗဟိဒ္ဓဘေး˝ ဟာ
ငြိမ်းသွားလိမ်မယ်တဲ့။
အခု ကမ္ဘာမှာရော မြန်မာမှာပါ ̏ ဗဟိဒ္ဓဘေး˝ တွေများတယ်။
ဟိုတစ်နေ့ကပဲ အီသီရိုးပီးယားနိုင်ငံမှာ IS အကြမ်းဖက်သမားတွေ
က ခရစ်ယာန်ဘာသာဝင်လူ(၂၀) ကျော်ကို လည်လှီးသတ်ဖြတ်
လိုက်တယ်ဆိုတဲ့ သတင်းဓာတ်ပုံတွေ DvBသတင်းမှာကြည့်လိုက်
ရတယ်။
ဒါ ̏ အဇ္ဈတ္တဘေး˝ ကိုမရှု့ကြည့်ကြတဲ့အတွက် ရက်စက်တဲ့အကြမ်း
ဖက်မှုတွေကိုဖြစ်ပေါ်နေတာပါပဲ။
̏သူတစ်ပါးအသက်ကို သတ်ရင် တန်ပြန်သောဘေးဒုက္ခကိုငါတို့ထိ
ရောက်ခံစားရမယ်˝ ̏ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်ရင် ငါတို့
လည်း ဒုက္ခပြန်ခံစားရမယ်˝ ဆိုတဲ့ ̏ ၀ိပါကဘေး ˝ ကိုလည်းသူတို့
မသိကြတဲ့အတွက် ရက်စက်ယုတ်မာမှုတွေကိုလုပ်နေကြတာပဲ။
ကိုယ်က သူတစ်ပါးမိသားစုလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာ
မြေတွေကို နည်းပရိယာယ်သုံးပြီး အပိုင်သိမ်းလိုက်တယ်။ အသိမ်းခံ
သူတစ်ပါးမိသားစု များစွာအတိဒုက္ခ ̏ ဗဟိဒ္ဓဘေး˝ ရောက်မယ်
ဆိုတာ သိမ်းယူသူလောဘသမားက မသိလိုက်ဘူး။ တစ်ဖန် ဒီလို
သူတစ်ပါးမိသားစုအား ̏ ဗဟိဒ္ဓဘေး˝ သင့်အောင်ကိုယ်လုပ်လိုက်
တဲ့အတွက် ကိုယ့်မှာတစ်ဖန်ပြန်ပြီး ̏ အဇ္ဈတ္တဘေး˝တွေသင့်ဦးမယ်ဆို
တာလည်း သူမသိဘူး။
ဒ့ါကြောင့် ဗုဒ္ဓရှင်တော်မြတ်က . . . .

̏ အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။˝
̏ ပုညပါပကဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။˝
̏ အန၀ဿုတ စိတ္တဿ၊ ရာဂတည်းဟူသောမိုးမစိုစွတ်သောစိတ်ရှိ
သော။ အနနွာဟတ စေတသော၊ ဒေါသဖြင့်မထိပါးသော စိတ်ရှိ
သော။ ပုညပါပဟီနဿ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော။
ဇာဂရတော၊ သဒ္ဓါ သတိ ပညာ အစရှိသောငါးပါးသောနိုးကြားခြင်း
ဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်အား။ ဘယံ၊ အဇ္ဈတ ဗဟိဒ္ဓ ဘေးရန်
နှစ်ပါးတို့သည်။ နတ္ထိ ၊ မရှိလေကုန်ရာသတည်း။˝

ကဲ  . .စာရှု့သူမိတ်ဆွေတို့ခင်ဗျား  .. .
ကျွန်တော်တို့နေ့စဉ်ခံစားနေရသော တရားဥပဒေမဲ့လုပ်ရပ်များ
လုံခြုံမှုမရှိသောပြည်သူ့ဘ၀ရပ်တည်မှုများ ဒါတွေအားလုံးဟာ
 ̏ ဗဟိဒ္ဓဘေး˝ တွေဖြစ်သလို . . .
ကျွန်တော်တို့ရင်ထဲမှာရှိနေတဲ့ မတရားလိုချင်မှုများ ၊ မတရား
နိုင်ကျင့်လိုသောစိတ်များစသည်တို့ဟာ ̏ အဇ္ဈတ္တဘေး˝ တွေဖြစ်
ပါကြောင်း  . .. ။
ကျွန်တော်တို့ဟာ ဒီဘေးရန်နှစ်မျိုးကို ဖယ်ရှားနိုင်ဖို့အတွက် ပညာ
တွေလိုပါတယ်။ ကျွန်တော်တို့မှာ အနာတည်းဟူသော ရန်ဘေးနှစ်
မျိုးရှိနေတယ်ဆိုတာ သိနေလောက်ပြီ။
ကဲ  ..  အနာသိရင် ဆေးရှိတယ် ဆိုတဲ့စကားအတိုင်း စစ်ဘေးစစ်
ဒါဏ်အစရှိတဲ့ ̏ ဗဟိဒ္ဓဘေး˝ ကတော့ ကျွန်တော်တို့ ဖယ်ရှားရှောင်
ကွင်းနိုင်ဖို့မလွယ်ကူပါဘူး။ ဘုရားရှင်ကလည်းပဲ ဒီ ဗဟိဒ္ဓဘေးကို
ရှောင်ကွင်းနိုင်ဖို့ လုံးဝလွတ်ကင်းနိုင်သောနည်းမရှိဘူးလို့ပြောခဲ့
ပါတယ်။ ဒီ ဗဟိဒ္ဓဘေးကိုလည်းပဲ သတိမထားဂရုမစိုက်ဘဲ မိမိတို့
ကိုယ်စီရင်ထဲမှာရှိနေတဲ့ အဓမ္မလောဘ၊ဒေါသဆိုတဲ့ ̏ အဇ္ဈတ္တဘေး˝
သည်သာပဓာနကျကြောင်း  . ..  ယင်းကိုသာလျှင် နှိမ်နင်းဆုံးမ
ကွပ်မျက်ရမည်ဖြစ်ကြောင်း  . .. ယင်းကို ဆုံးမနိုင်ပြီဆိုပါက အား
လုံးသောဘေးရန်တို့မှလွတ်ကင်းပြီးဆိုတဲ့အကြောင်းကို . .  .
̏ အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။˝
̏ ပုညပါပကဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။˝
ဟု ဆုံးမခဲ့သည်မဟုတ်ပါလော  .. . .
ဤကောင်းမှုကို မိမိအားပါဠိဘာသာကိုရှေးဦးစွာသင်ကြားပြသဆို
ဆုံးမခဲ့သော ပုဗ္ဗာစရိယဖခင်ကြီးဦးလှစံအားရည်စူးမိပါသည်။
ကိုးကား  . .
သုတ္တာန်ပိဋကတ်၊ ခုဒ္ဒကနိကာယ်၊
ဓမ္မပဒပါဠိတော်နိဿယ၊ဒုတိတွဲ၊နှာ၊၃၈
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...