Friday 10 April 2015

ဓမ္မိယလာဘ်နှင့်အဓမ္မိယလာဘ်



ဓမ္မိယလာဘ်မဟုတ်သော သိန်းသန်းပေါင်းများစွာသော ငွေများဖြင့်
 လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းထက် ၊ ဆိုက္ကားနင်းကူလီထမ်း၊ကုန်သည်
လယ်လုပ်ယာခုတ်၍ရသောငွေ တစ်ရာတစ်ဆယ်သည် များစွာသော
အကျိုးကိုပေးစေသည်၊ ဖြစ်လေရာသောဘ၀သံသာရာတွင် ရန်သူ
မပေါများဘဲ ငြိမ်းအေးသောသုခကိုရစေသည်ဟု ၊ ဗုဒ္ဓအဘိဓမ္မာက
ဖွင့်ဆိုသည်။
ထိုကြောင့် စာရှု့သူသည် ဘ၀သံသရာခရီးတစ်လျှောက် ငြိမ်းအေးသော
ဘ၀ပိုင်ရှင်ဖြစ်လိုပါက ဓမ္မိယလာဘ်ဖြင့်သာရအပ်သောဥစ္စာကို နည်းသည်
များသည်မဟူ ပေးကမ်းလှူဒါန်းစွန့်ကြဲပါ။
သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုးစီးပွား သွေးသားမျက်ရည်
များကို ရင်းနှီးရအပ်သော အဓမ္မိယလာဘ်တို့ကို မမျှော်လင့်ပါနှင့်
ထိုငွေများဖြင့် လှူဒါန်းခြင်းသည် ရန်ပေါများ၏ ။
ကျွန်တော်ငယ်စဉ်က ဗုဒ္ဓပိဋကတ်ကိုဝင်ရောက်မွှေနှောက်ဖူးခဲ့သော
ဇာတက၀တ္ထုလေးကို ထောက်ပြရပါမူ  . .
ဗုဒ္ဓမြတ်စွာလောင်းလျာ်သည် ပြည့်ရှင်မင်းဘ၀ဖြင့် တိုင်းပြည်အုပ်ချုပ်မင်း
လုပ်၍ နေ၏ ။ ဓမ္မိယလဘ်ာဖြင့် လှူးဒါန်းပေးကမ်းစွန့်ကြဲလိုသော် ပြည့်ရှင်
ရှင်မင်းကြီးသည် တိုင်းပြည်အုပ်ချုပ်မှုအား အမတ်နှင့်စစ်သူကြီးတို့ကိုအပ်
ထားပြီး ကိုယ်တိုင်လယ်ယာမြေထွန်ယက်ကာ ထိုသီးနှံတို့အား ရသေ့
ရဟန်းတို့အား လှူဒါန်းပါသည်။

ထိုအခါ အမတ်တို့က  . ..
̏ မြတ်သောမင်းကြီး˝
 ̏ ဤတိုင်းပြည်သည်ကား အရှင်မင်းကြီး၏တိုင်းပြည်ဖြစ်ပါသည်˝
̏ ထိုတိုင်းပြည်ရှိ ဘဏ္ဍာတို့သည်လည်း အရှင်မင်းကြီး၏ ပိုင်ဆိုင်မှုပင်ဖြစ်သည်˝
̏ ထိုဘဏ္ဍာတို့ဖြင့် လှူးဒါန်း၍ ရသည်မဟုတ်ပါလော ˝

̏  အို ˝  ̏ မင်းအမတ်တို့ ˝
̏ သင်တို့လျှောက်တင်အပ်သော စကားသည် မှန်၏˝
̏  သို့သော် ထိုဘဏ္ဍာတို့သည် မစင်ကြယ်ကုန်˝
̏ တိုင်းသူပြည်သားတို့နှင့် ယှဉ်စပ်ကုန်˝
̏  ငါကိုယ်တိုင် လယ်ယာမြေတို့အားထွန်ယက်စိုက်ပျိုး၍ ရအပ်သော
သီးနှံတို့သည် ငါ၏ ချွေးနှဲစာဖြစ်သည် တိုင်းပြည်သူသားတို့နှင့်မယှဉ်စပ်
သန့်စဉ်သော ဓမ္မိယလာဘ်တို့ဖြစ်သည်˝
̏ ထိုဓမ္မိယဘာဘ်သည် သန့်စင်သောအကျိုးကိုပေး၏ ကျရောက်လတ္တံ့
သော ဘေးရန်တို့ကို ငြိမ်းအေးစေ၏ . . .˝
̏ ထို့ကြောင့် သင်မင်းအမတ်တို့သည်လည်း သန့်စဉ်သောဓမ္မိယဘဘ်ကို
ရှာအပ်၏ ၊ ထိုသန့်စဉ်သောဓမ္မိယဘာဘ်ဖြင့်သာ လှူဒါန်းထိုက်၏˝

̏ မှန်လှပါ မြတ်သောမင်းကြီး˝
̏ အရှင်မင်းမြတ်၏ အဆုံးအမသည် အကျွန်ုပ်တို့၏ ကိုယ်စိတ်တွင်
တည်ပါစေသည် ဘုရား ˝

ကဲ  .. စာရှု့သူမိတ်ဆွေ  . .
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဟူသည် သိမ်မွေ့၏ ၊ နက်နဲ၏ ၊ သန့်စဉ်၏ ၊မွန်မြတ်၏
ဤ  ဓမ္မအလင်းကုသိုလ်ကို သင်သည် ဝေငှပါလော့  ..  နှစ်ကူးအတာ
တန်ခူးသည် သင့်အတွက် ဓမ္မိယဘာဘ်များဖြင့် သန့်စဉ်သောကုသိုလ်
ပိုင်ရှင်ဖြစ်ပါစေဟု  ..
ကျွန်ုပ် ဒိုးကြီးသည် ဆုတောင်းမိသည် ၊
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...