Saturday 18 April 2015

အရက်ခွက်လှန်နှင့်ဘ၀ရက်ကျန်



̏ အရက်မရှိ ခွက်ကပ်နဲ့မူး˝ အရက်သမားများစကားလေးပေါ့။
ပုလင်းကလည်း လဲမှောက်နေပြီ။ မတ်မတ်ထိုင်နေတဲ့ ခွက်က
လေးထဲ အာသာဆန္ဒနဲ့ ကြည့်လိုက်တယ်။ သူမျှော်လင့်ထားသ
လို ခွက်ထဲမှာ အရက်စီးကြောင်းလေးမျှမျှ ကျန်နေသေးတယ်။
ဒါနဲ့ ခွက်ကလေးကိုကိုင်ပြီး မော့လိုက်တယ်။
သူလိုချင်တဲ့အရသာတော့ မရှိတော့ဘူးလေ။ ခွက်ထဲမှာ အရက်
နံ့သင်းသင်းလေးတော့ကျန်နေသေးတယ်။ ဒါနဲ့ပဲ အဲဒီအခွက်ကပ်
အနံ့နဲ့မူးရတော့တာပေါ့  . . ။
ကဲ  ..  တို့များရဲ့ဘ၀လက်ကျန်ကိုလည်း ရှု့ကြည့်ပါဦး။ (၇၅)နှစ်
တာသော သက်တမ်းဆီမှာ ဘ၀လက်ကျန်က ဘယ်လောက်ရှိပါ
သေးသလည်း။
ကိုးကွယ်ယုံကြည်ရာ၊လူမျိုး၊နိုင်ငံတွေ ခဏဘေးဖယ်ထားကြည့်ပါ။
ဘ၀လက်ကျန်ကိုပဲ တွက်ဆမိတော့ . ..
ထိပ့်လန့်ဖွယ်ရာများသာတည်း  . .. ။
ကိုယ်သုံးဖြုန်းခဲ့သော သက်တမ်းအလျှောက် ကိုယ်ပိုင်ဆိုင်ခွင့်ရ
တော့မည့် ဘ၀ရက်ကျန် . . .။
ကိုယ်စိတ်တိုင်းကျသုံးဖြုန်းခဲ့ပြီးသော ဘ၀ရက်များအပေါ်အလိုမကျ
မှုများ ကျေနပ်မှုများ စတာတွေကို မေ့သာထားလိုက်တော့။ အခု
ရောက်ဆဲမှာ ကိုယ်ဆက်လက်သုံးစွဲပိုင်ခွင့်ရှိသော  . . . . .
ဘ၀ရက်ကျန်မှာဘာတွေလုပ်မှာလည်း  . .?
မတရားမှုတွေလား ?  တရားမှုတွေလား ?
အများအကျိုးလား ?  ကိုယ့်အကျိုးလား ?
ဒါကိုတွေးသင့်ပါပြီ။
ကိုယ်ကိုးကွယ်တဲ့ဘာသာ၊လူမျိုးတွေကိုမေ့ထားလိုက်ပါတော့။
ဘုရားစွဲ၊နိုင်ငံစွဲ၊လူမျိုးစွဲဆိုတာ ဥပါဒါန်ခန္ဓာထဲကမလွတ်တဲ့ယုံ
ကြည်ချက်တွေပါပဲ။ ဒါတွေဟာ တကယ့်အရေးမပါတဲ့ စကား
လုံးတွေပါပဲ။
တကယ့်အရေးပါတာကတော့ လက်ကျန်ဘ၀နေ့ရက်များသာ
တည်း။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုးကွယ်ယုံကြည်ရာတွေကို
ခဏမေ့ထားသင့်သလို ၊ ငါက ဘာလူမျိုး၊ သူက ဘာလူမျိုးစတဲ့
̏သမုတိ˝စကားရပ်တွေကိုလည်းအသုံးသင့်တော့ပြီ။
အထက်ကကျွန်တော်မေးခဲ့သော  . .
ဘ၀ရက်ကျန်မှာဘာတွေလုပ်မှာလည်း  . .?
မတရားမှုတွေလား ?  တရားမှုတွေလား ?
အများအကျိုးလား ?  ကိုယ့်အကျိုးလား ?
ဆိုသော မေးခွန်းများသည်သာ ပဓာနကျသည်မဟုတ်ပါ
လော။
ဘုရားဟူသည် ကောင်းတာလုပ်တာမှန်သမျှသဘောကျမည်သာ၊
မကောင်းတာလုပ်တာမှန်သမျှ မနှစ်လိုသည်သာ။ထို့ကြောင့် ဘုရား
အရေးထက် ကောင်းတာလုပ်ဖို့သည်သာ ပဓာနဖြစ်သည်။
ဘုရားကို ဦးခေါင်းတင်၊ သင်္ကန်းကိုအရေခြုံနေကာမျှဖြင့် ဘုရားတိုင်း
ကြိုက်မည်မဟုတ်ပေ။
ထို့သည်ကို  .. .
̏ ကိလေသေ ဘိန္ဒတီတိ ဘိက္ခု။ ˝
ကိလေသာတို့ကို ဖျက်ဆီးတက်သောကြောင့် ဘိက္ခုမည်၏။
̏ ဆိန္နဘိန္နပဋဓရောတိပ ဘိက္ခု၊ဘိက္ခနသီလောတိပိ ဘိက္ခု။ ˝
ပေါက်ပြဲတက်သောအ၀တ်ပုဆိုးတို့ကို ၀တ်ဆင်ခြင်းကြောင့်
ဘိက္ခု٫တောင်းရမ်းစားသောက်ခြင်းကြောင့် ဘိက္ခုမည်၏။
̏ သံသာရေ ဘယံ ဣက္ခတိ٫ဣက္ခနသီလောတိ ၀ါ ဘိက္ခု။˝
သံသရာဘေးကို ရှု့ဆင်ခြင်၏٫ အကျင့်သီလကို ရှု့ဆင်ခြင်
သောကြောင့် ဘိက္ခု မည်၏။
ဘိက္ခုဆိုသော ပါဠိစကားသည် ဤမျှလောက်အနက်အသွားရှိ၏
ယင်းကြောင့် အ၀တ်သင်္ကန်းသည်ပဓာနကျသည်မမည်။ ပရမတ္ထ
သစ္စာဖြစ်သော အကျင့်သီလသည်သာ ပဓာနကျသည်။
သို့ဖြစ်ပါ၍  . . ဘ၀လက်ကျန်တွင် သမုတိသစ္စာရပ်များကို လှန်
လှောချန်ထားခဲ့ပြီးသကာလ ပရမတ္ထသစ္စာရပ်များကိုသာ ငဲ့ရှု့ဆင်
ခြင်အားထုတ်ရမည်ဖြစ်သည်။
ဘာအ၀တ် ၊ ဘာလူမျိုး၊ ဘာဘာသာပဲကိုးကွယ်ကိုးကွယ်  . .
စေတီပုထိုးသိမ်ကျောင်းရဟန်းသံဃာပြည်သူလူထုတို့အား ဆင်းရဲ
ကြောင်းဖြစ်သောအလုပ်များကို လုပ်ဆောင်ခြင်းနှင့် မလုပ်ဆောင်
ခြင်းသည်သာပဓာနဖြစ်သည်။
မည်သူပင်ဖြစ်ပါစေ ကိုးကွယ်ယုံကြည်ရာကိုဖျက်ဆီး၏ ယင်းသို့
သောသူသည် လောကကိုဖျက်ဆီးသောသူသာဖြစ်သည်။ ယင်း၏
ပြုမူလုပ်ဆောင်မှုသည် ကောင်းမှုဟူ၍ သမုတ်ရန်မသင့်လျှော်ပေ။
နိဂုံးချုပ်အားဖြင့်ဆိုသော်  . .
လူသားသည် မိမိနေရမည့်သက်တမ်းတစ်လျှောက် လောကကောင်း
ကျိုး မိမိကောင်းကျိုးများနှစ်မျိုးကိုသာလျှင် ပြုလုပ်အားထုတ်သင့်
သည်ဟု ၁၃၇၇-ခုနှစ်၊တန်ခူးလဆန်း-၃-ရက်။ 2015.4.19 ရက်နေ့
တွင် တွေးတောဆင်ခြင်ရေးသားလိုက်ခြင်းသာဖြစ်သည်။
ကိုးကား . .
တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ-၁၅ ၊ နှာ ၆၉၅

ကောင်းမှုကို မိမိအား ပါဠိဘာသာကို ရှေးဦးစွာသင်ကြားပြသ
ပေးခဲ့သော ဖခင်ကြီး ဦးလှစံအား ဝေငှမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...