Sunday 12 April 2015

တန်းခူးကဗျာ



တန်ခူးမေတ္တာ  . .စူးရှပါသည်
ဘေးဘယာတို့ ဝေးကြစေ  . .။

နှစ်ဦး နှစ်ထူး ၊ နှစ်မှာမြူး
ပြည်သူတို့လည်း ထမင်းဝစေ  . . ။

မုသားထူပြော ၊ ခေါင်းဆောင်လော
သမတယုတ်နဲ့ လွဲပါစေ  .. ။

လက်ပတ်နီလော အနက်လော
သူယုတ်ဘေးမှ ကင်းဝေးစေ  . .။

လိုချင်တောင့်တ ဆန္ဒဝ
ပညာရေးလည်း ကောင်းပါစေ  . .။

လယ်သိမ်း ယာသိမ်း တောင်ကိုသိမ်း
ဧရာမြစ်လည်း စီးပါစေ  .. ။

ထိုပြည် ရခိုင် ၊ပြည်မဏ္ဍိုင်
သွေးအိုင်ဘေးမှ ဝေးပါစေ  . .။

အမျိုးဘာသာ ၊သွေးဆူကာ
စူးတိုက်ခြင်းမှ ဝေးပါစေ  . .။

တိုင်းရင်းသားများ ၊ စည်းလုံးအား
ငြိမ်းချမ်းရေးကြီး ရပါစေ  . .။

ဆင်းရဲသားတွေ ၀မ်းဝစေ
ဒေါ်ခင်ဝင်းကဲသို့ လွဲပါစေ  . .။

မီဒီယာများ စိတ်ကောင်းထား
ကိုပါကြီးအဖြစ်နဲ့ ဝေးပါစေ  .. ။

ကဲ  . .
ကျွန်တော်လည်းလက်ညောင်း
ဤကဗျာကောင်း  . . ရေးလိုသူတွေဆက်ရေးစေ  . .။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
စကားကြွင်း  . .
ကျွန်တော် ဒီနေ့  . . ရေမပက်ဘူး  . .
မေတ္တာတွေပက်နေတယ်  . .
တန်ပြန်အကျိုးသက်ရောက်မှုကတော့
ကျွန်တော့ ရင်ဘတ်မှာ မေတ္တာရေစင်တွေ  . .
စိုလို့ ရွှဲနေတာပါပဲ  . .

No comments:

Related Posts Plugin for WordPress, Blogger...