Saturday 25 April 2015

ကိလေသာအလိုမပြည့်သော မိဖုရားကြီး



ဘုရင်လင်ကြီးငုတ်တုတ်ရှိပါလျက်နဲ့ ၊ လူလုင်အသွင်ဆောင်ထားသော
ဂဠုန်ကြီးကို ခံတွင်းလိုက်သတဲ့။ ဒါပုံပြင်မဟုတ်ဘူးနော်၊ တကယ့်အဖြစ်
အပျက်။ ဒီမိဖုရားကြီးဟာ အဲဒီငဠုန်လုလင်နဲ့ပျှော်ပါးတာကို မအားရသေး
ဘူး။
သူ့ဆန္ဒကပြည့်ချင်တော့ စောင်းသမားတစ်ယောက်လှေမှောက်လို့ သူနေ
တဲ့ကျွန်းကိုရောက်တယ်။ စောင်းသမားကိုတွေ့ပြန်တော့ မိဖုရားကြီးဟာ
စောင်းသမားနဲ့ပျှော်ပါးချင်ပြန်တယ်။
ဂဠုန်လုလင်မရှိခိုက်မို့ စောင်းသမားကို နံ့သာမျိုးငါးပါးနဲ့ ရေချိုးစေတယ်။
ပြီးတော့ အကောင်းစားအ၀တ်တွေကိုဆင်တယ် ကိလေသာကိုနှိုးထစေ
တဲ့အစားတွေကိုကျွေးတယ်။
သေကံမရောက်သက်မပျောက်တဲ့ စောင်းသမားလည်း ̏  ရေငတ်နွားလား˝
အတိုင်း မိဖုရားကြီးကျွေးသမျှ ခီးတော့တာပေါ့။ လန်းဆန်းအားရှိသွားတဲ့
အခါမှာ မိဖုရားကြီးက ဂဋ္ဌုန်လုလင်နေတဲ့ အပြန်စားကုတင်ကြီးပေါ်မှာ
တင်ပြီး စောင်းသမားနဲ့ ဖေဋ္ဌဗ္ဗအတွေ့အာရုံကို တ၀ကြီးခံစားတယ်။
ကဲ  .. .  ကြည့်စမ်း  .. .
လူသားဘုရင်လင်နဲ့ ကာမဂုဏ်ခံစားတာကိုအားမရဘူး။ ငှက်ဂဋ္ဌုန်လုလင်
နဲ့တစ်ခါ ပျှော်ပါးခံစားပြန်တယ်။ ဒါလည်း မိဖုရားကြီးကအားမရနိုင်ပြန်ဘူး
နော်။ ဟော  ..  တတိယတစ်ယောက်က စောင်းသမားဗျ။ စောင်းသမား
ဆိုတော့ အနုပညာရှင်ပီပီ ကာမဂုဏ်အတွေ့အထိကို အနုပညာရသတွေ
ထည့်ပြီး မိဖုရားကြီးကိုကျွေးလေရော့သလား  . .  မသိ ၊ မိဖုရားကြီးခဗျာ
စောင်းသမားကိုလည်းလက်မလွှတ်နိုင်ပြန်ဘူး။
ဂဠုန်လုလင်ပြန်လာရင် စောင်းသမားလုလင်ကို တစ်နေရာမှာဖွတ်ထားပြီး
ဂဠုန်လုလင်နဲ့ကမတဏှာပွဲကိုဆင်နွဲတယ်။ဂဠုန်လုလင် အပြင်ကိုဂိုးရင်
စောင်းသမားလုလင်ကို ကုတင်ပေါ်တင်ပြီးသကာလ ကာမတဏှာအာရုံကို
မုန်းတမ်း မမေ့တမ်း အဆုံးအဆမဲ့ ခံစားကြတယ်။
ကဲ  . .. ဗျာ။ ကြောက်စရာကြီးနော်  .. .
ကျွန်တော် မိန်းမယူဖြစ်တာ ဒီလိုအကြောင်းတွေကိုသိလို့ပါပဲခင်ဗျား။ ပိုပြီးသိ
ချင်ရင်တော့  . ..
သုတ္တာန်ပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊
ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလ၀ဂ်၊ ၁၀ - သုရောနန္ဒိဇာတ်
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...