Wednesday 12 August 2015

ဟိုးတုန်းဆီက . .ကျွန်တော့ကဗျားများသို့တမ်းခြင်း (0003)



တစ်ဒေါက် ဒေါက်နဲ့
တစ္ဆေခြောက်တဲ့  . . ငါ့ညတွေ  . .။

သြော်  .. .
ဒိုးကြီးဆိုတဲ့ ငါဟာ
3600ကျပ်တန်လက်လုပ်လက်စားဘဝကိုး  .. ။

ဟင့်  ..
ပြုံးတာမဟုတ်ဘူး  . .
မဲ့တာလည်းမဟုတ်ဘူး  ..
ငါကုန်းကောက်လို့ရတဲ့သံယံဇာတတွေကို
သူတို့က ရောင်းစားနေကြတာကိုး  . .။

ဟား  ..  ဟား  . . ဟား  ..
အချစ်နဲ့ စစ်မှာ မတရားတယ်ဆိုတာမရှိဘူးတဲ့
ဟုတ်မယ်  . . ဟုတ်မယ်  ..
ဒါ့ကြောင့် တောင်တွေကတုံးဖြစ်သွားတာကိုး  ..။

ဧရာဝတီဖြစ်လည်း  . .
တရုတ်ကြီးကို ကြောက်လို့ငိုလိုက်တာ
တစ်နိုင်ငံလုံးရေတွေကြီးပါရော့လား  .. ။

အိုး  ..
ကျွတ် ကျွတ် ကျွတ် ကျွတ်

ကိစ္စမရှိဘူး  ..  ကိစ္စမရှိဘူး  ..
ဆိုက္ကားနင်းစားရင် ငါလည်း မီလျှံနာဖြစ်နိုင်သေးတာပဲ
မျှော်လင့်ချက်လေ  ..
မဖြစ်နိုင်တာကိုပြောတဲ့သူနဲ့  ..
မဖြစ်နိုင်တာကြီးကိုမျှော်လင့်မိတဲ့သူ  .. ။
အဲဒီနှစ်ယောက်မှာ ဘယ်သူက ပိုမိုက်မဲရာကြလည်း  .. ။
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...