Monday 10 August 2015

NO CARRIER



ဘာမှ သယ်သွားလို့ မရဘူးဆိုတာ ဒီကနေ့ မျက်မှောက်လောကရဲ့
ကိုယ်တွေ့ ဝတ္ထုတိုတွေပါပဲ။ ဒါတွေ ဒီလိုအသိစိတ်တွေနဲ့ မြန်မာနိုင်
ငံရဲ့ ရှေးကဘိုးဘေးဘီဘင်တွေဟာ အခုလို ခိုင်မာလှပသော အ
ဆောက်အဦကြီးများဆောက်လုပ်ကာ ဗုဒ္ဓဘာသာသာသနာတော်အ
တွက် လှူဒါန်းထားခဲ့ကြပါတယ်။
အဲလို သမိုင်းဝင်စေတီပုထိုးတွေရောက်တိုင်း ကျွန်တော့ရင်ဘတ်ဟာ
တဒိတ်ဒိတ်ခုန်မြည်နေခဲ့ပါတယ်  . .။ ကျွန်တော်တို့အရှေ့က ရောက်
နှင့်ထွက်ခွာသွားခဲ့ကြသော ထိုသူတော်ကောင်းကြီးတွေရဲ့ နှလုံးသား
ဟာ ကျွန်တော့ရင်ပထဗျာအတွက် တကယ့်ကို ဆွေးမြေ့စေခဲ့သော
ရင်ခုန်ဆေးပါပဲ . .။
ဗုဒ္ဓကတော့ ပြောခဲ့ဖူးပါတယ်  ..
 ̏ မင်းနှတို့နှလုံးသားဟာ မင်းတို့ရဲ့ ဘဝပုံရိပ်ပဲ  . .တဲ့။ ˝
 ဟုတ်ပါရဲ  .. .
ဒါ့ကြောင့်ပဲ ကျွန်တော့ပုံရိပ်တွေဟာ အိုအိုဟောင်းဟောင်းကြီးတွေချည်း
သာပဲ  . .။
ကျွန်တော်တို့ဟာ ဘဝပန်းတိုင်သို့မရောက်ခင်  .  အခုလိုပဲ ဆက်လက်
အိုမင်းရင်ရော်မှုများနဲ့ ဆက်လက်ရင်ခုံနေရဦးမှာပါပဲ  . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...