Sunday 16 August 2015

THE BABYS



ကျွန်တော် မနက်ဖန်အတွက် ကဗျာရေးနေတာမဟုတ်ဘူး
အိပ်ရေးပျက်ခံပြီး ဆေးစက်တွေဖေါက်ချနေတာဟာ
နံက်ခင်းရဲ့  . . .
ကလေးငယ်တစ်ယောက်ဖတ်ဖို့ပါပဲ။

ရုပ်ရှင်တွေ . . .
ပြဇာတ်တွေ . . .
ဝတ္ထုတွေ  . . .
စကားလုံးတွေတိုင်းမှာ
အနာဂါတ်ကိုဖေါက်ပြန်တဲ့ ရည်ညွှန်းချက်တွေမပါစေချင်ပါဘူး။

ကျွန်တော်ပြင်ဆင်ထားတဲ့ နေဝင်ချိန်လေးမှာ
ခလေးငယ်တွေကို လုံခြုံတဲ့သံဝေဃချပ်ဝတ်တန်ဆာလေးဖြစ်ချင်ပါတယ်။
ကျွန်တော့ နာရီဟာ  နှစ်လေးဆယ်(၄၀) ဆိုတော့
ဓာတ်ခဲတွေလည်း အားကုန်ခါနီပြီးပေါ့  .. ။
စကားလုံးဗိသုကဆရာကြီး ကိုငှက်ကြီးတောင် အသက်လေးဆယ်ကျော်မှာ
သူသိမ့်မြတ်နိုးတဲ့ မြန်မာ့မြေပေါ်ကနေထွက်ခွာသွားခဲ့ရတာပဲမဟုတ်လား။

သြော်  ..
သူအော်သံကို  ကျွန်တော်မကြာမကြာနားထောင်မိပါတယ်
(ကမ္ဘာမြေငြိမ်းချမ်းပါစေ  . . ပန်းပွင့်တွေ ဆုတောင်းနေ )
(မြန်မာပြည် ငြိမ်းချမ်းပါစေ  . ကျေးငှက်တွေ တေးဆိုနေ)

ခလေးတို့ရေ  .. .
ချိုမြိန်တဲ့ အနာဂတ်တွက်
ဘယ်တော့မှ အာဏာကိုမမက်မောမိပါစေနဲ့  ..
ပညာခေါင်ထိ ရှင်ကဝိမို့ ပါရမီဆယ်ပါးပါမှာ
တစ်ပါးဖြစ်တဲ့ ပိဋကတ်စကားလုံးအဟောင်းလေးပေါ့ . .။

ဒါ့ကြောင့်  .. ခလေးတို့ရေ  ..
အာဏာဆိုတာ မသုံးတက်ရင် အပါယ်ခရီးကိုအမြန်ရောက်တဲ့
ဂျပန်က ကျည်ဆံရထားတစ်စင်းလိုပါပဲ  .. ။
ပညာ သဘာ အာဘာနတ္ထိ တို့ဘုရားဟောရှိတာမို့  ..
ပညာကို ခုံမင် ၊ စကားရွှင်ဖို့ ၊ စာကြာတွေမကြာမကြာဖတ်ကြပါစို့။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
 

No comments:

Related Posts Plugin for WordPress, Blogger...