Friday 14 August 2015

ဘုရားဝါဒထက် နှလုံးသားဝါဒ



အိပ်ချမ်းမြေ့ https://www.facebook.com/tapyaythu?fref=tsရဲ့
ပိုစ့်အောက်မှာကျွန်တော်ရေးမိတဲ့ comment ပါ
ဘာသာတစ်ခုကိုစွဲလို့ အခြားဘာသာမကောင်းဘူးလို့မြင်ရင် ထိုသူဟာ ယင်း
ယင်းစွဲလမ်းသောဘာသာတရားမှ နည်းမှန်အောင်မသွင်သင်မဆုံးမနိုင်သော
ကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမူကား ၊ ထိုသူစွဲလမ်းသောဘာသာ
တရားကိုထူထောင်သူဘုရားရှင်က နည်းမှန်လမ်းမှန်သြဝါဒမပေးနိုင်သော
ကြောင့်ဖြစ်သည်။
ဒါကို ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ စစ်စစ်တွေသိမြင်ကြပါတယ်။ ဗုဒ္ဓသည် အစွဲဥပါဒါန်ကိုမိမိ
တို့သန္တာန်တွင်မထားရှိရန် လမ်းညွှန်ခဲ့သော စွန့်ဦးတီထွင်သည့် လမ်းစဉ်ဆို
လျှင်မမှားပါဘူး။ (ကျမ်ညွှန်း ၊ ဝက္ကလိသုတ် ကိုဖတ်ပါ)
ထိုသုတ်တွင် ယနေ့ခေတ်လို သစ်တုံးကျောက်တုံးအုတ်ခဲ ကြေးသံတို့ဖြင့်သွင်း
ထုထားသော ဗုဒ္ဓရုပ်ပွားတော်မဟုတ် တကယ့်သက်ရှိဖြစ်သော ဗုဒ္ဓ၏ကိုယ်ကို
ကြည်ညိုသော သင်္ကန်းစွဲလိုက်ပါနေသော ရဟန်းတော် ဝက္ကလိကို ဗုဒ္ဓဆုံးမခဲ့
သည်ကား ယနေ့ခေတ်သပ္ပံပညာရှင်များပင် အံ့သြတုန်လှုပ်ခဲ့ကြရပ့ါသည်။
ထိုမျှလောက် ထူးဆန်းအံ့ဘနန်းဖြစ်သော ဗုဒ္ဓပိဋကတ်များကို တကယ်လေ့လာ
ဖတ်ရှု့မိပါက ဗုဒ္ဓဝါဒသည် ̏ဘုရားဝါဒထက် နှလုံးသားဝါဒ˝သာဖြစ်ကြောင်း စာ
ဖတ်သူများ သိနားလည်မိပါလိမ့်မည်။
ထို့ကြောင့် ဗုဒ္ဓဝါဒသည် ဘုရားဝါဒလည်းမဟုတ်၊ ဘုရားမဲ့ဝါဒလည်းမဟုတ်၊
ဖန်ဆင်းရှင်ဝါဒလည်းမဟုတ်၊ လေလုံးထွားဝါဒလည်းမဟုတ်၊ မိမိရဲ့သန္တာန်
ဝယ် ̏ သမ္မာဒိဋ္ဌိ˝ အစရှိသော မဂ္ဂင်တရားတို့ကိန်းအောင်လေ့ကျင့်ရသောဝါဒ
သာဖြစ်ပါတယ်။
အကယ်၍ စာဖတ်သူသည်။ ဗုဒ္ဓဘာသာကိုအယူရှိပါလျက်ထိုသည်သည်
အခြားဘာာကိုမကောင်းမမြင်တက်ပါက ထိုဗုဒ္ဓဘာသာရှင်သည် (ဗုဒ္ဓဖာသာ)
တစ်ယောက်ထက်မပိုသော သူဖြစ်ပါသည်ဟု လိုတိုရှင်း ဓမ္မအလင်းဝေငှမိပါ
သည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...