Saturday 29 August 2015

Vote ဆိုတာမြန်မာပြည်နဲ့မယဉ်ကျေးသေးပါဘူး။


ခံစားစားသိမြင်မှုကိုဝေငှချင်ပါတယ်။ internet တွေပေါ်မှာ Vote လုပ်ခိုင်း
တဲ့ ပြိုင်ပွဲတွေအကြောင်းပဲဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲ ဓာတ်ပုံပြိုင်ပွဲ စတဲ့
ပြိုင်ပွဲတွေဟာ internet တွေပေါ်မှာ Vote (ဆန္ဒမဲ) ပေးခိုင်းတာကိုတွေ့ရ
ပါတယ်။ Vote ပေါ်မူတည်ပြီးအချို့ပြိုင်ပွဲတွေဟာ ရွေးခြယ်မှုကိုပြုလုပ်ပါ
တယ်။
ဒါကိုပြောချင်တာက ̏ အတော်လွဲမှားတဲ့လုပ်ရပ်˝ ဆိုတာပါပဲ။ ဒီကနေ့မြန်မာ
နိုင်ငံဆိုတာ လျှပ်စစ်မီးကို 30%သာရသေးတယ်လို့ဆိုပါတယ်။ (မတိကျ)
ဒီတော့က လျှပ်စစ်မီးရတဲ့နေရာကလည်း မီးအမြဲမှန်အမြဲပုံမှန်လာနေတာ
မျိုးမဟုတ်ပါဘူး။
တစ်ထောင်ငါးရာကျပ်နဲ့ ဖုံးကိုင်လို့ရတယ်ဆိုသော်လည်း နေရာတိုင်းဟာ
30% လောက်သာအဆင်ပြေသေးတာပါ။ အဆင်ပြေတယ်ဆိုတဲ့နေရာမှာ
လည်း လုံးဝ Complete မဟုတ်ပါဘူး။ အင်တာနက်လိုင်း connection
ဟာ အလွန့်အလွန် နှေးကွေးပါတယ်။ နောက်တစ်ချက် မှာက ဒီကနေ့မြန်
မာပြည်ဆိုတာ Social Network နဲ့ဆိုတာ အခုမှထိတွေ့မယ်ကြံတုန်းရှိ
ပါသေးတယ်။ အဲဒီကြံတုန်းကာလာမှာ မီးတွေကအဆင်ပြေတာမဟုတ်
လိုင်းကလည်းနှေးပါဘိနဲ့ ။(ကိုယ်တွေ့ခံစားကြည့်ပါ) နောက် Vote ဆိုတာကို
နားလည်မှုမရှိသေးဘူး။ ကျွန်တော့်ကို ချက်ဘောက်စ်ကနေ လာမေးတယ် ..
 ̏ Vote ဆိုတာဘယ်လိုလုပ်ရတာလည်း˝
အဲလို နည်းပညာမလူတမ်းမမီသေးသောမြန်မာပြည်မှာ ပြိုင်ပွဲတွင် Vote လုပ်
ခိုင်းတဲ့ ကိစ္စဟာ နောက်ထပ် ဆယ်စုနှစ်လောက်လိုနေပါသေးတယ်လို့ ထင်ပါ
တယ်။ (အလျှင်အမြန်တိုးတက်လာရင်တော့မဆိုလို) ဒါ့ကြောင့် အွန်လိုင်းပေါ်
မှာ Vote လုပ်ခိုင်းတာဟာ လွဲမှားသော လုပ်ဆောင်ချက်လို့ထင်မြင်မိပါတယ်။
နောက်ဆုံး အင်တာနက်ဆိုတာ ̏ကိုယ့်ဓာတ်ပုံကိုယ်ရိုက်တင်˝ တာပဲဆိုတဲ့အသိ
လောက်သာရှိသေးသော ဒီကနေ့မြန်မာပြည်ဟာ Vote ကိစ္စကိုအလျှင်မြန်လုပ်
ဆောင်ဖို့လို့နေပါသေးတယ်။
(၁) လျှပ်စစ်မီး 50% ရမည်မှန်မည်
(၂) internet လိုင်း ထိုင်းနိုင်ငံလောက်ကောင်းမည်
(၃) 50% သောပြည်သူဟာ အွန်လိုင်းနဲ့ယဉ်ကျေးနေကြပြီ
အထက်ပါ သုံးချက်လောက်ရမည်ဆိုရင် Vote ကိစ္စဟာ အဆင်ပြေလိမ့်မယ်လို့
ထင်မြင်ယူဆမိပါသည်။
ကိုယ်တွေ့ခံစားချက်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...