Saturday 1 August 2015

11 Billion နှင့် ရေဘေး



ရေတွေပြန်ကျ သွားခဲ့ရင်တောင်  ..
ကယ်ဆယ်လို့ပြီးသွားခဲ့ရင်တောင်  . .
သူတို့ရဲ့ နေထိုင်စားသောက်လုပ်ကိုင်ရေးကို အထူး
ကြောင့်ကျစိုက်ရမယ်ဆိုတာကို အစိုးရအနေဖြင့် သိရှိ
နားလည်ထားဖို့လိုပါတယ်။

အဘလာလို့ လက်အုပ်ချီရတဲ့ စနစ်တွေအတိုင်းပဲဆိုရင်တော့
ရေဘေးသင့်ဒေသခံပြည်သူများအတွက် အထူးစိုးရိမ်ဖွယ်ရာ
အထူးကရုဏာသက်စရာပါပဲ။

ကျွန်တော်ရင်လေးမိတာက စပါးစိုက်ဧကတွေဆုံးရှုံးသွား
တဲ့အတွက် အခုနှစ် ဆန်ဈေးဟာအဆမတန်ထိုးတက်
သွားနိုင်သလို အညာဒေသရဲ့ ပဲပြောင်းနှမ်းမြေပဲစိုက်မြေ
တွေလည်းဆုံးရှုံးသွားတဲ့အတွက် မီးဖိုချောင်စားသုံးကုန်
ဈေးနှုန်းတွေလည်း တက်ပြီပေါ့။

ဒါကို ကျွန်တော်အထူးစိတ်ညစ်နေတယ် ။ ကျွန်တော့မှာ
ဇနီးသားမယားမရှိအပူမရှိသောလည်းလက်လုပ်မှ ပါးစပ်
စားရတဲ့ ဆင်းရဲသားတွေအတွက်ရယ် လယ်ယာကိုင်းကျွန်း
ကိုမီခိုလုပ်ကိုင်ကြတဲ့ တောင်သူ ယာသမားကြီးများရယ် ..
သူတို့အတွက် ကျွန်တော် အထူးစိတ်နွမ်းမိပါတယ်။

ဆရာဇော်ဂျီပြောခဲ့သလို  ..
ဒိုးကြီးဆိုသောကျွန်တော် ဝိဇ္ဇာသာဖြစ်ခဲ့ပါမူကား ထိုကိစ္စကို
ဝိဇ္ဇဓရပညာရပ်များဖြင့်ဖြေရှင်းလိုက်ချင်ပါတယ်။
ဝူး  .. .   . .အခုတော့ဗျာ  ကျွန်တော်မှာ  . .
11 Billion မပြောနဲ့ ဆယ်သိန်းတောင်လက်ထဲမရှိဘူးလေ။

Billion ဘဘကြီးများ Billion ခရိုနီကြီးများသနားကြင်နာမှသာ
လျှင် မြန်မာပြည်ရှိ ရေဘေးသင့် မြေဘေးသင့် ဒုက္ခသည်များ
ဟာ သက်သာဖွယ်ရာသာရှိပါတော့သည်ဟု  ..
သံဝေဃပြုမိပါတော့သည် . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...