Saturday 22 August 2015

QUICK DIE



  ̏ အရှင်ဘုရား ပရိနိဗ္ဗာန် စံပါတော့˝
ပါဠိကိုအင်္ဂလိပ်လိုဆိုရင် Attainment of nirvāna, တဲ့။ ဒါကို လူစကားနဲ့
ပြောရင်တော့ Quick die ခပ်မြန်မြန်သေခိုင်းလိုက်တာပဲ။ ဘုရားရှင်
သက်တော်ထင်ရှားရှိစဉ်ကတည်းက မာရ်နတ်ဆို တဲ့ကောင်တွေက
အဲလိုကို မိုက်ရိုင်းစုတ်ပဲ့တာ။
ဒီနေ့ခေတ်ကမ္ဘာပေါ်မှာ ပေါ်ပေါက်နေတဲ့ အာဏာရူး ၊ ခရိုနီကောင်တွေ
လိုပဲ ။ ကိုယ်အတ္တကို ပြည်သူတွေအသက်နဲ့ စတေးပစ်ကြတယ်လေ။
အခု Quick die ဖြစ်စဉ်က ဒီဖြစ်စဉ်က ဗုဒ္ဓအထင်အရှားရှိစဉ်ကတည်းက
ဖြစ်ခဲ့တာ။ဒါ့ကြောင့်ဒီနေ့ခေတ် မြန်မာပြည်မှာ ရှေးဟောင်းစေတီပုထိုး
များ သိမ်ကျောင်းဇရပ်များရဟန်းသံဃာများကို Quick die လုပ်သတ်
ဖြတ်ထောင်ချနေတယ်ဆိုတာ ပိဋကတ်ကို သိရင်  မာရ်နတ်တို့ရဲ့ လုပ်ရိုး
လုပ်စဉ် program တစ်ခုပဲဆိုတာနိုင်ပါတယ်။
အချို့ သူတွေကတော့  .
 ̏ ဟာ . .  စေတီတွေဖျက်နေပြီ ˝
 ̏ ဟိုမှာ  ..  ရဟန်းသံဃာတွေကို သတ်နေပြီ ˝
 ̏ အို  .. ကျောင်းသားလူမမည်လေးတွေကို ရိုက်နှက်သတ်နေပြီ ˝
ဒီလိုမျိုး စသည်ဖြင့် တွေ့မြင်ကြားလိုက်ရရင် အထူးအဆန်းအဖြစ်
ကြောက်လန့်နေကြတယ်။ တကယ် ထူးဆန်းတာက ဒါကိုကျွန်တော်တို့
တွေဟာ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။
ဗုဒ္ဓရှင်တော်ဆိုတာ လောကကောင်းကျိုးကိုသည်ပိုးဖို့တွက်  ̏ စိန္တိတံ
သတ္တသင်္ချေယျံ  . . . (လ)˝ ဆိုပြီး ဘုရားတစ်ဆူဖြစ်ဖို့ ဘဝပေါင်းများ
စွာကျင့်ခဲ့ရတယ်။ အဲဒီလိုပေးဆပ်ခဲ့တဲ့ ဘုရားကိုပင်လျှင် မာရ်နတ်ဆို
ဆိုတဲ့ကောင်က  . . .
   ̏ အရှင်ဘုရား ပရိနိဗ္ဗာန် စံပါတော့˝  တဲ့။
ဒီလောက်တောင် လောကကြီးတစ်ခုလုံးအတွက် အလုပ်လုပ်ပေးခဲ့တဲ့သူ
ကိုတောင် လောကသားတွေ မလိုလားကြပြန်ပါဘူး။ ခပ်မြန်မြန်လေးပင်
သေခိုင်းနေကြပါတယ်။
ကျွန်တော်တို့ဟာ ဒီလို ပိဋကတ်တွေကိုဖတ်ပြီး ဒီလိုအတွေးတွေကို တွေး
တက်အောင်လေ့ကျင့်သင့်ပါတယ်။ စာကပေးသော အသိများကို ဘဝက
ပေးသောအတွေးများဖြင့် ခြယ်မှုန်းနိုင်ပါက ကျွန်တော်တို့ရဲ့ဘဝခရီးက
လည်းပဲ ငြိမ်းအေးနိုင်မည်ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့နဲ့ ဝန်းကျင်မှာ မာရ်နတ်ဆိုးတွေရှိသလို ကျွန်
တော်ကိုယ်တိုင်ကလည်းပဲ မာရ်နတ်ဆိုးမဖြစ်အောင် ကျင့်ကြံရမည်ဖြစ်
ပါတယ်။ ဒါအပြင် ကျွန်တော်တို့သတိထားရမှာက အများအတွက်လော
ကအတွက် ကိုယ်ကအလုပ်လုပ်သော်လည်းပဲ မာရ်နတ်ဆိုးများအုပ်စု
သည်  မိမိတို့အား အချိန်မရွေး quick die လုပ်သွားနိုင်သည်ဆိုတာကို
တော့ ကြိုတင်သတိမူသင့်ပါတယ်။
ဒါ့အပြင် အလိုအောက်ပါအတိုင်း တွေးနိုင်ပါသေးတယ်။
 ̏ ဟာ  ..  ငါက ကောင်းတာချည်းပဲလုပ်တာ˝
  ̏ ငါလုပ်တာဟာ လောကသားတွေကောင်းဖို့ ˝
  ̏ ငါဟာ  ..  ပြည်သူပိုင်သယံဇာတကို မခိုးဘူး˝
 ̏ ငါဟာ  .. ပြည်သူ့ထံက အာဏာကို လုမယူခဲ့ဘူး ˝ စသည်ဖြင့် စသည်
ဖြင့်   . . ငါ့ထက် အဆပေါင်းမရေမတွက်နိုင် လောကကောင်းကျိုးသယ်
ပိုးထမ်းရွက်တော်မူခဲ့သော ဗုဒ္ဓကိုယ်ပင်လျှင် မာရ်နတ်တို့က quick die
လုပ်ခဲ့ပါသေးတယ်။ ဒ့ါကြောင့် ငါ့အား မာရ်နတ်ဆိုသော အာဏာယစ်မူး
ခရိုနီသူခိုးများ ကောင်းစားနေသည်ဆိုပါက ထိုသူတော်ကောင်းသည်
ထောင်နန်းစံခြင်းဖြင့်လည်းကောင်း ၊ အသက်စတေးခံရခြင်းဖြင့်လည်း
ကောင်း ပါရမီဖြည့်ပေးဆပ်နိုင်သည်ဟု သိမြင်ခံစားနိုင်ဖို့လိုပါသည်။
ဤသည်ကား ဘုရားအလောင်းအစရှိသော သူတော်ကောင်းတို့၏ ဖြစ်ရိုး
ဖြစ်စဉ် ဓမ္မတာတစ်ခုပင်ဖြစ်ပါသည်ဟု ကျွန်တော် တွေးတောယူစမိပါ
သတည်း  .. ။
Reference
ပါဠိ မြန်မာ အင်္ဂလိပ် အဘိဓာန် (ဆရာကြီးဦးဟုတ်စိန်)
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...