Monday 10 August 2015

ကမ္ဘာ့သိပ္ပံပညာရှင်Stephen Hawking ထက်အရှိသိခဲ့သော . .



ကမ္ဘာကျော် သိပ္ပံပညာရှင်/အတွေးခေါ်ပညာရှင်များနဲ့ ရုပ်ရှင်ဂီတ
သမားအချို့ဟာ  ̏ ဖန်ဆင်းရှင်˝ ဆိုတာကို လုံးဝအယုံအကြည်မရှိ
ကြတာကို သတိထားမိပါတယ်။
ဒီနေ့ခေတ်မှာဆိုရင် အလျင်အမြန်သိနိုင်တဲ့ Social Network တွေ
ရှိနေသလို ဆင်းရဲသားပြည်သူအများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာတောင်
အင်တာနက်လိုင်းလေးတွေကိုနှေးသော်လည်းပဲ နဲနဲပါးပါးသုံးလို့
ရနေတော့ မုသာဝါဒကို သုံးချင်တိုင်းသုံးလို့ ဖုံးကွယ်လို့မရဘူး။
ဝန်ကြီးတွေကိုပဲသတိထားကြည့်လေ  .. ။
အခုဒီနေ့ 12 နာရီလောက်ကပြောလိုက်တဲ့စကားက နေ့မကူးနာ
ရီမခြားဘဲ ချက်ခြင်းဆိုသလို သိနေကြတယ်လေ။
ကဲ  .. စကားပလ္လင်ခံရတာနဲ့ စာရှည်နေပြန်ပါပြီ။ ဒီတော့က̏ဖန်ဆင်းရှင်˝
ဆိုတဲ့စကားကို အထက်ကပြောခဲ့သလို ကမ္ဘာကျော်အချို့က မယုံကြ
ဘူးဗျ။ လက်မခံခဲ့ကြဘူး။ အခုနောက်ဆုံး ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး
 Stephen Hawking ကိုပဲကြည့် .ဗျာ။ သူလည်း ဖန်ဆင်းရှင်ကို လုံးဝ
အယုံအကြည်မရှိပြန်ဘူး။
ဒါနော် အခုလက်ရှိပစ္စုပ္ပါန်ရဲ့ သက်သေကိုကျွန်တော်ထုပ်ပြလိုက်တာပါ။
 very long Long a go က ဖြစ်စဉ်တွေကို သက်သေမထုတ်ပြဘူးနော်။
  ̏စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒနိ
ယာမအရ ပြင်းထန်သောပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ
ဖြစ်ပေါ်လာရခြင်း ဖြစ်သည်˝
ဒီစကားကို ယနေ့မျက်မှောက်ကမ္ဘာရဲ့အခုသက်ရှိအထင်အရှားရှိနေ
သေးတဲ့ သပ္ပံပညာရှင်ကြီး Stephen Hawking ဟာ အမေရိကန်
ရူပဗေဒပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားတဲ့
 “The Grand Design” စာအုပ်တွင် အတိအလင်းရေးထားပါတယ်။
အဲဒီစာအုပ်မှာပဲ  . . . Stephen Hawking က  . .
  ̏ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သောနိယာမတစ်ခုအရစကြာဝဠာ
သည် တစ်စုံတစ်ရာ မရှိသောအခြေအနေ တစ်ခုမှ မိမိဘာသာ
ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည်
ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်
ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့တည်ရှိနေရ
ဖြစ်တယ်˝ လို ဆိုပါတယ်။
 တစ်ဖန် ဆက်ပြောထားတာက  ..
  ̏ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု
တစ်စုံတစ်ရာမလိုအပ်˝ ဘူးဟု ဆိုပါတယ်။
ကဲ  .. စာရှု့သူမိတ်ဆွေများ ဇာတ်ရည်လည်လောက်ပြီဟု ထင်ပါတယ်။
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေဟာ အကြောင်းယုတ္တိ ခိုင်မာစွာနဲ့
ဖန်ဆင်းရှင်ကို ငြင်းဆန်ခဲ့ကြပါတယ်။
ဒါဟာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာသဘောထားကွဲ
လွဲခွင့်ဆိုရင်လည်းမမှားပါဘူး။
ကျွန်တော်ကတော့ ထိုသိပ္ပံပညာရှင်ကြီး Stephen Hawking ထက်
အရင်ပင် ဖန်ဆင်းရှင်ကို လက်မခံခဲ့တာပါ။ ဒါ့ကြောင့်  . . . သိပ္ပံပညာ
ကိုမတက်သောကျွန်တော်ဒိုးကြီးဟာ ကြောင်းကျိုးဆက်စပ်တက်သော
နိယာမသဘောကို တွေးတောဆင်ခြင်ချင့်ချိန်၍ ဖန်ဆင်းရှင်ကို ကမ္ဘာ
ကျော်သိပ္ပံပညာရှင်ကြီး Stephen Hawking ထက်အရင်နှစ်များစွာက
တည်းက လက်မခံမယုံကြည်ခဲ့ဘဲ  . .
အတ္တ ဟိ အတ္တာနာ နာထော ဆိုသော မိမိကိုယ်ကိုယ်သာလျင်မိမိ
ကိုးကွယ်ရာအဖြစ် အခုလို သက်တည်နေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုလို ရေးသားရသောဓမ္မအလင်းရောင်သည် ဖခင်ကြီး ဦးလှစံမှ
ဝေငှသောကြောင့်သာဖြစ်ပါသည်။ ဤသို့ ဓမ္မအလင်းကိုဝေငှသင်
ပြခဲ့သော ဖခင်ကြီးအား ယခုဓမ္မအလင်းကုသိုလ်ကို ထပ်မံဝေငှ
အပ်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...