Tuesday 4 August 2015

မြန်မာပြည်၏ ဘေးဒုက္ခလက်သည်တရားခံ



ကျွန်တော်ဟိုးတုန်းကရေးခဲ့ဖူးပါတယ်။ အခုရေးကြီးတော့ထပ်ပြီး
ရေးရပြန်တာပေါ့။ ငယ်ငယ်က ကဗျာလေးပါ လူတိုင်းသိကြပါတယ်။
 ̏ ပေါက်ပင် ဘာ့ကြောင့် ကိုင်းရတယ်˝
 ̏ ဗျိုင်းနားလို့ ကိုင်းရတယ်˝
 ̏ ဗျိုင်းဘာ့ကြောင့် နားရတယ်˝
 ̏ ငါးပေါ်လို့ နားရတယ် ˝
 ̏ ငါး ဘာ့ကြောင့် ပေါ်ရတယ် ˝
 ̏ ကျွဲလူးလို့ ပေါ်ရတယ် ˝
 ̏ ကျွဲ ဘာ့ကြောင့် လူးရတယ် ˝
 ̏ ဖြုတ်ကိုက်လို့ လူးရတယ် ˝
 ̏ ဖြုတ်ဘာ့ကြောင့် ကိုက်ရတယ် ˝
 ̏ မိုးရွာလို့ ကိုက်ရတယ် ˝
 ̏ မိုးဘာ့ကြောင့် ရွာရတယ် ˝
 ̏ ဖား အော်လို့ ရွာရတယ် ˝
 ̏ ဖားဘာ့ကြောင့် အော်ရတယ် ˝
 ̏ မြွေ ကိုက်လို့ အော်ရတယ် ˝
 ̏ မြွေ ဘာ့ကြောင့် ကိုက်ရတယ် ˝
 ̏ ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်ရတယ် ˝
 ကဲ  ..  ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆိုးဝါးသောရာသီးဥတု
ဘေးဒဏ်ဟာ . . ချစ်သောမိတ်ဆွေ တို့ သိပြီးသားကဗျာလေးအတိုင်း
အစဉ် အရကောက်ကြည့်သော်  . ..
ရေဘာ့ကြောင့်ကြီးရတယ်  ..  မိုးဘာ့ကြောင့်ရွာရတယ်  . .
ဆိုတာတွေဟာ အာဏာရူးများနဲ့ ခရိုနီတို့ပူးပေါင်းကာ သစ်တော့သယံ
ဇာတများကိုအဆမတန် ခုတ်ယူပြီးတရုတ်ကိုရောင်းစားလိုက်တဲ့အကျိုး
ဆက်တွေပါပဲဆိုတာ  .. .
မှတ်ချက်။ ဓာတ်ပုံများကို  . . .
https://www.facebook.com/lwinpyinnews?fref=photo မှကူးယူဖေါ်ပြပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး









No comments:

Related Posts Plugin for WordPress, Blogger...