Tuesday 25 August 2015

အဖေ့ဆီသို့ .. . . ရမ်းရော်ခြင်း



ကြွေပြီ တစ်လှည့် ၊ နွမ်းပြီ ခါခါ
ပန်းမာလာတို့  ..
ရှု့တိုင်းယဉ်ဖြင့် ငေးလောက်စရာ . . ။

အိုပြီ တစ်လှည့် ၊ နာပြီ ခါခါ
ဘဝခန္ဓာတို့ . . .
ဓမ္မအသိဖြင့် နေမိရာ  .. . ။

အကြောင်းရယ် အကျိုးဆင်
ဇာတိပုံခါခါ ထင်ပြန်သပေါ့
မရဏကြုံ ဝင်ကာနှောက်တြယ် . .
အဖေရေ  . .. . သွားနှင့်ပေဦး  . .။
ချစ်သော
ဒိုးကြီး
ချစ်ခြင်းမေတ္တာတရားဟူသည် အဆိုင်အခဲမဟုတ် ပျှော်ဝင်လွယ်သော
ဒြပ်ပစ္စည်း လည်းမဟုတ် သို့သော်  . . ရင်းချစ်ခြင်းမေတ္တာတရားသည်
ကား ဘဝအဆက်ဆက်တိုင် ခိုင်မြဲနေ၏။
အခု စာရှု့သူသည်လည်း ကျွန်တော့ကဲ့သို့ပင် တစ်စုံတစ်ယောက်အား
အသဲနင့်အောင် ချစ်ခဲ့ဖူးပါလိမ့်မယ်။ ထိုသူနှင့် သေခွဲခွာလိုက်ရသောအ
ခါမူကား ၊ ရင်သည် အဘယ်မျှ နင့်ရော်နေမည်နည်း။
ထိုရင်ဘတ်ကို ကျွန်တော် ဖွင့်ချခဲ့သည်မှာ ကဗျာပေါင်း ဆောင်းပါးပေါင်း
ထောင်ကျော်နေခဲ့ပါပြီ  သို့တိုင်အောင် ကျွန်တော့ရင်သည် နင့်၍ ခံစား၍
နေရဆဲပင်  . ။
အို  ..
ချစ်သောအဖေရေ  ..
နောက်ဘဝပြန်ဆုံဖြစ်ခဲ့ရင် သေဆုံးခြင်းဓမ္မကို ကျွန်တော်တို့ လွန်ဆန်ကြ
ရအောင်  ..   .. ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...