Friday 21 August 2015

ခန္ဓာသို့ .. . ဖွဲ့ဆိုခြင်း . . . မိတ္တူတစ်ချပ်



သူတော်ကောင်းတွေဆိုရာမှာ . . . .
ခန္ဓာကိုယ်အထည်ကြီးကို သာယာလိုသောစိတ် စိုးစဉ်းများ မရှိကြပါဘူး။
တစ်ဘက်ကမ်းသို့ ကူးလူးရန်အလိုငှာ အသုံးပြုအပ်သော . .
  ̏ လှေ၊˝   ̏ သစ်တုံး˝  ̏သစ်ဖေါင် ̏ တို့လိုသဘောထားတာပါ။
ကမ်းရောက်ရင် . . ..
မိမိတို့စီးနင်းလာသော ထိုခန္ဓာ သစ်ဖောင်လှေကြီးကို မနှောမြော
မတွန့်တို မလိုချင် ထားပစ်လိုက်တာပါပဲ။
ကုန်းပေါ်ကိုဆွဲတင်ပြီး ယူငင်၍ မသွားလိုတော့ပါဘူး။
ဟုတ်တယ်လေ . . . .
ခရီးကရောက်နေပြီပဲကိုး .. .။

ကျွန်တော်သည် ထိုသို့ဖြင့် ခန္ဓာခရီးကို လျှောက်လှမ်းလာခဲ့သည်မှာ
နှစ်လေးဆယ်ကျော် ခရီးသို့တိုင်ခဲ့လေပြီ  .. ။

ကျွန်တော်နှင့်ခန္ဓာ ၊ ခန္ဓာနှင့်ကျွနတော်တို့ဟာ အနှစ်လေးဆယ်မို့
အလွန်ကို ရင်းနှီးနေခဲ့ကြပါပြီ။ ခန္ဓာသည် အနှစ်လေးဆယ်သို့ရောက်
သည်နှင့် ကျွန်တော့အား စတင်၍ သစ္စာဖေါက်လာခဲ့ပါသည်။
 ̏ ဒူး˝ နာတယ် ။ ̏ ခါး˝ နာတယ် ။
 တော်သေးသည်ဟုပြောရမည် ။ ကျွန်တော့ကို ခန္ဓာက ဆီးချိုသွေး
ချို စတဲ့ ဝေဒနာဆိုးမျိုးကိုတော့ အခုအထိမပေးသေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာ၏သဘောသည် အိုဘက်ဆီသို့  . . .နာဘက်
ဆီသို့  .. ။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ဘက်ကမ်းကို ကူးနေရသူအဖြစ်
ရှု့မြင်ထားပါတယ်။ အနှစ်လေးဆယ် အနှစ်ရာတမ်းဆိုစေကာမူ
ကျွန်တော်သည် ဒီခန္ဓာအား ကမ်းတစ်ဘက်ရောက်ခြေက သစ်ဖေါင်
တစ်ခုလို ထားပစ်ခဲ့ဖို့ ကြိုးစားနေပါတယ်။

ဒီစိတ်နဲ့ ဒီစာတွေ ဒီကဗျာတွေရေးခဲ့တာပါ။ ကျွန်တော်ရေးတဲ့စာကဗျာ
ပန်းချီပုံတွေ မြင်လိုက်ရလို့ စာရှု့သူတွေအတွက် ကျွန်တော့ရင်ဘတ်လို့
မိတ္တူတစ်ချပ် ဆွဲပေးလိုက်တာပါပဲ။

အခုလိုရေးလိုက်ရတဲ့အတွက်  . .
အချိန်တွေ  . .ငွေတွေ  . . ကျွန်တော့ဘက်က ရင်းနှီးလိုက်ရပါတယ်။သို့
သော်  . စာရှု့သူအတွက် ခန္ဓာသို့ ဖွဲ့နွဲ့တက်ရင်ဖြင့် ကျွန်တော်ပေးဆပ်ရ
ကျိုးနပ်ပါသည်။
ဓာတ်ပုံ-------
ရန်ကုန်၊ဗိုတစ်ထောင် 48လမ်းဟိန္ဒူဘုရားကျောင်းဘုရားပွဲ။
ဓာတ်ပုံပိုင်ရှင်အား ကျေးဇူးတင်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...