Sunday 2 August 2015

31 ဘုံသားများကောင်းမှု ဇီဝိတဒါနအလှူ



AG and Acrylice
24x36 inches
ကျွန်တော် ဒီပန်းချီကားကို 2014 ခုနှစ်ကတည်းက ဆွဲပြီးခဲ့တာပါ။
သူနောက်မှ ဆွဲဖြစ်ခဲ့တဲ့ ပန်းချီကားအချိုကို ရောင်းခဲ့ဖူးပါတယ်။
ဒီကားကိုတော့ ကျွန်တော် နည်းပညာတစ်ခုထည့်သွင်းအသုံးပြု
ထားလို့ မရောင်းရက်ခဲ့တဲ့အတွက် ကျွန်တော် Studio မှာ ဘောင်
သွင်းအလှပြထားခဲ့ပါတယ်။
ပိဋကတ်မှာ ဗုဒ္ဓကဘာပြောသလဲဆိုတော့  ..
 ̏̏ ဒုက္ကရံ ကရောတိ ˝
 ̏ ဒုက္ကရံ ခမတိ ˝  လို့ဆိုထားပါတယ်။
 ̏ လောကမှာ ပေးဖို့ခက်တဲ့အရာကို ပေးနိုင်ရမယ်  . တဲ့။
 ̏ အများပြုလုပ်ဖို့ ခက်ခဲ့တဲ့အရာကို ပြုလုပ်နိုင်ရမယ်  . တဲ့။˝
 ̏ သည်းခံနိုင်ခဲတဲ့ အရာကို သည်းခံနိုင်ရမယ်လို့ ဆိုပါတယ်။˝
ဒါ့ကြောင့် ကျွန်တော် တန်ဘိုးထားတဲ့ ဒီပန်ချီကားလေးကို
ရေဘေးသင့်ပြည်သူတွေအတွက် စွန့်လွှတ်ဖို့ အခုလိုဆုံးဖြတ်
လိုက်ပါတယ်။
AG နဲ့ Acrylice ကို ရောစပ်အသုံးပြုထားပါတယ်။ ဆိုက်အနေနဲ့က
တော့ 24x36 inches ပါ။ US 1800 ၊မြန်မာငွေအနေနဲ့ကတော့
ပေါက်ဈေးပေါ့  .. ။
ဒီငွေကို တစ်မူးတစ်ပဲမျှ ကျွန်တော်မသုံးပါ။ ကိုယ်တိုင်ရေဘေးသင့်
ပြည်သူတွေကို ပုဂ္ဂလပညတ်မထားဘဲ ဇီဝိတဒါနအလို့ငှာ စား
သောက်ဖွယ်ရာ အဝတ်အစားများလိုအပ်သည့်အသုံးအဆာင်များ
ကို လှူဒါန်းလိုပါတယ်။
အကယ်၍ ပန်းချီကားကိုဝယ်ယူသူကိုယ်တိုင် ယင်းငွေများအား
အခုကျွနတော်ပြောခဲ့သလို ရေဘေးသင့်ပြည်သူများအတွက်ကိုယ်
တိုင်လှူဒါန်းမည်ဆိုပါကလည်း ကျွန်တော်ကျေနပ်စွာသဘောတူ
ပါတယ်။
အဓိကက ကပ်ဘေးသင့်နေတဲ့ပြည်သူတွေထံ လိုတာလေးများ
ရောက်သွားမယ်ဆိုရင် ကျွန်တော် မြတ်နိုးစွာဆွဲထားတဲ့ပန်းချီကား
လေးကို စွန့်ရကျိုးနပ်ပါတယ်။ မရောင်းရက်လို့ကို အခုအထိ  ပန်းချီ
ကားမှာ ကျွန်တော်လက်မှတ်မထိုးကျွန်တော်လက်မှတ်မထိုးထား
တဲ့ပြင် ဘောင်သွင်းပြီးပလပ်စတစ် ပိတ်ထားတာပါ။ဒ့ါကြေင့် 
အခုအမြင်မှာ ပုံကအလင်းရောင်တွေပြန်နေတာမို့ ပုံထွက်ဆိုး
နေခြင်းဖြစ်ပါတယ်။
အခုတော့  ̏̏ ဒုက္ကရံ ကရောတိ ˝  ဆိုတဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ အဆုံး
အမအတိုင်း ပေးနိုင်ခဲ့သော အလှူကို ပေးလိုက်တာပါ။
အမြန်ဆုံးမျှော်လင့်ပါတယ်။ ကျွန်တော့ဖုန်းနံပါတ်များပေးလိုက်
ပါတယ်။ 09252367655 ။ ပါခင်ဗျား။လိပ်စာအပြည့်အစုံကတော့
No.248.4’Floor (Upper) 39 th Street Kyauktada.
Tawnship Yangon .ဖြစ်ပါတယ်။
အများသိရန်အမြန်ဆုံး Share ပေးခြင်းဖြင့် မိတ်ဆွေတို့လည်း
ကျွန်တော်နဲ့ထပ်တူ ဇီဝိတဒါနကုသိုလ်ယူနိုင်ပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...