Saturday 8 August 2015

SHORT OF IT


ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို နားပါးမလည်သေးရင် . . .
ကျွန်တော်အနှစ်ချုပ်လေး ရေးပေးလိုက်ပါတယ်။ 
အချို့က ဗုဒ္ဓဝါဒ အမျိုးဘာသာသာသနာတော် အတွက်ဆိုရင် 
ထိုသူအသက်ကိုသတ်ကာကွယ်ရမယ်လို့ထင်နေတာ .. ဗျ။ 
အဲဒါမှားတယ် . ဗျ။
အဲဒီအလုပ်ကို (IS IS )တွေလုပ်ကြတာ ဗျ။
သူ့အသက်သက်တာမှန်သမျှ ဗုဒ္ဓက ပါဏာတိပါတာလို့ ဟောပြီး
သား။ အနုကာဝါ - သာမန်မျက်လုံးနဲ့မမြင်နိုင်တဲ့ အကောင်က
လေးကစလို့ ဆင်ထက်ကြီးတဲ့အကောင်ကြီးအထိ သတ်မိရင်
ဘယ်လိုအကြောင်းကြောင့်ပဲ သတ်သတ် ပါဏာတိပါတာပါပဲ။
ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက . . .
'' သူ့ရဲ့ ဂုဏ်သတင်းကိုဖြစ်စေ ဂုဏ်မဲ့ကိုဖြစ်စေ ဘယ်သူပဲပြောဆို
ပြုလုပ်လုပ် မင်းတို့တွေ သာယာခြင်းမသာယာခြင်းမဖြစ်ကြနဲ့
လို့ '' အတိအလင်းမိန့်ခဲ့ပြီးသားဗျ။ ကျမ်းညွှန်းရမယ်ဆိုရင်တော့
သုတ္တာန်ပိဋကတ်၊ ဒီဃနိကာယ်သီလက္ခန်ပါဠိတော် ထဲမှာဖြစ်
လိမ့်မယ် ဗျ။ ကျွန်တော်လည်း ဖတ်ခဲ့တာကြာတော့ ရေးတေး
တေးဖြစ်နေတယ်။
ဒါ့ကြောင့် . ဗျာ။ ဒီကနေ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဘုရား
ပုံတွေနဲ့ မိန်းမတွေ ညစ်တီးညစ်ပတ်လုပ်ထားတာတွေကိုတွေ့ရ
တယ်။ ဒါကို အချို့က ဒီလိုလုပ်ရမလားဆိုပြီး ဂရုဏာဒေါသော
နဲ့ COMMENT ကြမ်းကြီးတွေ ရေးကြတယ်။
ဒီတော့ ဗုဒ္ဓမြတ်စွာက သူ့ရဲ့ဂုဏ်သတင်းဖြစ်စေ ဂုဏ်မဲ့သတင်း
ဖြစ်စေ သာယာခြင်း/မသာယာခြင်း မဖြစ်ကြဖို့ ရဟန်းတော်များ
ကို မိန့်ကြားပြီးသား။ သာယာတာက လောဘစိတ်၊မသာယာ
မကြေချမ်းနိုင်တာက ဒေါသစိတ် မဟုတ်လား။
ဗုဒ္ဓရှင်တော်သည် သတ္တဝါအပေါင်းတို့အား ယင်းလောဘစိတ်၊
ဒေါသစိတ်တို့ကို ပယ်ရှားနိုင်ရန် ဟောကြားတော်မူခဲ့ခြင်းဖြစ်
ပါတယ်။ ဖန်ဆင်းပေးရန်အတွက်မဟုတ်ပါဘူး။
ကျွန်တော် ဒီအကြောင်းကို ရေးချင် ပြောပြချင်နေတာ ကြာခဲ့ပါ
ပြီ ။ မတိုက်ဆိုင်တာနဲ့ မပြောဖြစ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်
လည်း အဲလို ဗုဒ္ဓနှင့်ညစ်ညမ်းပုံများတွဲထားရင် သာယာခြင်း
မသာယာခြင်းဖြစ်အောင် စိတ်ကိုလေ့ကျင့်မွေးမြူခဲ့ပါတယ်။
ခင်ဗျားတို့လည်း အားရင် ပိဋကတ်မြန်မာပြန်တွေဖတ်ကြည့်ပါ။
ဘယ်ဘာသာနဲ့မှမတူတဲ့ဆိုတာထက် ခင်ဗျားတို့ရင်ထဲမှာလော
ဘငြိမ်းခြင်း ဒေါသငြိမ်းခြင်းကို ဒိဋ္ဌဓမ္မခံစားရပါလိမ့်မယ်။
ဒါ့ကြောင့် ဓမ္မဂုဏ်တော်မှာ ̏ ဧဟိပဿကော ˝ လာဖတ်ရှု့
ကြည့်ဖို့ပြောထားသလို ၊ အဲလို ဖတ်မှတ်ရှု့ပွားသူအတွက်
̏ သြပနေယိကော˝ ငြိမ်းချမ်းသွားမယ်တဲ့ . .။
ကဲ .. ဒီလောက်ဆိုရင် ဗုဒ္ဓဝါဒဟာ ဗုဒ္ဓအပေါ်ဖြစ်စေ၊ဓမ္မအပေါ်
ဖြစ်စေ ၊ သံဃအပေါ်ဖြစ်စေ မကောင်းမှုရုပ်ပုံတွေဘယ်လိုပဲ
တင်ကြပါစေ . ပြောကြပါစေ . .မသာယာခြင်းဒေါသမဖြစ်
စေတာပါပဲ။ ဒီလိုကိုက ရင်ကို ငြိမ်းအေးစေတယ်မဟုတ်လား။
ဒါ့ကြောင့်ဗျာ ၊ ပိဋကတ်မြန်မာပြန်များဖတ်ဖို့ ကျွန်တော်တိုက်တွန်း
ပါတယ်။ ဒီဆောင်းပါးလေးကိုလည်း Share ခြင်းဖြင့် ဓမ္မအလင်း
ဝေငှကြဖို့ နှိုးဆော်ပါတယ်။
စကားပြန်ကောက်ရရင် . . .
ဗုဒ္ဓဝါဒအစစ်ဆိုတာ . .. ခင်ဗျားတို့ရင်ထဲမှာ ဘယ်လိုဒေါသမျိုးကိုမှ
လက်သင့်မခံရဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရင်ထဲရောက်လာ
တဲ့ဒေါသလောဘကို လက်သင့်ခံနေမယ်ဆိုရင် သင်္ကန်းကြီးပတ်
ထားလည်း အဲဒါ ဗုဒ္ဓ အလိုတော်ကျ မဟုတ်ဘူးလို့သာ .. မှတ်။
ခင်ဗျားတို့ရင်ထဲ .. . လောဘတွေကို လျှော်ဖွတ်ခြင်း/ နိုင်မှသာ
ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို လိုက်နာကျင့်သုံးသူလို့ . မှတ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...