Saturday 22 August 2015

Note 5 နှင့် သင်္ကန်းဝတ်

ဗုဒ္ဓမြတ်စွာသာသနာတော်အစစ်အမှန်ဆိုရင် ဘိက္ခုခေါ်ရဟန်းတော်များ
ငွေ(ဝတ္ထု)မကိုင်တွယ်မသုံးစွဲရပါဘူး။ သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာသာသ
နာတော်ကြီးသည် အိမ်အိုကြီးလိုဖြစ်လာတော့ ရဟန်းတော်များ ငွေကိုင်
သုံးနေတာသည်ပင် ခေတ်မီနေပြီဖြစ်သည်။
ဒါကိုလည်း နိုင်ငံတော်သံဃမဟာနယကကိုယ်တိုင်မည်သည့်ညွှန်ကြားလွှာ
တစ်ရပ်မျှထုတ်ပြန်သည်ကို ကျွန်တော်မတွေ့ဘူးပါ။(ရှိရင်ဖတ်ချင်ပါသည်)
12 နာရီကျော်လျှင် ရဟန်း၊သာမဏေ၊သီလရှင်များ လက်ဖက်ရည်ဆိုင်
မထိုင်ရ  .. .စသည့်ညွှန်ကြားလွှာတော့ ထုတ်ပြန်ထားသည်ကိုတွေ့
ရသည်။
အမှားကြာတော့ အမှန်ဖြစ် ၊ ဘုရားစင်စစ် မဟောနိုင်ဆိုသကဲ့သို့ ၊ ရဟန်း
တော်များ အခုလို တရားဝင် ငွေကိုင်ပြီး အရောင်းမြှင့်တင်ပွဲတွေမှာ တန်းစီ
ဝယ်ယူတာဟာ ဘာသာရေးရှု့ထောင့်ကကြည့်ရင် အမြင်မတော်ပါဘူး။
အခြားသော ရဟန်းတော်များသည်လည်း ဈေးဝယ်နေကြတာရှီပါတယ်။
(အောတိုက်ပါ။) သို့သော် အခုလို အရောင်းမြှင့်တင်ပွဲတွေမှာ ကမ္ဘာသိဝယ်
ယူတာကတော့ အခြားသောဘာသားရေးသမားများ၏ ရှု့ထောင့်ကကြည့်
ပါက အလွန်ပင် အရုပ်ဆိုးပါတယ်။
ဥပမာပေါ့နော်  . . 12 နာရီအတွင်းမှာ ရဟန်းတော်များ အစားစားကောင်း
သော်လည်း လမ်းသွားရင်းစားနေလျှင် အများအမြင်သင့်တော်မည်လော။
ထို့ဥပမာလို့ပါပဲ။ အခြားရဟန်ေးတ်ာများသည်လည်း ငွေကိုင်၍ ဈေးဝယ်
နေကြတာ မှန်သော်လည်းပဲ ။ အထူးအခြားအစီအမံပြုလုပ်တဲ့ အခန်းအ
နားပွဲတွေမှာဓာတ်ပုံထဲပါသွားတာဟာ အရုပ်ဆိုးပါတယ်။
နိုင်ငံခြားသားတွေက တိုးဂိုက်တွေကို မေးသလိုပေါ့ဗျာ။
 ̏ မိတ်ဆွေ ˝
  ̏ ဘိုးမင်းခေါင် ရုပ်တုမှာ ပိုက်ဆံတွေ ညှပ်ထားတယ်˝
  ̏ ဘိုးမင်းခေါင်က အဲဒီပိုက်ဆံကို ဘယ်လိုသုံးသလဲ ?˝
ထိုစကားကို တိုးဂိုက်မှာ အသေအခြာလိပ်ပတ်လည်အောင် ပြန်လည်ရှင်း
ပြနိုင်မှ။ မရှင်းရှင်းပြနိုင်ပါက ။ ဘိုးမင်းခေါင်အတွက် နာမည်ပျက်ဖွယ်ရာ
ပင်ဖြစ်သည်။
ဒါကို ပြုပြင်သင့်သည်ထင်လို့ အခုလို ရေးတင်လိုက်တာပါ။ အမှုမဲ့အမှတ်မဲ့
ဈေးဝယ်တာကတော့ အမှုမဲ့မို့ အမှတ်မဲ့မို့ပေါ့။ အခုကတော့ ကမ္ဘာသိအ
ရောင်းမြှင့်တင်ပွဲဆိုတော့ အမြင်ရိုင်းနေပါတယ်။ တကယ့်ဝိနည်းဓမ္မဘက်
ကကြည့်မယ်ဆိုရင် ဗုဒ္ဓသာသနာတော် အစစ်ဟူ၍ သူတော်ကောင်းတို့
သတ်မှတ်နိုင်ဖွယ်ရှိမည် မရှိမည်ကို ဝိနည်းဓမ္မခဏ်အဓိကရုဏ်းများမှသာ
ဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်ပါသည်။
စကားကြွင်း။  ။ အိမ်အိုကြီး - အနီးစခန်းဆရာတော်ကြီး၏စကားလုံး
မှတ်ချက်။
သင်္ကန်းဝတ်ဓာတ်ပုံများကို ပုဂ္ဂိုလ်ရေးအရTag မတွဲပေးလိုက်ပါဘူး။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...