Monday 17 August 2015

ဆူးလေ (သို့) ချန်ထွန်း



ဆူးလေစေတီတော်မြတ်ကြီးကို အဝေးမှမြင်လိုက်တိုင်း ဝိတိုရိယဘုရင်
မကြီးကို သတိရသည်ထက် ဦးချန်ထွန်း၏ ရဲမြတ်သောသူတော်ကောင်း
နှလုံးသားအား မာန်လျှော့ ကန်တော့မိပြန်ပါသည်။
ဟုတ်ပါသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းစေတီပုထိုးတို့အား အင်္ဂလိပ်
လက်ထက်မှ အခု 18.8.2015 တိုင်အောင် နည်းမျိုးစုံဖြင့် ဖြိုဖျက်ခဲ့ကြ
သည်ကို စာရှု့သူတို့ သိတိထားမိပါလိမ့်မည်။
တစ်ပါတီအာရှင်အစိုးရ၊ စစ်အာဏာရှင်အစိုးရ၊ ယခု ဦးသိန်းစိန်အစိုးရ
လက်ထက်တိုင်အောင် မြန်မာနိုင်ငံရှိ ရှေးဟောင်းစေတီပုထိုးတို့သည်
အကြောင်းအမျိုးမျိုးဖြင့် ဖြိုချဖျက်ဆီးခံနေရပါသည်။ အနီးစပ်ဆုံး 2014
ခုနှစ်က ဗုဒ္ဓဘာသာသမိုင်းတွင် ဒီပနီကျမ်းပေါင်းများစွာကိုရေးသားပြုစုခဲ့
သော ̏ လယ်တီဆရာတော်ဘုရားကြီး၏ သိမ်စေတီတော်˝ ကို ကြေးနီစီ
မံကိန်းနှင့်မလွတ်၍ တရုတ်ဝမ်ပေါင်၏ အလိုတော်ကျ ဦးသိန်းစိန်အစိုးရ
သည် ဖျက်ဆီးပေးခဲ့ရပါသည်။
ထို့သို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ပြုကိုးကွယ်ဝတ်ပြုရာဖြစ်
သော ၊ ဘုရား၊ကျောင်း၊သိမ်၊စေတီတို့သည် မြန်မာ့မြေပေါ်မှ ဆုတ်ယုတ်
ပျက်စီးလာခဲ့ပါသည်။ ဒီလိုပြောတော့ နောက်ထပ်မံတည်ထားကိုးကွယ်
သော စေတီပုထိုးများကို လက်ညိုးထိုးညွှန်ပြစရာရှိပါသည်။ ဟုတ်ပါတယ်။
လက်ခံပါတယ်။ သို့သော် ၊ ဒီကနေ့ မျက်မှောက်ကမ္ဘာသည် ဘာသာ၊လူမျိုး
နိုင်ငံ စသည်တို့ကို အထင်ကရသတ်မှတ်ရာ၌ နှစ်ထမ်းကာလကြာရှည်မှု
ကို အထူးအလေးပြု မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။
နှစ်ဆယ်တန်းကာလသော အဆောက်အဦများသည် ကမ္ဘာ့သမိုင်းသုတေ
သီတို့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် နိုင်ငံ၊လူမျိုး၊ဘာသာစာပေတို့
သည် ကာလသတ်တန်းရင့်ရော်မှုပေါ်မူတည်၍ လူမျိုး၏ဂုဏ် ၊ စာပေ၏
ဂုဏ်၊ ဘာသာ၏ ဂုဏ်ကို ပေါ်လွင်ထင်ရှားစေပါသည်။
ထို့ကြောင့် နောက်ပေါက်စေတီပုထိုးများသည်ကုသိုရရေးကို ရည်ညွှန်း
သော်လည်း ရှေးဟောင်းစေတီပုထိုးသိမ်ကျောင်းဇရပ်တို့သည် ထိုဘာ
သာဝင်လူမျိုးတို့၏ ဂုဏ်ထည်ဝါမှုကို ညွှန်ပြပါသည်။
ဒါကို သိသော ဦးချန်ထွန်းသည် ဆူးလေစေတီတော်မြတ်ကြီးကို အ
သက်ပေး၍ ကာကွယ်ခဲ့သော်လည်း နောက်ပေါက် အစိုးရတို့သည်။
သမိုင်းအထင်ကရတို့အား မျက်ကွယ်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်
တော်သည် ဆူးလေစေတီတော်အနီးအပါးသို့လည်းကောင်း စေတီတော်
မြတ်ကြီးထံသို့လည်းကောင်း အဖူးမြော်ကြည်ညိုရောက်ခဲ့တိုင်း မြန်မာနိုင်
ငံသား ဥပဒေပညာရှင် စာပေပညာရှင် ကဝိတစ်ဆူဖြစ်သော ဦးချန်ထွန်း
ကို ဦးချကန်တော့မိပါသည်။
ထိုစဉ်ကလဖြစ်သော ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် ရန်ကုန်မြို့အား
မြို့ကွက်ရိုက်၍ ခေတ်မီမြို့ဖြစ်ရန် စီမံကိန်းချ၍ လုပ်ဆောင်ခဲ့သည်။ ယခု
အများမြင်တွေ့နေရသော ရန်ကုန်ဘူတာကြီးသည် ထိုစဉ်က ဘုန်းတော်ကြီး
ကျောင်းတိုက်များဖြင့် ငြိမ်းချမ်းသောနယ်မြေဖြစ်ခဲ့ဖူးပါသည်။ ယင်းနှစ်1854
ခုနှစ်တွင် ဘူတာကြီးတည်ဆောက်ရန် ယင်းဘုန်းတော်ကြီးကျောင်းများအား
ယခု ရန်ကုန်မြို့ 15 လမ်းအနီးရှိ သရက်တော တိုက်သို့ ပြောင်းရွှေနေရာပေး
ခဲ့ပါသည်။ အခု သိမ်ကြီးဈေးရှိရာနေရာမှာ ဆူးလေစေတီလောက်နီးနီးကြည်
ညိုဖွယ်ရာဖြစ်သော  ̏ ကျိုက်မြတ်သံချို˝ စေတီတော်တစ်ဆူရှိတယ်။ ဈေးနဲ့မ
လွတ်လို့ ဖျက်ပစ် လိုက်တယ်။
ဒီနေရာ ဦးချန်ထွန်းရဲ့ လက်စွမ်းကပြတော့တာပဲ။ အင်္ဂလိပ်အစိုးရကို ဦးချန်
ထွန်းက အင်္ဂလိပ်မြို့ပြစီမံကိန်းတာဝန်ခံတို့အား  . .
 ̏ လန်ဒန်ကို ခောတ်မီမြို့တော် ဆောက်လုပ်စဉ်က Square Building အ၀ိုင်း
ကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့် ဘာကြောင့် ချန်ထားခဲ့
သလဲဟု အရေးဆိုခဲ့သည်။˝
ဦးချန်ထွန်း၏ အခုလိုအကြောင်းအထောက်အထားပြ ကန့်ကွက်မှုကို အင်္ဂလိပ်
မြို့ပြစီမံကိန်းတာဝန်ခံတို့က  . .. .
 ̏ ရန်ကုန်မြို့ဟာ နှစ် 50/ 100 အတွင်း ခေတ်မီသောမြို့ပြကြီးဖြစ်လာမယ်˝
 ̏ အဲဒီအခါ ဒီ ဆူးလေစေတီတော်တွေဟာ လူနေတိုက်တွေရဲ့အောက်ကို
ရောက်ကုန်မယ်˝  ̏ ဒါ့ကြောင့် ဆူးလေစေတီတော်ကြီးကိုလည်း သင့်တင့်
လျှောက်ပတ်သောနေရာမှာရှေးမူမပျက်တည်ထားကိုးကွယ်ရန် ˝
ဟူသောအကြောင်းပြချက်ပြခဲ့ပါတယ်။
ယင်းနောက် အင်္ဂလိပ်အစိုးရသည် မြို့ပြစီမံကိန်းအတိုင်း ဆူးလေစေတီတော်
မြတ်ကြီးကို  စနေဒေါင့်ကနေ စပြီးဖြိုဖျက်ပါတော့တယ်။
ဒီနေရာမှာ စကားချပ်အနေနဲ့မပြောမဖြစ်ပြောရမှာကတော့ ဦးချန်ထွန်းရဲ့ဇာ
တိဇာတ်ရုပ်ကိုနဲနဲပြောမှသာ စာဖတ်သူပိုမိုဇာတ်ရည်လည်မှာဖြစ်သလို ဦးချန်
ထွန်းဆိုသည် သမညလူစားမဟုတ်ဘူးဆိုတာကို သိရှိမှာဖြစ်ပါတယ်။
ဦးချန်ထွန်းဟာ  . . . . .
၁၈၈၁ခုနှစ်တွင် အင်္ဂလန်ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ
ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ်
အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့ပါတယ်။
ဒါ့ကြောင့် ၀ိတိုရိယဘုရင် မကြီးကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကိုချီးမြင့်ခဲ့
ရပါတယ်။ဒါတင်မကသေးပါဘူး ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍
ဘာသာ ရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စ ချီးမြှင့်ခံခဲ့ရ
သူဖြစ်သည်။
ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်
အချိန်အထိ နောက်ထပ် ထို ဆုမျိုးရရှိသူ လုံးဝမရှိကြောင်း သိရှိရသည်။
ထိုသို့ ထူးချွန်ထက်မြတ်သော ဦးချန်ထွန်းဟာ  .. . . ။
ရန်ကုန်ပြန်လာခဲ့ပါတယ်။ ထိုခေတ်တွင် ၀ိတိုရိယ ဘုရင်မဆုကို ဆွဲ၍သွား
လျှင် ဦးချန် ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသော လူတိုင်းသည် ဦးချန်ထွန်း
ကို အလေးပြုရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက် ဘီးမှ ဆင်းရပ်၍
ဦးချန်ထွန်းအား အလေးပြုရပါသည်။
ဒီနေ့ခေတ် ̏ အောင်ဆန်းသူရိယ˝ ဘွဲ့တို့လိုပေါ့။  သာမန် ဗိုလ်တိုက်ချွန်းကို
ဗိုလ်ချုပ် နေဝင်းတို့က အလေးပြုရသလိုပေါ့။
ထိုမျှလောက် စာပေဂုဏ်ထူးဝိသေရှိသော ဦးချန်ထွန်းဟာ ဘုရင်မကြီး၏
လက်ဆွဲနှုတ်ဆက်ခြင်းကိုခံရပြီး အင်္ဂလန်နန်းတွင်းမှာ ဘုရင်မကြီးကိုယ်တိုင်
လက်ဖက်ရည်ပွဲဖြင့် ဂုဏ်ပြုဧည့်ခံရသူပါ။
ဝိတိုရိယ ဘုရင်မကြီးဆုကို ဘုရင်မကြီးကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊
သားတော်နှင့် တော်ဝင် မြင်းရထား ကိုစီးခွင့်ရသောဆုလည်းပါဝင်သည့်
အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင်
ဘုရင်မကြီးက ပေးအပ်ခဲ့ရပါသေးတယ်။
ကဲ  . . ဒီလောက်ဆို ဦးချန်ထွန်းဟာ ဘယ်လောက်ထက်မြတ်သူဆိုတာ
သိလောက်ပါပြီနော်  .. .
ထိုစဉ်က မြန်မာပြည်ရန်ကုန်မြို့မှာ အင်္ဂလိပ်အစိုးရရဲ့မြို့ပြစီမံကိန်းများဟာ
ဆူးလေစေတီတော်ကြီးကို သတ်ဖြတ်တော့မည့်အရေးပင်ဖြစ်ပါတယ်။ စ
တင်ပြီးတော့လည်း ဆူးလေစေတီတော်မြတ်ကြီးရဲ့ စနေဒေါင့်ကနေဖြိုဖျက်
နေပါတယ်။
ဒါ့ကြောင့် ဦးချန်ထွန်းဟာ မဖြစ်တော့ဘူး ဆိုကာ ဝိတိုရိယဘုရင်မကြီးထံ
အခုလိုကြေးနန်းစာတစ်ဆောင်အမြန်ရိုက်နှိပ်ပေးအပ်ခဲ့ပါတယ်။
မြန်မာ လူမျိုးများ၏ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းစဉ်လာမှာ အုတ်အင်္ဂတေသစ်
သား စသောစေတီပုထိုးများကို ̏ သက်တော်ထင်ရှင်မြတ်စွာဘုရား˝ကဲ့သို့ရို
သေလေးစားကြခြင်းဖြစ်တာမို့ ဘုရားစေတီတို့အား ဖျက်ရန်မဆိုထားနှင့် ပြု
ပြင်သောအခါမှာတောင် မူလထက်ထူထဲကြီးမားအောင်သာ စီမံကြရပါတယ်။
ဆူးလေစေတီတော်မြတ်ကြီးသည်အထွဋ်နှင့်တကွဖြစ်သော ̏ ထုပိကသဒိသ˝
စေတီတော်ဖြစ်သောကြောင့် ဖျက်ရန်ဘုရားတည်ပြီးဖျက်ရန်မဆိုထားနှင့် ပြု
ပြင်လျှင်ပင် နဂိုမူလပမာဏထက်ကြီးရပါသည် ဟု ရေးသားတင်ပြခဲ့ပါတယ်။
ထိုကြေးနန်းစာကို ဖတ်ရသော ဝိတိုရိယဘုရင်မကြီးသည်  . ..
 ̏ ဆူလေးစေတီတော်မြတ်ကြီးအား မဖျက်ရ နဂိုအတိုင်းရှိစေ˝
ဟု အမိန်ပြန်ကြားလိုက်သောကြောင့် ဒီနေ့ 2015 ခုနှစ်တိုင်အောင် ရန်ကုန်
မြို့ပေါ်တွင် ရှိနေရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဆူးလေအနီးအပါးသို့ရောက်တိုင်း ကျွန်တော်သည် ဝိတိုရိယဘု
ရင်မကြီးကိုကျေးဇူးတင်သကဲ့သို့ အဘဦးချန်ထွန်းကိုလည်း အကြိမ်ကြိမ်
ဦးချနေမိပါတော့သည်။
မည်သူမဆို ဗုဒ္ဗသာသနာတော်မြတ်ကြီးအတွက် Share နိုင်ပါသည်။ဤကု
သိုလ်ကို ကျွန်ုပ်အား ပါဠိစာပေသင်ကြားပေးခဲ့သော ဖခင်ကြီးဦးလှစံနှင့်
31 ဘုံသားများအားဝေငှပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...