Wednesday 12 August 2015

TRUTH of COMPOSE



ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး Stephen Hawing က  . . .
  ̏   ကျနော်၏ ထိုးထွင်း သိမြင်နိုင်မှုက ကျွနုပ်၏ ဒုက္ခိဘ၀နှင့် ဆက်စပ်မှု
ရှိတယ်၊ ကျနော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခိတဘ၀နဲ့ စကြာဝဠာနှင့်ပတ်
သတ်လို့ သိမြင်မှုကို လူတွေက အံ့သြကြပါတယ် ”
(Stephen Hawking)
ဒုက္ခနဲ့ ဆက်စပ်ခြင်းမှ သုခကိုရှာဖွေတွေ့ရှိတယ်ဆိုတဲ့စကားရပ်ဟာ
တကယ့်အမှန်ပါပဲ။ ချိုတာကို ခံစားတက်ဖို့အတွက် ခါးတာလေးကို
သိရင် ပိုမှတ်လွယ်တယ်မဟုတ်လား။
ဒီလိုစကားရပ်တွေဟာ တကယ်စင်စစ်တော့ ကျွန်တော်နဲ့ Stephen
 Hawking တို့သာပြောခဲ့တာမဟုတ်ပါဘူး။ ရှေးဦးအစ ပထမပြောခဲ့
သူကတော့ ဒီကနေ့ကမ္ဘာသိပ္ပံပညာရှင်များ အတွေးအခေါ်ပညာရှင်
များကိုယ်တိုင် အလေးဂရုပြုရတဲ့ (ဗုဒ္ဓမြတ်စွာ) ခေါ် ဂေါတမမြတ်စွာ
ဘုရားရှင်ပါပဲ။

  ̏ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ˝
 ဘိက္ခဝေ၊ရဟန်းတို့။ ဣဒံ ခေါ ပန၊ ဤဆိုအပ်လတ္တံ့သော သဘောတ
ရားတို့သည်။ ဒုက္ခံ၊ ဆင်းရဲအစစ်ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ ဘုရားအစ
ရှိသော အရိယာတို့သိအပ်သော သစ္စာမည်၏။
ဗုဒ္ဓမြတ်စွာ (ဓမ္မစက္က ပဝတ္တနသုတ်)

ကဲ  ..  ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့က ဒုက္ခကို မုန်းကြတယ် ရွံကြ
တယ်။ ဗုဒ္ဓကတော့ ဒုက္ခဆိုတာ အရိယာတွေသိအပ်တဲ့ စကားလုံးပဲ  .
တဲ့။ ထိုနည်းတူစွာ ဒီကနေ့မျက်မှောက်ခေတ်သိပ္ပံပညာရှင်ကြီးဖြစ်တဲ့
(Stephen Hawking) ကလည်းပဲ ဒုက္ခကြောင့် သူဟာ စကြ်ာဝဠာ
ကြီးရဲ့အကြောင်းကို ပိုသိလာရတယ် လို့ ဝန်ခံခဲ့တယ်နော်။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း 5000ကျော်လောက်ကပြောခဲ့တဲ့ ဗုဒ္ဓမြတ်စွာရဲ့
စကားတော်များဟာ အခုခေတ်သိပ္ပံနယ်လွန်ကြီးတွေတောင်လက်က
ချလို့မရသေး/ပါစပ်ထဲက ထုတ်ပစ်လို့မရသေးဘူးဆိုတာကို ကျွန်တော်
သိထားမိလို့ ခင်ဗျားတို့ကို ဝေငှတာပါ။

တကယ်တော့ ဒုက္ခဆိုတာ သတ္တလောကတစ်ခုလုံးရဲ့ ရွံမုန်းစရာကြီးပေါ့
သို့သော်လည်းပဲ ယင်းဒုက္ခဆိုးကြီးကို ဘယ်လိုသောနည်းပညာတွေကမှ
မတွန်းလှန်နိုင်ဘူးလေ။ သိပ္ပံနဲ့နည်းပညာတွေမြင့်မားတဲ့ အမေရိကန်လို
နိုင်ငံမျိုးမှာတောင် တောမီးတွေလောင်လို့ လူတွေသေကြေပျက်ဆီး
ဒုက္ခမီးက ပူပြင်းလှတယ်မဟုတ်လား?
တိုးတက်နေတဲ့ နိုင်ငံကြီးတွေတောင် ရေဘေးမီးဘေးစတဲ့ သဘာဝ
ဘေးဒုက္ခတွေအပြင် အိုမှုနာမှုသေမှုဘေးတွေကိုလည်းပဲ ထိရောက်
အောင်မကာကွယ်နိုင်ခဲ့ကြပါဘူး။

ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပါကသိခဲ့တဲ့ နာဂစ်၊အခုဖြစ်နေတဲ့ ရေကြီးမှု
တွေဟာ တကယ့်ဒုက္ခတွေပဲ။
ဒီဒုက္ခတွေကို ဒုက္ခလို့သိပြီး ဒီဒုက္ခကလွတ်မြောက်ဖို့နည်းလမ်းကိုရှာတဲ့
အခါမှာ ဖန်ဆင်းရှင်ဆိုတာကြီးကိုလွှတ်ပစ်နိုင်ယုံနဲ့မရသေးဘူး။
ယင်း̏ဒုက္ခ˝ကို ̏ဒုက္ခ˝မှန်းသိဖို့ ကနဦးလိုပါတယ်။

ဒီလိုသိမြင်မှသာ ထိုသူအတွက်  ̏သစ္စာ˝ဆိုက်တာပါ။ ယင်းသည်ပင်
လျှင် ̏ဒုက္ခသစ္စာ˝ပေါ့  . ဗျာ။ ယင်း  ̏ဒုက္ခသစ္စာ˝ကို အခုလိုဖွဲ့နိုင်ပြီဆိုရင်
ဒုက္ခဖြစ်နိုင်တဲ့ ̏ သမုဒယ˝အလုပ်တွေကို ကျွန်တော်တို့ခင်ဗျားတို့ဘဝ
တွေထဲက ထုတ်ပစ်လိုက်ပေါ့  . .ဗျာ။
 ̏ သမုဒယ˝ဆိုတဲ့ ပါဠိကို အဘိဓာန်က rise; origin; produce.Rise,
origin, commencement; origination, cause; multitude  သုံးတယ်
မြန်မာလိုတိုက်ရိုက်နားလည်လွယ်နိုင်တဲ့စကားကတော့ ̏ ဖြစ်ခြင်း˝
 ̏ ဖြစ်ပေါ်စေခြင်း˝ လို့ဆိုနိုင်ပါတယ်။ ကျွန်တော်နဲနဲဖွင့်ပြမယ်။ ဒုက္ခဖြစ်
̏ ဖို့အတွက်အကြောင်း˝ ဒါကို ̏ သမုဒယ˝လို့ခေါ်တာပါပဲ။

ဥပမာဗျာ  ..
ကျွန်တော်နဲ့ မော်ဒယ်လှလှလေး မနေ့က ဆုံခဲ့တယ်။ ဆုံဆဲမှာ အဲဒီ
မော်ဒယ်လေးကို ကျွန်တော့ရင်ဘတ်ကထိသွားတယ်ဆိုပါဆို့။ အဲဒါ
ဟာ သမုဒယပဲ။ မော်ဒယ်လေးနဲ့ကျွန်တော့ရင်ဘတ်နဲ့က သမုဒယ
ဖြစ်သွားတာ။ မော်ဒယ်လေးရင်ဘက်ထဲမှာဖြစ်တာမဖြစ်တာမဆိုင်ဘူး
နော်။ ကျွန်တော့ရင်ဘတ်မှာဖြစ်သွားတာ။ မော်ဒယ်လေးကို ကျွန်တော်
ကတစ်ဘက်သက်ထိသွားဆိုရင် ကျွန်တော်ရဲ့ သမုဒယ။ အဲမော်ဒယ်
လေးကလည်းသူ့ရင်ဘတ်မှာ ကျွန်တော်ကိုမထိဘူးဆိုရင် သူ့မှာ သမု
ဒယမဖြစ်ဘူးပေါ့။ ထိတယ်ဆိုရင်တော့ သူလည်းသမုဒယဖြစ်ပြီပေါ့။
ကဲ  .  ဒါလောက်ဆို သမုဒယကို နားလည်လောက်ပါပြီ။

ဒါ့ကြောင့် ဒုက္ခဆိုတာ သူ့အရင် သမုဒယတွေကိုလုပ်ခဲ့မိလို့ရလာတဲ့
အကျိုးရလဒ်ပါပဲ။ ဒ့ါကြောင့် ဗုဒ္ဓမြတ်စွာက ဒုက္ခကို ပယ်သတ်နိုင်ဖို့ရာ
 ̏အကြောင်းသမုဒယ˝ကို မလုပ်ဖို့လိုအပ်တယ်လို ဆုံးမထားပါတယ်။
ရှင်းရှင်းလေးပဲနော်  . .။ ဒုက္ခဆိုတာကြီးက ကျွန်တော်ခင်ဗျားတို့အ
တွက် လွှတ်ပစ်လို့ရတော့ဘူး။ ဘာလို့လည်းဆိုတော့ ̏ ဒုက္ခခန္ဓာ˝ကြီး
ဖြစ်ကြောင်း သမုဒယကိုလုပ်ထားနှင့်လို့ပေါ့။

ဒီတော့ ဒီ ̏ ဒုက္ခခန္ဓာ˝ကိုယ်ကြီးကိုရင်းပြီးဒုက္ခတွေကိုဖြစ်စေနိုင်တဲ့
 ̏ သမုဒယ˝လို့ခေါ်တဲ့ အချစ်တွေ အမုန်းတွေအငြိုးအတေးတွေကို
လွှတ်ပစ်ရမှာ။ ဗုဒ္ဓမြတ်စွာက အခုလိုတိုက်တွန်းခဲ့တာပါ။
ဒါ့ကြောင့်မို့ ဒီဆောင်းပါးလေးထဲက စကားလုံးတွေကို လိပ်ပတ်မလည်
ရင် အခေါက်ခေါက်ဖတ်ကြည့်ပါပြီးရင် ခင်ဗျားတို့ရဲ့ပစ္စုပ္ပန်ဘဝနဲ့ ယှဉ်
ထိုးကြည့်ပါ။
ဒါဆိုရင် ခင်ဗျားတို့ဒုက္ခကို မြင်လာမယ် သိလာမယ် ။ဒီလိုမြင်သိလိုက်
တာကိုပဲ ခင်ဗျားတို့ဟာ ̏ ဒုက္ခသစ္စာ˝ကို သိမြင်ခြင်းပဲ။
ဗုဒ္ဓမြတ်စွာဟာ ဗောဓိပင်အောက်မှာ ဒီအသိတွေကိုသိမြင်ခဲ့တာပါ။
 ̏ ဇာတိပိ ဒုက္ခာ˝
 ̏ ဇာတိ ၊ ဇာတိ ပဋိသန္ဓေနေရခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲအပေါင်း
ရဲတည်ရာဖြစ်သည်။˝
ဗုဒ္ဓမြတ်စွာ (ဓမ္မစက္က ပဝတ္တနသုတ်)
ဂျမခန်နာ ဆေးရုံမှာ အူဝဲဆိုပြီး ကလေးတစ်ယောက်လူလားမြောက်ခဲ့
တာကို ခင်ဗျားတို့ကျွန်တော်တို့က ဝမ်းမြောက်နေကြတယ်။ အဲဒါကို
ဗုဒ္ဓမြတ်စွာက အမှားကြီးပဲ  . တဲ့။ ̏ ဇာတိပိ ဒုက္ခာ˝ မွေးဖွားခြင်းဟာ
အိုမင်းရင့်ရော်ဖို့ ဒုက္ခတွေပဲလို့ဆိုပါတယ်။
မွေးဖွားနေခြင်းဟာ သေဆုံးဖို့အတွက်လို့ ဗုဒ္ဓက မြင်တယ်။ ခင်ဗျားတို့
ကျွန်တော်တို့က သုခဆိုပြီး ဝမ်းမြောက်နေကြတယ်။
 ̏ ဟယ် တော် ˝
 ̏ အသားဖြူဖြူ ဝဝတုတ်တုတ် ချစ်စကားလေး˝
 ̏ အဖေတူသားလေး ၊ အမေတူ သားမီးလေ˝ ဆိုပြီး သာဓုတွေ ခေါ်နေ
ကြတယ် မဟုတ်လား ?
ဒါ့ကြောင့် ကျွန်တော်တို့ ခင်ဗျားတို့တွေဟာ မမျှော်မှန်းနိုင်တဲ့ ကာလ
ရှည်တလျှောက်မှာ ငိုပွဲတွေ သေပွဲတွေနဲ့ အခုလိုဆင်နွဲနေကြရတာ
ပေါ့။
 ̏ ဘယ် နတ်ဘုရားကမှာ မဖန်ဆင်းခဲ့ဘူး˝
 ̏ဘယ် နတ်သိကြားကမှာ မဖန်တီးနိုင်ခဲ့ဘူး˝
ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ̏မသိမြင်ခြင်းအဝိဇ္ဇာတရား˝ဆိုးကြီးကပိတ်
ဆို့ပြီးလာခဲ့ကြတဲ့အတွက်ကြောင့် အခုလို စစ်အာဏာရူးဘေးနဲ့လည်း
ကြုံခဲ့ရတယ်။ သဘာဝဘေးဆိုးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်။
 ̏ ဘယ်မှာလည်း ဖန်ဆင်းရှင် ˝
 ̏ ဘယ်မှာလည်း တန်ခိုးရှင် ˝
ခင်ဗျားတို့ကျွန်တော်တို့ဘဝတွေဟာ အကယ်၍ တစ်စုံတစ်ယောက်
ကဖန်ဆင်းခဲ့တယ်ဆိုရင် အဲဒီဖန်ဆင်းရှင်ကို ပုဆိုးလှန်ပြပြီး ̏ ငါ˝
ကိုင်တုတ်ဆဲ လိုက်ဖို့ပဲရှိတယ်။
ဟုတ်တယ်လေ  . ..
သန်းပေါင်းများစွာသော ပြည်သူပိုင်သယံဇာတတွေကို ဖန်ဆင်းရှင်က
တရုတ်လက်ထဲဝကွက်အပ်လိုက်တာလား?
 ̏ သစ်တောတွေ . . ကုန်ပြီ  . .. ˝
 ̏ သဘာဝဓာတ်ငွေ့တွေ ကုန်ပြီ  . .˝
 ̏ မြစ်တွေ ခန်းကုန်ပြီ ˝
 ̏ ချောင်းတွေ ပျောက်ကုန်ပြီ ˝
 ̏ တောင်တွေ မြေပြန့် ဖြစ်သွားပြီ ˝
ကျွန်တော်တို့မြေမှာရှိခဲ့တဲ့ ယင်းသယံဇာတတွေကို  ..
 ̏ ဘယ်သူဖန်ဆင်း ခဲ့တာလဲ? ˝
 ̏ ဘယ်သူ ရောင်းစားခဲ့တာလဲ ?˝
 ဖန်ဆင်းရှင်ဟာ သစ်တောတွေ သယံဇာတတွေကို အာဏာရှင်အ
တွက် ရည်ရော်ဖန်ဆင်းခဲ့တာလား?
ဖန်ဆင်းရှင်ဟာ ကျွန်တော်တို့ ပြည်သူတွေကိုတော့ အခုလို ရေဘေးဆိုး
တွေနဲ့ ဖန်တီးပေးပြီး အာဏာရှင်ခရိုနီတွေကြတော့ ဒေါ်လာတွေဖန်ဆင်
ပေးတာလား?
ခင်ဗျားတို့ အခုလိုလေးစဉ်းစားသင့်ပါတယ်။ ဒါဆိုရင် ဖန်ဆင်းရှင်ဆိုတာ
ခင်ဗျားတို့ဘဝမှ ဘယ်တော့မှရှိလာမှာမဟုတ်တော့ပါဘူး။
သတ္တလောကကြီးတစ်ခုလုံးဟာ အခုလို ဝိသမလောဘဆိုးတွေကြောင့်
မီးလောင် ပြာကျ၊ရေကြီး လေကြီးနဲ့ သဘာဝဘေးဆိုးဒါဏ်ကိုခံနေရ
တာကို ဖန်ဆင်းရှင်ဆိုတဲ့ ဝါဒဆိုးကြီးက သင်းကွပ်လိုက်တာပါပဲ။
ဒီလို သိမြင်ခြင်းကို ̏ ဒုက္ခသစ္စာ˝ ကိုသိမြင်ခြင်းပါပဲ။
တကယ်လိုအပ်တာကလည်း  . .. ̏ ဒုက္ခသစ္စာ˝ ကို သိမြင်ဖို့ပါပဲ။
နာကျင်ခံခက် ဝေဒနာတွေ အမြဲနှိပ်စက်နေတဲ့ ခန္ဓာကိုယ်ကြီးကို
ဝတဲ့သူက ပိန်ဆေးစားတယ် ၊ ပိန်နေတဲ့သူက ဝဆေးစားတယ်။
ဖြူနေတဲ့သူက ညိုအောင်မဲအောင်လုပ်တယ်၊ ညိုမဲနေတဲ့သူက ဖြူ
အောင်လုပ်တယ်။
 ̏ ငါ က ပိန်ပိန်သွယ်သွယ်˝ လေး  . .
 ̏ ငါက ခါးသေး ရင်ချိ ရေမဆေး ငါး˝ လေး  . .
စသည်ဖြင့် သာယာနေခြင်းတွေဟာ ̏ သမုဒယ˝ တွေလုပ်နေတာပဲ။
 ̏ ဒုက္ခ˝ကို ̏ သုခ˝ အဖြစ်အထင်မှားနေတယ် ။
ဒါကို ဗုဒ္ဓမြတ်စွာက ̏ ဝိပလ္လသဂတ˝ အမြင်ဖေါက်ပြန်နေတဲ့သူလို့
ဆိုပါတယ်။
 ဒုက္ခကို ဒုက္ခ မှန်းမသိသရွေ့ ထိုသူဟာ အရူးပဲ။ စာလိုပြောတော့
 ̏ ဝိပလ္လသဂတ˝ သမားပဲ။
နဂုံးချုပ်ရင်  ..  ကျွန်တော်တို့ဟာ ̏ သစ္စာ˝ကိုသိမြင့်ဖို့လိုတယ်။ဘယ်
လိုသစ္စာလည်းမေးရင် ၊ ဒုက္ခကို အမှန်အတိုင်းအမြင်နိုင်တဲ့ သစ္စာပါပဲ။
ဒုက္ခကို ဒုက္ခမှန်း သစ္စာဆိုက်တဲ့အသိတွေသိရင် အဲဒီဒုက္ခကို နောက်
ထပ်တစ်ကြိမ် Again မလုပ်မိတော့ဘူးပေါ့။
နောက်တစ်ခါ မလုပ်မိတာကိုက ̏ သမုယသစ္စာ˝ကိုရှောင်ကြဉ် နိုင်ခြင်းပါ
ပဲ။ ဒါဆိုရင်ကျွန်တော်တို့ဟာ ကိုယ်တိုင်ကိုယ်ကျ သစ္စာတရားကိုဖွဲ့နွဲ့
နိုင်ကြပြီး ̏ သမုဒယသစ္စာ˝ နယ်ပယ်ကိုရှောင်ရှားနိုင်ပြီးသကာလ
 ̏ နိယောဓသစ္စာ˝ မှ ̏ မဂ္ဂသစ္စာ˝ တိုင် ငြိမ်းအေးသော ဘဝပန်းတိုင်ကို
အရောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်ဟု ကျွန်တော်သည် အခုလို
  ̏ သစ္စာသို့  .. ဖွဲ့နွဲ့မိပါတော့သတည်း  . .. ။
ဤဓမ္မအလှူကို မိမိအားပါဠိစာပေကိုကနဦးသင်ကြားပေးခဲ့သောဖခင်
ကြီး ဦးလှစံနှင့် 31ဘုံသားများအားဝေငှမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...