Saturday 15 August 2015

FUTURE AND YOUTHS



(ခရိုနီကိုကျေးဇူးရှင်လို့မြင်နေသူများအတွက်ရည်ရွယ်သည်)
မျက်မှောက်ခေတ်မှာ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာ ဘီလီယံ
ရာနဲ့ချီပြီး ထူထောင်ထားတဲ့ ဖောင် ဒေးရှင်းတွေ များကြီးပေါ်လာတယ်။
ဒါကိုမသိတဲ့ ခေတ်လူတွေကအခုရေဘေးမှာ ပရဟိတလုပ်နေတဲ့လူ
ငယ်လေးတွေကို ခပ်ပေါပေါလို့ထင်နေကြနယ်။
တကယ်ပေါရုံမက ကဏ်းနေတာကတော့ ပရဟိတကို ဝေဖန်နေတဲ့သူ
တွေပါပဲ။

အာဏာရှင်ခရိုနီတွေလို အကျိုးအမြတ်ရှိတဲ့ သစ်ခု၊တောင်ရောင်း၊မြစ်
ပေါင် စတဲ့သယံဇာတတွေ ခိုးစားနေတာကိုတော့ ထိုသူများ မသိကျိုး
ကျွံပြုနေကြပါတယ်။

အမေရိကန်လို ခေတ်မီတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ . ..
 ̏အကျိုးအမြတ်ရှိ မှရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ အစဉ်အလာ အတွေးအခေါ်
တွေမရှိကြတော့ပါဘူး။˝
ဒါကို ဒီနေ့မြန်မာနိုင်ငံကလူတွေသိစေချင်ပါတယ်။ ထိုနိုင်ငံတွေဟာ
 ̏  အမျှော်အမြင်ကြီးမားတဲ့ လူသားယဉ်ကျေးမှုကို တိုးတက်စေတဲ့ အတွေး
အခေါ်အလုပ်အကိုင်တွေ˝ အဖြစ် ဂုဏ်ယူနေကြပါတယ်။

ပညာရေးနဲ့ သုတေသနမှာ ရင်းနှီးမြှုပ်နှံတာကို အနာဂတ်အတွက်ဖြစ်
ပေမယ့် လိုလားစွာလုပ်ဆောင်လာကြတယ်။ သူဌေးတွေကသူတို့ ဝင်ငွေ
တွေရဲ့(၅)ရာခိုင်နှုန်းလောက်ကို လှူဖို့စိတ်ဝင်စားလာကြတယ်ဆိုတာဟာ
အဲဒီနိုင်ငံတွက်တော့ တကယ့် အနာဂတ်ကောင်းတွေဆိုတာကိုသိရှိပြီး
ပညာရေးကို ဖောင်ဒေးရှင်းကြီးတွေချပြီး လုပ်ဆောင်နေကြပါတယ်။
ဒီနေ့ည 16.8.2015 ဒီမိုကရက်တစ် မြန်မာအသံက သတင်းမှာ  ..
အမေရိကန်သမ္မတလောင်း ဟီရာလီကလင်တန်ဟာ 2015 မှာသူမဟာ
သမ္မတအဖြစ်အရွေးခံရမည်ဆိုပါက အမေရီကန်ရဲ့ ပညာရေးမှာ အိမ်
ထောင်ရှိခလေးမွေးသော ကျောင်းသားများအတွက်/ခလေးတွေအတွက်
ကို ပညာရေးအသုံးစရိပ်များထောက်ပံမယ် . .
ဆိုပြီး ပြောဆိုသွားတာကို ကျွန်တော် ကြည့်လိုက်ပါတယ်။

မြန်မာပြည်မှာတော့ ခရိုနီတွေက ဘောလုံးစတဲ့ အားကစားတွေမှာ ရင်း
နှီးမြုတ်နှံနေတာကို ကျွန်တော်သတိထားမိတယ်။
ဒါကို ဒီလိုမှန်းမသိတဲ့ ယနေ့ခေတ်လူငယ်အချို့က ခရိုနီကြီးများကို ပြည်
သူတွေရဲ့ ̏ ကျေးဇူးရှင်˝အဖြစ် ပုံပေါ်နေတက်ကြပါတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းက Next Generation Learning Challenges ဆိုတဲ့
ပရောဂျက် ကို စပွန်ဆာတွေပေးပြီး အများကြီးမြှုပ်နှံထားပါတယ်။ ဝင်ငွေ
နည်းတဲ့မိသားစုတွေက သာမန် ကလေးတွေကို ဒီပရောဂျက်ကနေ
ထောက်ပံ့ပေးပြီး ပန်းတိုင်တစ်ခုခု ရောက်အောင် မွေးထုတ် ပေးတယ်။
အထူးသဖြင့် နည်းပညာရှင်တွေ ဖြစ်လာအောင် ဦးတည်ချက်နဲ့ ထုတ်
လုပ်နေကြတာကို ကျွန်တော်သတိထားလေ့လာမိပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာလည်းပဲ အဲလို သူဋ္ဌေးတွေပေါ်ပေါက်ချင်ပါတယ်။
ကျွန်တော့မှာက ဓနဥစ္စာခွန်အားမရှိတော့ အခုလို အလင်းခွန်အားပဲ
ဝေငှနိုင်တာမို့ အခုလိုရေးသားနေတာပါ။

ဒါ့အပြင် မကြာသေးမီက လွတ်တော်အမတ် ဦးခင်ရွှေပိုင်ဧရိယာထဲမှာ
ဖမ်းဆီးမိလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ ကမ္ဘာမှာ ဒုတိယအများဆုံး
ဆိုတော့က ကျွန်တော်တို့လူငယ်တွေအတွက် ကျွန်တော်စိတ်ပူသွားပါ
တယ်။ ကျွန်တော်တို့ နိုင်ငံကလူငယ်တွေဟာ မူးယစ်ဆေးဝါးတွေခြားထဲ
မှာ စီးမြောသွားကြပြီလား ? ဆိုတဲ့မေးခွန်းဟာ မြန်မာနိုင်ငံရဲ့အနာဂတ်
အတွက် စိတ်မသက်သာစရာပါ။
နောက်ပြီး လူငယ်တွေကိုယ်တိုင်ကလည်း . . . ခေတ်ပျက်သူဋ္ဌေးတွေကို
အတုယူုအားကျနေတာဟာ အနာဂတ်အတွက် ဘေးထွက်ဆိုးကျိုးတွေပါ
ပဲ။
  ̏ ဒီသူဋ္ဌေးဟာ ငွေမည်းကနေငွေဖြူလုပ်မည့်သဋ္ဌေးလား?˝
 ̏ ဒီသူဌေးဟာ ခရိုနီလား?˝
 ̏ ဒီ သူဌေးဟာ ဗိုလ်ချုပ်ကြီးတွေရဲ့သားလား ?˝
 ̏ သယံဇာတကိုရောင်းပြီးချမ်းသာကြွယ်ဝသူလား?˝
 ̏ ရိုးသားကြိုးစားစွာ ချမ်းသာကြွယ်ဝသူလား ?˝
စသည်ဖြင့် စသည်ဖြင့် ခွဲခြားနိုင်တဲ့ ပညာအခြေခံတွေရှိဖို့လိုပါတယ်။
သူ့ဘဝကို ခရိုနီမှနေ ခရိုဖြူ ဖြစ်ဖို့ ဖုံးကွယ်ရန် ဥက္ကဋ္ဌကြီးနေရာဝင်ယူနေ
တဲ့သူတွေလား? ဆိုတာ လူငယ်တွေသိထားသင့်ပါတယ်။
ဒါဟာ သမိုင်းပါပဲ။ သမိုင်းကို မေ့ထားရင် လူမျိုးပါပျောက်ကွယ်စရာရှိ
ပါတယ်။ SeeGame ကိုပဲ သတိထားကြည့်၊ ပြည်သူတွေမွဲနေတယ်၊
ဆင်းရဲနေတယ် ငတ်နေတယ်ဆိုတာ ကမ္ဘာကသိတယ်။ အိုးအိမ်ခြံမြေ
လယ်ယာတွေသိမ်းလို့ ဒုက္ခရောက်နေတယ်ဆိုတာလည်း ကမ္ဘာကသိ
လောက်အောင်အထိအတိဒုက္ခရောက်ခဲ့ကြတယ်။

အဲဒါပေမယ့် SeeGame ကိုတော့ဖြင့် ငွေဒေါ်သန်းများစွာအကုန်ခံပြီး
လုပ်ခဲ့ကြတယ်။ ဒါကို လူငယ်တွေအများစုက ဒီလိုနားမလည်ကြဘဲ
SeeGame စီးဂိမ်း ဆိုပြီး ပျှော်နေကြတယ်။
 ̏ အိမ်ရှေ့ ပူတော့ အိမ့်နောက် မချမ်းသာ˝  ဆိုတဲ့ စကားပုံက အခုတော့
လွဲကုန်ပြီ။ လယ်သိမ်းယာသိမ်းခံပြည်သူတွေ ဒုက္ခရောက်နေတာကို See
Game နဲ့အပျှော်ကျူးနေကြတယ်။

အားကစားဆိုတာ နိုင်ငံရဲ့ကျန်းမာရေးပါ။သို့သော် ထမင်းငတ်နေတဲ့သူ
ထက် အားကစားဟာ ဒုတိယအဆင့်မှာရှိရမှာပါ။ ဒါကို လူငယ်အချို့မရိပ်
စားမိကြဘူး။ ဒီလိုမရိပ်စားနိုင်ခြင်းဟာ အသိဉာဏ် intelligence တွေ
ပျောက်နေလို့ပါပဲ။ ဒါတွေကို သိသော ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရပါ
တယ်။ အခုလည်း ဒီကုသိုလ်စိတ်နဲ့ဒီစာကိုရေးတာပါ။

ခရိုနီတွေဟာ အရောင်ပြောင်းဖို့ နယ်မြေကူးလာတာကို လူငယ်တွေမရိပ်
စားမိကြဘူး။ အာဏာရှင်တွေဟာ အင်္ကျီပြောင်းဝတ်တာကို လူငယ်တွေ
မရိပ်စားမိကြဘူး။ အဲလို မရိပ်စားမိနိုင်အောင် ပညာရေးစနစ်မှာ အလွတ်
ကျက် အလွတ်မှတ်တဲ့ စနစ်ကို အကောင်အထည်ဖေါ်ပေးထားတယ်
လေ။ Thinking ကို ထုတ်ပြခွင့်မပေးတော့ဘူး။ တွေးနိုင်တဲ့သူကို ထောင်
ထဲထည့်ပေးလိုက်တယ်။ ဒီတော့ လူငယ်တွေ အတွေးမချဲ့နိုင်တော့ဘူး။
ကမ္ဘာ့ရဲ့ အပြင်ချိန်မြင့်တက်လာမှုကိုတိုင်းတာမယ်ဆိုရင် နှစ်ပေါင်း(100
00)တစ်သောင်းမှာ (1ံ) တစ်ဒီဂရီတိုးပါတယ်။ ဒါသဘာဝအတိုင်း တို့တဲ့
အပူချိန်ပါ။ အခုမြန်မာနိုင်ငံမှာ(85) နှစ်အတွင်း (5ံ) ငါးဒီဂရီတိုးလာ
တော့မယ်ဆိုတာကို ဒေါက်တာဦးထွန်းလွင်ရဲ့အင်တာဗျူးမှာနားထောင်
လိုက်ရပါတယ်။ ဒါတွေဟာ အာဏာရှင်အပေါင်းခရိုနီတွေရဲ့ မိုက်မဲမှုရ
လဒ်တွေပဲပေါ့။ ဒါတွေကို လူငယ်တွေသိထားဖို့လိုပါတယ်။ မသိသူကများ
နေသရွေ့ မြန်မာပြည်ဟာ သဲကန္တာရကြီးဖြစ်သွားနိုင်ပါတယ်။
ဥပမာ  .. ခေါင်းဆောင်ကောင်းခေါ် သမ္မတကောင်းတစ်ယောက်ပေါ်
ပေါက်လာပါက SeeGame မှာကုန်ကြမည့်ငွေတွေကို သဘာဝဘေးအန္တ
ရာယ်မဖြစ်ပေါ်စေရေးအတွက် ဧရာဝတီမြစ်ကြီးကိုပြုပြင်ဆယ်တင်လိုက်
ရင်မကောင်းဘူးလား။ ဒါဆိုရင် အခု လက်ရှိကြုံတွေ့ရသော ရေးဘေး
ဒုက္ခဟာ အထိုက်အလျှောက်သက်သွားသွယ်မယ်လေ။

ဒီနေ့ခေတ်ဟာ   . .
  ̏ မင်းကြီး . . များ ˝
  ̏ ဘုရား  . .˝ ထူးတဲ့ခေတ်မဟုတ်တော့ပါဘူး။
 မင်းကြီူးကိုယ်တိုင် ဆင်စီးပြီးတိုင်းခန်းလှည့်လည်ကြည့်ရှု့ဖို့မလိုတော့ဘဲ
ကွန်ပျူတာဖွင့် အင်တာနက်ချိပ်လိုက်တာနဲ့ Auto သိနေသောခေတ်
ရောက်နေပြီဆိုတာ ဒီနေ့ခေတ်လူငယ်တွေ သတိထားတက်ဖို့လိုပါတယ်။
 ̏ မွေးနံထောင့် ဘုရားဆင်းတုတော်မှာ ရေလောင်းတယ်ဆိုတာ ဘိုးတော်
မင်းတရားကြီးတို့ရဲ့ ခေတ် ပါ˝
 စေတီတော်ရဲ့ ဘယ်ထောင့်က ရှိခိုးရှိခိုး ဗုဒ္ဓပူဇာဖြစ်နေပြီးသားဆိုတာ
အထူးရှင်းပြရမယ့်ခေတ်မဟုတ်တော့ပါဘူး။
 ချီးသေးကိုတောင် ရေသန့်လုပ်သောက်လို့ရတဲ့ခေတ်မှာ ̏ ဗေဒင်ယတြာ
တွေဟာ မြောင်းထဲရောက်ကုန်ပါပြီ˝
အောင်ဆန်းစုကြည်ကို သမ္မတဖြစ်မယ်လိုဟောခဲ့တဲ့ ဗေဒင်ဆရာကြီးများ
ဒီဆောင်းပါးကိုဖတ်မိရင် သဘောပေါက်ကြပါလိမ့်မယ်။ သမ္မတဖြစ်ဖို့ဆို
တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းပါ။ ဒါကိုဗေဒင်ဆရာက
ဝင်ရောက်ပြောဆိုအခါပေးလေသံပစ်ရုံလိုက်ရုံနဲ့ ဖြစ်၏ မဖြစ်၏ဆိုတာ
ဟာ အမြင်ကျဉ်းမြောင်းလှပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဗေဒင်ဆ
ရာက ပိုင်စိုးပိုင်နင်းလုပ်ရာကြပါတယ်။
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သေချာပေါက် သမ္မတဖြစ်မယ်
လို့ဟောတဲ့ ဗေဒင်ဆရာစကားကြားရတော့ ကျွန်တော့်ရဲ့အသိုင်းအဝိုင်း
ကြားမှာ ကျွန်တော်ကလည်း မဖြစ်ဘူးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
 ̏ ဟာ ˝
 ̏ ဒီလိုဆိုရင် ခင်ဗျားကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝကို˝
 ̏ ဟောကိန်းထုတ်တာလား ˝
လို့ ကိုယ့်ရှုးကိုယ်ပတ်စကားဖြင့် မေးငေါ့စရာရှိပါတယ်။
ကျွန်တော်ဟောကိန်းက ဗေဒင်ဟောကိန်းမဟုတ်ပါဘူး။ ̏ ကျမ်းစာအုပ်
များကို ဖတ်ရှု့လေ့လာပြီး ခေတ်စနစ်ကို ဘာသာပြန်တာပါ။˝ တစ်နည်း
အားဖြင့်ပြောရရင် . . .
  ̏ စိတ္တဗေဒ˝
  ̏ သတ္တဗေဒ˝
  ̏ သြကာသဗေဒ˝ ပဲပေါ့။
ကျွန်တော်တို့ရပ်တည်နေသော ကမ္ဘာရဲ့ မြေမျက်နှာသွင်ပြင်ပေါ်မှာရပ်
တည်ခဲ့ပြီးသော အခြင်းအရာများကိုလေ့လာသုံးသပ်ပြီး ̏ ဒေါ်အောင်
ဆန်းစုကြည်ဟာ 2015 မှာသမ္မတမဖြစ်နိုင်ဘူးလို့ ကျွန်တော် ဟော
ကိန်းထုတ်ခဲ့တာပါ။
ထိုသည့်အတူ အခုကြည့်လေ  ..ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်
တော့ဘူးမဟုတ်လား?
ဒါ့ကြောင့် . . .
အနာဂတ်ကိုဝေဖန်ရာမှာ ပညာရှိဖို့လိုပါတယ်။ ပညာရှိဖို့အတွက် အ
ဆက်ဆက်ခေတ်စာတွေကို ဖတ်ရှု့ရပါလိမ့်မယ်။ စာဖတ်ရာမှာလည်း
Open Mind စိတ်ရှိရပါမယ်။
မွတ်ဆင်ဘာသာကိုယုံကြည်သူဟာ အခြားဘာသာစာပေများကိုလည်း
Open Mind စိတ်နဲ့ဖတ်ရှု့လေ့လာဖို့လိုပါတယ်။ ငါ့ဘာသာမှအမှန် သူ့
ဘာသာက အမှားဆိုတဲ့ နှလုံးသားကို ထောင်ချထားသောစိတ်ဓာတ်နဲ့
ဖတ်ရှု့မယ်ဆိုရင် အခုကျွန်တော်တင်ပြခဲ့တဲ့ အလင်းအသိတွေမရနိုင်ပါ
ဘူး။
ဒ့ါကြောင့် ခေတ်လူငယ်တွေကို ခေတ်မီစေဖို့ ကျွန်တော် စာတွေရေး
ပေးနေတာပါ။ သို့သော်လည်းပဲ အချို့သော ခေတ်လူငယ်များဟာ အတု
မယူသင့်သော ခေတ်မီစနစ်ကို အတုယူ၍ အတုယူသင့်သော ခေတ်မီစ
နစ်ကို အတုမယူကြတာကို Facebook စသော SocialNetwork တွေမှာ
တွေ့မြင်ကြားနေရပါတယ်။
ဗဟုသုတရမည့်စာမျိုးဆိုရင် မဖတ်ကြပါဘူး။ Like လုပ်ဖို့အတွက်လည်း
နှမြောတွန့်တိုတက်ကြပါတယ်။ တဏှာရာဂကိုထကြွသောင်းကျန်းစေ
သောအရာမျိုးကိုဆိုပါရင် Like အပြင် comment များတောင်ရေးတက်
ကြပါတယ်။
ကိလေသာနိုင်ငံမှာ ကိလေသာထတာဟာ ကျွန်တော် ဒိုးကြီးကိုယ်တိုင်ပါ
ပဲ။ ကိလေသာစာနာထကြွတာက တစ်ပိုင်းတစ်ဏ္ဍဖြစ်သလို ဗဟုသုတ
တိုးရစ်ဖို့အတွက် စာပေလေ့လာရမှာကလည်း တစ်စိတ်တစ်ပိုင်းပါ။
ဗဟုသုတကင်းမဲ့သွားရင် အနာဂါတ်နိုင်ငံမှာ လူမျိုးဘာသာတရားတွေပါ
ပျောက်ကွယ်ဆိတ်သုန်းနိုင်တယ်ဆိုတာကိုတော့သိစေချင်ပါတယ်။
ဒါ့ကြောင့် ဒီဆောင်းပါလေးကို ဓမ္မဒါန အနေနဲ့ ဝေငှလိုက်တာပါ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...