Sunday 2 August 2015

ရေဘေးဆိုးကြားထဲက . . အနတ္တ



ရေဘေးကတော့ အင်အားကောင်းလျှက်ရှိနေသေးတယ်။
တကယ်တမ်းတော့ ကျွန်တော်တို့လူသားတွေဟာ အားအင်မဲ့တဲ့
သူတွေပါ။ ဘေးကြမ်းတွေနဲ့မကြုံခင်မဆုံခင်တော့ ၊ကိုယ့်ကိုယ်
ကို အထင်ကြီးကြပါတယ်။
တကယ်တမ်းအခုလို သဘာဝဘေးကြမ်းဘေးဆိုးတွေနဲ့လည်း
ဆုံရော  .. အစောက အထင်ကြီးခဲ့တဲ့ ကိုယ့်ရဲ့ မာနအတ္တတွေဟာ
အစရှာမရတော့ပါဘူး။
ဒါကို ဗုဒ္ဓမြတ်စွာက အထူးသိတော်မူသောကြောင့်  .ကျွန်တော်တို့
ခင်ဗျားတို့ဘဝတွေကို . . . .
   ̏ ယေ မေ ဘိက္ခဝေ အနတ္တာ ˝
လို့ ပြောလိုက်တာပါပဲ။ ဘယ်မှာလည်း  ̏ အတ္တ˝ တွေ ။ ရှာလို့မရဘူး
နော်။ ခင်ဗျားတို့ ကျွန်တော်တို့ အထင်ကြီးနေတဲ့ 11 Billion ဟာ
သေဘေး ၊ ကပ်ဘေးဆိုးနဲ့ဆုံရင် သူဘာမှ မလုပ်ပေးနိုင်ဘူး  .. ဗျ။
ဒါလေးတွေကို ကျွန်တော်တို့ နှလုံးသွင်းဆင်ခြင်သင့်ပါတယ်။
အဲလို ဆင်ခြင်နိုင်မယ်ဆိုရင် မြန်မာပြည်မှာ ̏ အာဏာရှင်˝ ဆိုတာမရှိ
တော့ဘူး။ ̏ ခရိုနီ˝ ဆိုတာမရှိတော့ဘူး။
အခုတော့ ကမ္ဘ့ာမှာရော မြန်မာမှာပါ အာဏာရှင်တွေ ခရိုနီတွေ အပြင်
ဘာသာရေးအစွန်းရောက်တွေပါ ပေါများနေတယ်မဟုတ်လား။
ဒါ့ကြောင့်ဗျာ။  . အခုလို မြင်မကောင်းကြားမကောင်း စိတ်မကောင်း
စရာ ရေဘေးဆိုးကြီးအချိန်မှာ ကျွန်တော် ̏ အနတ္တ˝ တစ်လုံးလောက်
ကိုတော့ ခင်ဗျားတို့ ခေါင်းထဲကို ထည့်ပေးလိုက်ချင်ပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...