Friday 7 August 2015

သမ္ဗာန်စာ ရဲ့ မူလဇစ်မြစ်



  ̏  ဆိုရေးရှိက ၊ ဆိုအပ်လှ၏ ˝
 ̏ ဆိုစများလျား ၊ ထားပချေမိ ၊ ငါ့ဝန်ရှိ၏˝
 (ရှင်မဟာရဋ္ဌသာရ)
ပဏ္ဍိတကြီးတစ်ဆူဖြစ်တော်မူသော ရှင်မဟာရဋ္ဌသာရ၏ ထုံးကို နှလုံးမူ၍
အခုလိုရေးရခြင်းဖြစ်ပါတယ်။ တစ်ဦးမှ တစ်ယောက်သို့ ငါသိတယ် ငါ
တက်တယ်၊ မင်းမှားတယ် ငါမှန်တယ်စသော မာနကို ပဓာနပြု၍ အခုလို
ရေးရခြင်းမဟုတ်ပါဟု ဝန်ခံပါသည်။
ဒိုးကြီး သိပ့်တက်၍ ရေးသည်မဟုတ်ပါ။ ဒိုးကြီး သိပ်နားလည်၍ ရေးသည်
မဟုတ်ပါ။ဒိုးကြီးသိသော စကားကို ဒိုးကြီး ဘာသာပြန်ပြခြင်းသာဖြစ်ပါ
တယ်။
အကြောင်းမူကား  .. . .
မျက်မှောက်ခေတ် စာပေသုတေသီတို့ ရေးသားကြသော အချို့သော
အကြောင်းအရာတို့သည် ̏ လောက သစ္စံ နသစ္စံ˝ ဆိုသော ဗုဒ္ဓဝစနံအ
တိုင်း ပြီးပြည့်စုံအောင်သရုပ်သဏ္ဍာန်မမှန်နိုင်ပေ။ သို့သော်လည်းပဲ
ယင်း စာပေသုတေသီတို့၏ စာများကို ဖတ်ရ၍ အထွေအထူး သုတများ
စွာလည်း ရနိုင်သည်ဖြစ်၍ မျက်ကွယ်မပြုသင့်ပေ။
 ̏ အမှားကြာတော့ အမှန်ဖြစ် ၊ ဘုရား စင်စစ် မဟော နိုင်˝ ဆိုသည့်စ
ကားအတိုင်း အမှားတွေကြာလာရင် အမှန်တွေကွယ်ပကုန်မှာကိုလည်း
စိုးရိမ်မကင်းဖြစ်ရပါသောကြောင့် အခုလို အပင်ပန်းခံရေးသားလိုက်ရ
တာပါ။
ဒီနေ့ခေတ် စာပေသုတေသီတို့က . . .
တရားရုံးအခေါ် ̏ သမ္ဗာန်စာ˝ ကို အင်္ဂလိပ်စကား Summons ၏ အသံ
ထွက်ကို ယူ၍ မြန်မာဝေါဟာရအဖြစ်သို့သုံးသည်ဟု ယနေ့ စာပေသုတေ
သိအချို့ရေးနေကြတာကို ကျွန်ုပ်ဒိုးကြီး ဖတ်ရှု့ရသောကြောင့် အခုလို
အမှန်မြင်နိုင်ရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်မြန်မာနိုင်ငံတွင် သုံးနှုံးလေ့ရှိသော ဝေါဟာရများဟာ ပါဠိ၊
မှာကူးယူသောစကားများရှိသလို အင်္ဂလိပ်အစရှိသော ဝေါဟာရတွေက
နေပုံပြောင်းယူတာမျိုးလည်းရှိပါတယ်။ တစ်ဖန် ယိုးဒယားကစကားလုံး
ကိုလည်း ယူသုံးတာရှိနိုင်ပါတယ်။ maybe ပေါ့နော်။
ဒီနေရာမှာတော့ တရားရုံးအခေါ် ̏ သမ္ဗာန်စာ˝ ၏ (etymology) မူလ
ရင်းဇစ်မြစ်စကားရပ်သည် အင်္ဂလိပ်စကား Summons ကနေ ယူသုံးတယ်
ဆိုတာတော့ လုံးဝလွဲမှားတယ်လို့ ကျွန်ုပ်ယူဆပါတယ်။ ပါဠိစာပေကနေ
ယူသုံးလိုက်ခြင်းဖြစ်ပါတယ်။
ပါဠိစာပေတွင်  ̏ သမ္ဗန္ဓံ˝ ဆိုသော ပုဒ်တစ်ခုရှိပါတယ်။  ̏ ဆက်စပ်˝ခြင်း
လို့ အဓိပ္ပါယ်ရပါတယ်။
ယံ ယဿ သမ္ဗန္ဓံ ကုသလဿဝါ (လ) ဆိုပြီးရှိပါတယ်။  တစ်ဦးနှင့်တစ်
ဦး တစ်ခုနှင့်တစ်ခု တွဲစပ် တာကိုသုံးတာပါ။ ဒါကြောင့်  ဒီနေ့ မြန်မာနိုင်ငံ
ရုံးသုံး ̏ သမ္ဗန်စာ˝ သည် ပိဋကတ်မှာ တိုက်ရိုက်ကူးယူသောစကားဖြစ်
သည်ဟု ကျွန်ုပ်ထင်မြင်ယူဆပါ။
ဒီလို ပါဠိတော်ကြီးကို ကိုးကားထောက်ပြတာကို အားမရသေးဘူးဆို
သော သုတေသီတို့ ရှိသေးပါကလည်း ဟိန္ဒူလူမျိုးတို့၏ အထွဋ်အမြတ်
ဖြစ်သော နက္ခတ္တဗေဒကျမ်းထဲက ̏ သမ္ဗန္န˝ ဆိုသောစကားကိုကိုးကား
ပြပါဦးမယ်  . .။
(astronomy)  နက္ခတ္တဗေဒ ပညာရပ်တွင် ဂြိုဟ်တစ်လုံးနှင့်တစ်လုံး မ
တူုညီကြသော်လည်း ဆက်စပ်မှုရှိကြောင်းကို ̏ သမ္ဗန္န˝ ဟုသုံးပါသည်။
အကြောင်းမူးကား မြန်မာတို့၏ နက္ခတ္တဗေဒ ပညာရပ်သည် အန္ဒိယမှ
လာသည်ဖြစ်၍ ဟိန္ဒူလူမျိုးတို့ထံမှ ကူးယူခြင်းဖြစ်သည်။
ထို့ကြောင့် ဂြိုဟ်တို့၏ အနေအထား သွားလာလှုပ်ရှာမှု စသည့်တို့ကို
ဟောရာတွင် Moon ခေါ် လဂြိုဟ်သည် Jupiter ဂြိုဟ်၏ နေရာပိုင်သို့
ရောက်နေခြင်း (ဝါ) Jupiter ဂြိုဟ်နှင့် (30ံ) အတွင်းအတူရှိနေခြင်း
စသောအကြောင်းတို့ ဖြစ်ပေါ်ခဲ့သော်  Moon ဂြိုဟ်နှင့် Jupiter ဂြိုဟ်
တို့သည် ̏ သမ္ဗန္န˝ ဖြစ်သည်ဟုခေါ်သည်။
ဟုက်ကဲ့ခင်ဗျား  ..  ကျွနု်ပ်ဒိုးကြီးသည် ̏ သမ္ဗာန်စာ˝ ၏  (etymology)
မူလဇစ်မြစ်သည် ပါဠိဘာသာမှာတိုက်ရိုက်လာသည်ဟု အခုလိုအထောက်
အထားများဖြင့် ပြဆိုသည်ကို ရိုးသားသော  စာပေသုတေသီတို့ က်ခံနိုင်
လိမ့်မည်ဟု ကျွန်ုပ်ထင်မြင်ယူဆပါသည်။
အဘယ့်ကြောင့်ဆိုသော်  .. ကျွန်ုပ်ကိုးကားသော References သည်။
စာပေသမိုင်းတွင် အထင်ကရဖြစ်သော ပိဋကတ်သုံးပုံတို့တွင်အပါအ
ဝင်ဖြစ်သော ခုဒ္ဒကနိကာယ ၊ ပေတကောပဒေသ ပါဠိတော်ကို
တိုက်ရိုက်ကိုးကားပြလိုက်ခြင်းဖြစ်ပါသည်။
တစ်ဖန် . .
ဗေဒဝိဇ္ဇာပညာရပ်တွင် ခိုင်မှာတည်တံ့သော နက္ခတ္တဗေဒကျမ်း၏ ဂြိုဟ်
တို့၏ ပရိယာယ်အခန်းမှ ̏ သမ္ဗန္န˝ ကိုကိုးကားခြင်းဖြစ်ပါသည်။
ထိုမျှလောက် နှစ်ပေါင်း ထောင်ချီနေပြီဖြစ်သောကျမ်းများကို ကိုးကား
ပြဆိုသော ကျွန်ုပ်ဒိုးကြီး၏ ̏ သမ္ဗာန်စာ ဝိနိစ္ဆယ˝ ကို မှားလည် လွဲသည်
ဟုဆိုသော် ကျွန်ုပ်ဖတ်ရှုသင်ကြားခဲ့ဖူးသော ထိုကျမ်းများကိုသာ မီးရှို့
ပစ်ဖွယ်ရာသာရှိတော့သည်။
နိဂုံးချုပ်ရခြေသော  . . ကျွန်ုပ်ဒိုးကြီးအား ပါဠိစာပေသင်ကြားပေးခဲ့သည့်
လက်ဦးဆရာ ဖခင်ကြီးဦးလှစံ၏ ဂုဏ်ကျေးဇူးတော်တို့အား ရည်ရော်
လိုက်ရပါသတည်း . . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...