Tuesday 25 August 2015

နှစ်ပေါင်း 5000 ခန့်ကတည်းကကမ္ဘာကိုထိမ်းသိမ်းစောင့်ရှောက်ခဲ့သူ



ရှု့စမ်းပါလော့ ချစ်မိတ်ဆွေ  .. ။ သစ်တစ်ပင်၏ အကျိုးကျေးဇူးတရားတို့သည်
ရေးဖွဲ့၍ မကုန်နိုင်လောက်အောင်ကို သတ္တလောကကြီးတစ်ခုလုံးအတွက်
အကျိုးများသည်မဟုတ်ပါလော။
လူကြီးသူမများက သစ်တစ်ပင်ကောင်းလျှင်ငှက်တစ်သောင်းနားရသည်ဟုဆို
သည်။ အခု ကျွန်ုပ်မှတ်တမ်းတင်ထားသော သစ်ပင်တွင်မူ ငှက်တစ်သောင်း
မက လူသားတို့၏ယန္တယားပစ္စည်းများကိုပင် ထိမ်းသိမ်းထားနိုင်သည်မဟုတ်
ပါလော။
ဒါ့ကြောင့်ထင်သည် ကျွန်ုပ်ဖတ်ဖူးသော ဝိနယပိဋကတ်တွင် ဗုဒ္ဓမြတ်စွာက ၏
တပည့်သားဘိက္ခုသံဃာတို့အား သစ်ပင်ကြီးကိုမျှမဆိုထားနှင့်ဦး သမန်းမြက်
လေးတစ်မျှင်မျှကိုသော်လည်း ဖျက်ဆီးသောဘိက္ခုအား  . .
(ပါဠိတော် . . . .)
 ̏ ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ˝
(ပါဠိနိဿယ. . .)
 ̏ ဘိက္ခု ၊ရဟန်းသည်။ ဘူတဂါမ ပါတဗျတာယ၊ကြီးပြီး ပွားပြီး̗ ကြီးဆဲ
ပွားဆဲဖြစ်သော မြက် သစ်ပင်အပေါင်းတို့အား အလိုအလျောက်ဖြတ်ခြင်း̗
ခွဲခြင်း အစရှိသည်ဖြင့် သုံးဆောင် ဖျက်ဆီးခြင်းကြောင့်။ ပါစိတ္တိယံ၊ ပါစိတ်
အာပါတ်သင့်၏ ။ ˝
(မြန်မာပြန် . . .. )
 ̏ ရဟန်းသည် ရှင်သန်နေဆဲ မြက်ပင်မှအစပြု၍ သစ်ပင်မှန်သမျှတို့အား
ဖျက်ဆီးခြင်းကြောင့် ပါစိတ် အာပတ်သင့်၏ ။ ˝
ဟုဆိုပါသည်။ ဘိက္ခုသည် သစ်ပင်အား ကိုယ်တိုင်မသတ်ကောင်းသကဲ့
သို့ အခြားသူများကိုလည်း သတ်ရန် မတိုက်တွန်းကောင်းဟုဆိုသည်။
ယုတ်စွအဆုံး ဘိက္ခုသည် သစ်ပင်၏ မဆိုစလောက်သောအရွက်ကလေး
တစ်ရွက်လုံးကိုမဆိုထားနှင့် ယင်းတစ်ရွက်၏ အစိတ်အပိုင်းကလေးတစ်ခု
ကိုပင် ̏ မဆိတ်˝ ရဟု ဗုဒ္ဓသည် ပညတ်ထားပါသည်။ ကဲ အရွက်တစ်ရွက်
ကိုသော်ပင် မဆိတ်ရဟုဆိုပါက ၊ အညွှန့်တစ်ခက်ကို ခူးဖို့ ခုတ်ဖို့ဆိုတာ
ဝေးလေစွပင်တည်း။
ဗုဒ္ဓသည် ထိုသို့ဖြင့်လောကသုံးပါးအားစောင့်ရှောက်တော်မူခဲ့ပါသည်။
ဗုဒ္ဓသည် လောကကို ဖန်ဆင်းသည်ဟူ၍ မဆို ၊ လောကသည် ကံ၊စိတ်၊ဥတု၊
အဟာရဟူသော နိယမတရားတို့မှ ခွဲထွက်လာခဲ့သော သတ္တလောက၊သြကာ
သလောက၊ သင်္ခါရလောကဟူ၍ ခွဲခြားစိတ်ဖြာ ဟောထားခဲ့ပေသည်။
ဗုဒ္ဓသည် လောကကို အယဉ်အကျေးအဖြစ် ရှု့မြင်သုံးသပ်ခဲ့သည် ဘယ်သော
အခါမှ အရိုင်းအစိုင်းဟူ၍ မဆို။ ယနေ့ခေတ်လိုပြောရလျှင် အာဏာရူးများ ခရို
နီများ စတဲ့ မိစ္ဆာဂိုဏ်းသားကြီးများကိုလည်းပဲ ဗုဒ္ဓသည် မဟာကရုဏာနှင့်ပင်
ဆေးကြောစေခဲ့သည်။
ဗုဒ္ဓက ကမ္ဘာလောကို ငြိမ်းချမ်းစေချင်သည်။ မာရ်နတ်ဂိုဏ်းသားများဖြစ်သော
အာဏာရူးများ ခရိုနီများက မီးလောင်တိုက်သွင်းခဲ့သည်။ ထို့ကြောင့်ကမ္ဘာ
သည် ပြန်မရနိုင်တော့သော ဆုံးရှုံးမှုဒါဏ်ရာများစွာရနေသည်။ ယင်း၏ဝေဒနာ
သည်ကား ကျွန်ုပ်တို့ခံစားနေရသော ဥတုဖေါက်ပြန်ခြင်းပင်ဖြစ်ပါသည်။
ဗုဒ္ဓသည် သစ်တစ်ပင်၏ ဂုဏ်ကျေးဇူးကိုသိတော်မူသည့်အလျှောက် သစ်တစ်
ပင်အား မခုတ်သတ်ရန် ဝိနယပိဋကတ်တွင်ပြဋ္ဌာန်းခဲ့သည်။ အာဏာရူးများနှင့်
ခရိုနီများသည် သစ်တစ်ပင်၏ဂုဏ်ကျေးဇူးကိုမျက်ကွယ်ပြုသည့်အလျှောက်
တရုတ်နိုင်ငံအားအများဆုံးရောင်းစားခဲ့သည်။ တရုတ်သစ်ခိုးဂိုဏ်းအားထောင်
ဒါဏ်(8)ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ထို့သို့ဖြင့် အာဏာရူးများနှင့်ခရိုနီတို့သည် ကမ္ဘာလောကအား ဖျက်ဆီးနေကြ
သည်။
သစ်တစ်ပင်၏ ဂုဏ်ကျေးဇူးကား ခင်ဗျားတို့နှင့်ကျွန်ုပ်တို့၏ အသက်ကိုပေး
စေသော သတ္တိပင်ဖြစ်သည်။ ယင်း သစ်ပင်တွေက ကာဘွန်ဒိုင်ကိုစုတ်ယူ
တဲ့အတွက်ကြောင့် အပူရှိန်ကိုထိမ်းညှိပေးတာဖြစ်တယ်သစ်တောတဧက
ဟာတရက်ကို CO2 တတန်လောက်စုတ်ယူနိုင်ပါတယ် ဟုဆိုသည်။
ထိုကာဗွန်ဒိုင်အောက်ဆိုဒ်သည် ကျွန်ုပ်တို့လူသားများ၏ အန္တရာယ်ဆိုးပင်ဖြစ်
သည်။ ယင်းအန္တရာယ်ကို သစ်ပင်များကသာဖြေရှင်းပေးနေကြသည်။
ယခုအခါတွင် မြန်မာပြည်၌ သစ်တောများကို ခရိုနီများတရုတ်ကြီးများမှ နည်း
စနစ်မျိုးစုံဖြင့် ခိုးနေကြသည်ကို စာဖတ်သူများသိပြီးဖြစ်ပါသည်။ ထို့ကြောင့်
မိမိတို့မြန်မာနိုင်ငံပြည်သူတွေရဲ့အသက်ကို ကယ်တင်နေသော သစ်ပင်ကြီး
များအား ခိုးခုတ်နေသောအကျိုးရလဒ်သည် နာဂစ်မှတိုင် အခုရေလွှမ်းမိုးသည့်
အထိလူတွေသေကြေပျက်ဆီးခဲ့ရသည်မဟုတ်ပါလော။
ဒီလိုအဖြစ်ဆိုးမျိုးကို မဖြစ်စေရန် လွန်ခဲ့သော နှစ်ပေါင်း5000ခန့်ကတည်းက
ဗုဒ္ဓမြတ်စွာသည် ကမ္ဘာကြီး၏သစ်တောကြီးအား ထိမ်းသိမ်းခဲ့ပါသည်။
သစ်တောများကို အဆမတန် ခုတ်ယူခြင်းသည် ထိုဒေသနှင့်ကမ္ဘာလေထုထဲ
တွင် CO2များပိုမိုများပြားလာ၍ ကမ္ဘာကြီးပိုမိုပူနွေးလာစေသည်။ ထိုသည်
ကား ရေခဲတောင်များ အရေပျှော်၍ ကမ္ဘာကြီး ရေလွမ်းမိုးမည့်ကိန်းပင်ဖြစ်
သည်။
လူသားနွယ်တို့၏ဂေဟာစံနစ်မပျောက်ကွယ်သွားအောင်လူသားများတွင်သာ
တာဝန်ရှိရာသင်သည်။ ယင်းကို လူသားဖြစ်သော ဗုဒ္ဓမြတ်စွာသည် သပ္ပံပညာ
ရပ်တို့ မထွန်းကားသေးမီ လွန်ခဲ့သော နှစ်ပေါင်းငါးထောင်လောက်ကတည်းက
သဗ္ဗညုတရွှေဉာဏ်တော်ကွန်ယက်မှသိတော်မူခဲ့သည်။ သိတော်မူသည့်အ
လျှောက် သူ၏ တပည့်သားသာဝကတို့အားသစ်ပင်ကိုမဆိုထားနှင့်သမန်းမြက်
ကိုမှ မဖျက်ဆီးရ ဟု မိန့်မှတ်ခဲ့သည်။
သိပ္ပံပညာရှင်တို့က အခုမှ သစ်တပင်၏ဂုဏ်ကျေးဇူးကိသိမိကြသည်။ သစ်
တစ်ပင်သည် ခင်ဗျားတို့ကျွန်ုပ်တို့လိုအပ်သော အောက်ဆီဂျင်ကို(1)နာရီလျှင်
(0.49)လီတာ ထုတ်ပေးပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အောက်ဆီဂျင် (12)
လီတာလောက်ထုတ်ပေးနေပါတယ်။
ခင်ဗျားတို့ ကျွန်ုပ်တို့ရဲ့ တစ်နေ့တာအောက်ဆီဂျင်လိုအပ်သောပမာဏဟာ
(631)လီတာဖြစ်ပါတယ်။ ဒါ့ကြောင့်ခင်ဗျားတို့ကျွန်ုပ်တို့အသက်ရှင်သန်နိုင်ဖို့
အတွက် သစ်ပင်(53)ပင်လိုအပ်နေပါတယ်။
ဒါကို တရုတ်အစိုးရကသိသည်။ သိသည့်အတွက် သူတို့တရုတ်နိုင်ငံတွင် သစ်
ပင်ခုတ်ခိုးလျှင် သေဒါဏ်အပြစ်ပေးသည်။ ယင်းတရုတ်အစိုးရသည် သူ့နိုင်ငံ
သားတို့၏ အကျိုးစီးပွားကိုသာကြည့်၍ မြန်မာနိုင်ငံပိုင်သစ်တောတွေကိုတော့
ခိုးခုတ်လျှင် အကာအကွယ်ပေးခဲ့သည်။ ဒါကလည်းပဲ တရုတ်အစိုးရရဲ့အမျှော်
အမြင်နည်းပါးမှုတစ်ခုပါ။ နိုင်ငံခြင်းစပ်နေသောကမ္ဘာသည် တစ်နေရာပျက်ပါ
ကအခြားနေရာသည်လည်း အကျိုးဆက်သည် ရပ်၍မနေပါ။ မြန်မာပြည်မှာ
သစ်တောတွေပြုန်းတီးနေပါက တရုတ်ပြည်မှာရှိသော သစ်တောများသည်
လည်း မည်မျှပင်ရှိနေစေကာမူ စပ်ယှက်နေသောကမ္ဘာဖြစ်သည့်အလျှောက်
တရုတ်ပြည်တွင်လည်း အနှေးနှင့်အမြန်ဆိုသလို ဆိုးကျိုးတွေဖြစ်ပေါ်စေမှာပါ။
ဒီလို အမျှော်အမြင်နည်းပါးမှုကြောင့် တရုတ်နှင့်မြန်မာပြည်မှာ အာဏာရူးများ
သည် ထင်သလို သစ်ပင်တွေကို ခုတ်နေကြခိုးနေကြသည်။
ယင်းသို့ အာဏရူးများ နဲ့ ခရိုနီကြီးများက ခိုးကြ ၊တရုတ်ကလည်း ဝင်ခိုးကြနေ
ကြခြင်းသည်  ခင်ဗျားတို့ ကျွန်ုပ်တို့ရဲ့ အသက်တွေ သူတို့ခိုးတာနဲ့ တူမနေပါ
ဘူးလား။
ထိုမျှလောက်တွေးတက်လျှင် ဗုဒ္ဓဝါဒသည် အတော်အတန်ခရီရောက်နေပြီ
ဖြစ်သည်။ ဗုဒ္ဓဝါဒသည် ဝိဇ္ဇာခေါ် အသိနှင့် ၊ စရဏခေါ်အကျင့်တို့ကို ညီမျှစွာ
ကျင့်သုံးဆောက်တည်ရသော ဝိဘဇ္ဇဝါဒဖြစ်ပါသည်။  သစ်တစ်ပင်ကိုထိမ်း
သိမ်းခြင်းသည် လူသားတစ်ယောက်ရဲ့ အသက်ကိုကယ်တင်ခြင်းပင်ဖြစ်သည်
ဟု ဝိဘဇ္ဇလုပ်နိုင်ရမည်။ ထိုသို့ခွဲခြားစိတ်ဖြာသိရှိပါက ကိုယ်တိုင်လည်းသစ်ပင်
တစ်ပင်အားမခုတ်သင့် ၊ သူများကိုလည်းမခုတ်ရန် အခုလို စာဖြင့်သော်လည်း
ကောင်း အသိတရားဝေငှခြင်းသည် ကမ္ဘာကိုစောင့်ရှောက်သော ဗုဒ္ဓဝါဒပင်မ
ဟုတ်ပါလော . . .
ဤဓမ္မအလင်းကုသိုလ်ကို ဖခင်ကြီးဦးလှစံနှင့် ၃၁ ဘုံသားများအားဝေငှပါ
သည်။
Reference
ဝိနယပိဋကတ်၊
ပါစိတ်ပါဠိတော် နိဿယသစ်၊
ဘူတာဂါမသိက္ခာပုဒ် ၊ နှာ ၊ ၃၂
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...